ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ်ကလူနေအိမ် ၅ လုံးမီးရှို့ပြီး ရွာသား ၁၅၀ ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဖောင်းပြင်မြို့နယ် မောက်ပလင်းအုပ်စု၊ ကွမ်းတောရွာမှ မတ် ၁၈ ရက် ညနေက စစ်ကောင်စီတပ်က လူနေအိမ် ၅ လုံးကိုမီးရှို့ကြတယ်လို့သိရတယ်။

ဒေသခံတစ်ဦးက “အိမ်တွေကို မေးပြီးမီးလိုက်ရှို့တယ်။ မီးငြိမ်းမဲ့သူမရှိရင်တော့ တစ်ရွာလုံးပြာဖြစ်သွားနိုင်ပါတယ်။ စစ်ခွေးက အင်အား ၆၀ လောက်ပါတယ်။ မီးရှို့တဲ့အကြောင်းရင်း ကျနော်ထင်တာကတော့ ရေအောက်တောင်းရဲကင်းစခန်းကို ဖောင်းပြင်ပြည်သူ့ကာကွယ်တပ်ကသိမ်းခဲ့တုန်းကစ္စနဲ့ကွမ်းတောရွာကို ပူးပေါင်းပါဝင်တယ်လို့ မှတ်ချက်ချထားတယ်လို့ အသံတွေထွက်တာကြာပြီ” လို့ပြောပါတယ်။

ဒါကြောင့် ကွမ်းတောရွာသား ၅၀ ဟာ ကရားရွာဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ တောဖျားရွာက အသိမိတ်ဆွေအိမ်တွေမှာ လူ ၁၀၀ ကျော် တိမ်းရှောင်ကြပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့အိမ်တွေကတော့ ကိုမင်းမင်း၊ ကိုအောင်ပေါ၊ ကိုနိုင်မျိုး၊ ကိုဖိုးလုံး၊ ကိုခင်မောင်ဝင်း တို့အိမ်ဖြစ်ပါတယ်။

Zawgyi

ေဖာင္းျပင္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ကလူေနအိမ္ ၅ လုံးမီးရႈိ႕ၿပီး ႐ြာသား ၁၅၀ ထြက္ေျပးတိမ္းေရွာင္

စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ေဖာင္းျပင္ၿမိဳ႕နယ္ ေမာက္ပလင္းအုပ္စု၊ ကြမ္းေတာ႐ြာမွ မတ္ ၁၈ ရက္ ညေနက စစ္ေကာင္စီတပ္က လူေနအိမ္ ၅ လုံးကိုမီးရႈိ႕ၾကတယ္လို႔သိရတယ္။

ေဒသခံတစ္ဦးက “အိမ္ေတြကို ေမးၿပီးမီးလိုက္ရႈိ႕တယ္။ မီးၿငိမ္းမဲ့သူမရွိရင္ေတာ့ တစ္႐ြာလုံးျပာျဖစ္သြားႏိုင္ပါတယ္။ စစ္ေခြးက အင္အား ၆၀ ေလာက္ပါတယ္။ မီးရႈိ႕တဲ့အေၾကာင္းရင္း က်ေနာ္ထင္တာကေတာ့ ေရေအာက္ေတာင္းရဲကင္းစခန္းကို ေဖာင္းျပင္ျပည္သူ႔ကာကြယ္တပ္ကသိမ္းခဲ့တုန္းကစၥနဲ႔ကြမ္းေတာ႐ြာကို ပူးေပါင္းပါဝင္တယ္လို႔ မွတ္ခ်က္ခ်ထားတယ္လို႔ အသံေတြထြက္တာၾကာၿပီ” လို႔ေျပာပါတယ္။

ဒါေၾကာင့္ ကြမ္းေတာရြာသား ၅၀ ဟာ ကရားရြာဘုန္းေတာ္ၾကီးေက်ာင္းသို႔လည္းေကာင္း၊ ေတာဖ်ားရြာက အသိမိတ္ေဆြအိမ္ေတြမွာ လူ ၁၀၀ ေက်ာ္ တိမ္းေရွာင္ၾကပါတယ္။

မီးရိႈ႕ဖ်က္ဆီးခံရတဲ့အိမ္ေတြကေတာ့ ကိုမင္းမင္း၊ ကိုေအာင္ေပါ၊ ကိုႏိုင္မ်ဳိး၊ ကိုဖိုးလံုး၊ ကိုခင္ေမာင္ဝင္း တို႔အိမ္ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်