ဘယ်ဘက် ရပ်တည်ကြမလဲ စဉ်းစားချိန်တန်ပြီ သူဌေးသူကြွယ်တို့

ဝဿာန်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံ စီးပွားရေးကျဆင်းမှုကြောင့် သူဌေးတွေ ဘာမှ မလုပ်ပဲ အခြေအနေစောင့်ကြည့်နေကြတယ် လို့ ကြားရတယ်။

တချို့ကတော့ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ ပေါင်းပြီး ‌ရနိုင်သမျ ရှာဖွေနေကြတာလည်း ကြားသိရတယ်။
ကိုယ်တွေက ကြားနေပါ ဆိုပြီး အေးဆေး စီးပွားရေးပဲ လုပ်မယ် ‌ဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေလည်း စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအလွဲတွေ၊ထုတ်ပြန်မှုအလွဲတွေကြောင့် ကုန်သွယ်မှုတွေ မလုပ်နိုင်၊ငွေကြေးတွေ ဆုံးရှုံးရတာလည်း တွေ့ရတယ်။

သို့သော်လည်း ခေတ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေကြားထဲမှာ ရသလောက် အမြတ်ထုက်နေကြတာ ရှိသလို စစ်ကောင်စီကို ထထကစ်တဲ့ လုပ်ငန်းရှင်တွေလည်း ရှိသေးတာ တွေ့ရပြန်တယ်။

မည်သို့ဆိုစေ ဒီနိုင်ငံမှာ စီးပွားရေးတွေ လည်ပတ်မရတော့ပဲ အများစုက စောင့်ကြည့်နေရတဲ့ သဘောရှိလာတာ တွေ့ရပြီး သူဌေးသူကြွယ် သားသမီးအများစုကတော့ ပြည်ပ ရောက်ကုန်တာ မြင်ရတယ်။
မြန်မာပြည်မှာ ခံစရာ ရှိရင် သန်း(၅၀)လောက်ရှိမယ့် အောက်ခြေ အခြေခံလူတန်းစား မြန်မာပြည်သူတွေပဲ ခါးစည်းခံကြရပြီး လက်တစုပ်စာ ချမ်းသာကြွယ်ဝသူတွေကတော့ အေးဆေး နေထိုင်လို့ကောင်းတာ တွေ့ရပြန်တယ်။

ပြည်သူဘက်ကလည်း မရပ်တည် ကူစရာ ရှိတာ မကူညီကြတဲ့ သူဌေးသူကြွယ် အုပ်စုတွေကတော့ ခေတ်ပျက်သည့်တိုင် တသက်လုံး အမြတ်ထုက်လာတဲ့ အကျိုးစီးပွားဝင်‌ငွေတွေအရ ထိုင်စားမကုန် ဖြစ်နေတော့ “ဘယ်ဘက်က နိုင်နိုင် ငါတို့ ကြက်ဖ” လို့ ယူဆကြပုံပဲ။

ပြည်သူဘက်က ရပ်တည်ပြီး ကူညီနေကြတဲ့ စီးပွားရေးသမားတွေ၊လုပ်ငန်းရှင်တွေ ရှိပေမယ့် ချမ်းသာသူဟာ လူဦးရေသန်းချီရှိမယ့် ဒီနိုင်ငံမှာ လက်တစုပ်စာ အရေအတွက်ပဲ ရှိပါတယ်။

အဲထဲကနေတောင် အများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဘဝကို ရောက်နေကြတာ များတယ်။ အဆိုးဆုံးက လက်ရှိ ကျဆင်းနေတဲ့ နိုင်ငံ၊စီးပွားရေးအခြေအနေတွေမှာ မတရားအာဏာသိမ်းပြီး ပြည်သူကို ဒုက္ခပေးတဲ့ စစ်ကောင်စီ နဲ့ တန်းတူ ပြည်သူ့အစိုးရကို လေကန် အပြစ်တင်နေကြတဲ့ သူဌေးသူကြွယ်အုပ်စုတွေလည်း မြင်ရတာ စိတ်ပျက်စရာပဲ။

အကောင်းဆုံး အစားအစာ၊ နေစရာအိမ်၊ တသက်စားမကုန်တဲ့ ဝင်ငွေတွေနဲ့ ထိုင်ကြည့်နေကြတဲ့ သူဌေးသူကြွယ်တွေ အခုရက်ပိုင်းအတွင်း ထိတ်လန့်စရာ သတင်းထွက်ပေါ်လာခဲ့တယ်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်းအသင်းက ဒုတိယဉက္ကဌလည်း ဖြစ် ကျောက်စိမ်းလောကမှာ နာမည်ကြီးတဲ့ သူဌေးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ပိုင်ဆိုင်သမျကို သိမ်းလိုက်တာပဲ။ ဒီသတင်းဟာ အေးဆေး နားအေး လေကန်နေကြတဲ့ သူဌေးသူကြွယ်အုပ်စုအတွက် ကြောက်စရာ ဖြစ်ရပ် လို့ ဆိုနိုင်တယ်။

စစ်ကောင်စီကတော့ အာဏာရှင်တွေမို့ ဥပဒေတွေ မဥပဒေတွေ လိုက်နာစရာမလိုပဲ ကြိုက်သလို လုပ်တဲ့ ပုံစံမို့ အပျော့ဆွဲပြီး ဇိမ်ယူနေကြတဲ့ မြန်မာပြည်က သူဌေးအုပ်စုတွေ လန့်စရာ ဖြစ်လာတယ်။

ယင်းမတိုင်ခင်ကလည်း စက်သုံးဆီဆိုင်ပိုင်ရှင် ၊ခရိုနီသူဌေးနှစ်ဦး၊ သုံးဦးလောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီ။

အဲတုန်းကတော့ သူဌေးတွေ “CRPH,NUG,PDF တွေကို မကူညီနဲ့ ထောက်ပံရင် အဖမ်းခံရမယ်” ဆိုတာမျိုး ပြသတာ လို့ ယူဆစရာ ရှိတယ်။

လက်ရှိ ကျောက်စိမ်းလုပ်ငန်းရှင်သူဌေးကလည်း ငွေကြေးထောက်ပံမှု ရှိလို့ ဖမ်းတာမျိုးထက် တမင်တကာကို ‌သူ ပိုင်တဲ့ ငွေကြေးတွေကို သိမ်းချင်လို့ ဖမ်းတာ လို့ ယူဆလို့ရတယ်။

ကြားသိရသလောက် ကျောက်စိမ်းသူဌေးဟာ နိုင်ငံအတွက် အလုပ်လုပ်ပေးချင်သူဖြစ်ပြီး အောက်ခြေလူတန်းစားတွေကို ကူညီမစပေးနေတဲ့အပြင် စေတနာထက်သန်တဲ့ သူလို့ ဆိုကြတယ်။

20160507_LDD002_0

ဖားကန့်ဒေသလို နေရာမျိုးမှာ အလုပ်လုပ်တဲ့ ကျောက်စိမ်း စီးပွားရေးသမားတိုင်းဟာ စစ်တပ်အနွယ်ပဲ ဖြစ်ဖြစ် လက်နက်ကိုင်အုပ်စုတွေရဲ့ လက်အောက်ခံပဲ ဖြစ်ဖြစ်၊သီးသန့်လုပ်ငန်းရှင်တွေပဲ ဖြစ်ဖြစ် စစ်တပ်ကော ၊‌ဖားကန့်နယ်မြေထဲက မည်သည့်လက်နက်ကိုင်နဲ့မဆို ပတ်သက်ဖူးကြသူတွေချည်းပါပဲ။ဒီအထဲကမှ သူတစ်ဦးကိုသာ ထောက်ပံ့ကူညီတယ် ဆိုတဲ့ စွက်စွဲချက်နဲ့ ဖမ်းဆီးလိုက်တာ ဖြစ်တယ်။

ဒီအချက်ကပဲ သူဌေးသူကြွယ်တွေကြားမှာ သွေးလန့်နေကြတဲ့ သဘောရှိလာတယ်။ အမှန်ဆို မြန်မာပြည်ရဲ့ အာဏာရှင်ဆန့်ကျင့်ရေးမှာ သူဌေးသူကြွယ်တွေသာ ပါကြရင် ဒီလောက် မကြာရှည်ဘူး။ စစ်ကောင်စီအုပ်စုဟာ ကနဦး အာဏာသိမ်းစဉ်ကာလတုန်းက အရာရာ ကြောက်ရွံဟန်ရှိပေမယ့် တစ်နှစ်ခွဲကျော် ကြာလာပြီး ပြည်သူကို နှိပ်စက်သတ်ဖြတ်ချင်တိုင်း လုပ်လာရတဲ့အခါ “တစ်တပ်စားလည်း ကြက်သွန်၊နှစ်တပ် စားလည်း ကြက်သွန်” ဆိုပြီး မထူးဇက်ခင်းပြီး ပိုမောက်မာလာတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။

မထူး‌ဇက်ခင်းလာရင်းကနေ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး လူတွေရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းလိုက်ရင်တောင် ငါတို့က နိုင်ငံအတွက် အလုပ်လုပ်တာမို့ ပေးရမယ် ဆိုတဲ့ အာသီသမျိုး ဖြစ်လာကြပုံရတယ်။ သူတို့ကိုယ်တိုင်ကသာ အမှန်တရားလို့ အထင်ရောက်လာကြပြီး ထင်ရာမြင်ရာ ရမ်းသမ်းလုပ်လာကြတာ တွေ့ရတယ်။ ဒါကိုပဲ သူဌေးသူကြွယ်တွေ ပိုကြောက်လာကြဟန်တူပါတယ်။

ကြားဖူးတာက စီးပွားရေးသမားတွေဟာ အာဏာရှင်ခေတ် ဖြစ်လည်း အေးဆေး၊ဒီမီုကရေစီခေတ်ဖြစ်လည်း အေးဆေး ၊အဓိကက သူတို့ ရှင်သန်ပြီး ငွေရှာတဲ့ ကိုယ့်ကျိုးပဲ ကြည့်ကြလေ့ရှိတယ် လို့ ဆိုတယ်။ ဆိုတော့ ဘယ်ခေတ်ရောက်ရောက်၊တိုင်းပြည်ပျက်လည်း ဂရုမစိုက်ဘူး။ အေးဆေး ငွေရှာပြီး လောဘပိုးတက်နိုင်ရင် ရပြီ ဆိုတာမျိုး။

ဒီလို အုပ်စုတွေ ကြောက်ကြတာဟာ သူတို့ပိုင်ဆိုင်မှုတွေ အသိမ်းခံရမှာ ကြောက်ကြတာပဲ။ လက်ရှိ စစ်ကောင်စီ အုပ်စုဟာ သူဌေးတွေဆီက လက်ဖြန့်တောင်းနေတာမျိုးမဟုက်ပဲ အတင်းအဓမ္မသိမ်းယူနေတာမျိုး ဖြစ်လာနေပြီ။ ကြောက်လို့ စစ်အုပ်စုကို အပူးကပ်ရင်လည်း သိမ်းချင် သိမ်းနိုင်တဲ့ အခြေအနေမှာ ရှိနေတာပဲ။

စစ်အုပ်စုဟာ သူတို့ ရပ်တည်ရေးအတွက်ဆို ဘာမှ မစဉ်းစားပဲ ရနိုင်တာ အကုန်သိမ်းယူမှာပဲ။ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားအုပ်စုက အရှိန်အဟုန်ကြီးထွားလာတာ တွေ့ရတယ်။ လုပ်ပိုင်ခွင့်တွေရပြီး လုပ်ချင်တာ အကုန် ပတ်လုပ်ခွင့်ရနေတဲ့အပြင် မြန်မာပြည်က အကြီးဆုံးဘဏ်ကို ပိုင်တဲ့ သူဌေးကြီးကိုလည်း တွေ့မြင်ရသေးတယ်။

ဆိုတော့ သူဌေးသူကြွယ်တွေ အခုချိန်ကျမှ ထအနားကပ်ကြရင် စစ်အုပ်စုက ပိုလို့တောင် အကြိုက်တွေ့အုန်းမှာပါ။ ပိုင်ဆိုင်သမျှ အကုန် မသိမ်းရင်တောင် ရှိတာ အကုန်ယူကြမယ့် သဘောကို ပြနေတာ နိုင်ငံခြားငွေကြေးတွေကို မတန်တဆဈေးနဲ့ ဖြတ်ပြီး သူတို့ အပိုင်သိမ်းတာက စတာပဲ။

ပြည်သူပိုင်၊သူဌေးသူကြွယ်ပိုင် နိုင်ငံခြားငွေကြေးတွေကို သူတို့ သတ်မှတ်တဲ့ ဈေးနဲ့ ဖြတ်ပြီး ရသမျ ငွေကို လက်နက်နဲ့ သူတို့အကျိုးစီးပွားတွက် အသုံးချနေတာ ကြည့်ရင် မကြာမှီ သူဌေးသူကြွယ်တွေဆီက ပိုင်ဆိုင်မှုတွေ ဆက်သိမ်းဖို့ ပြင်နေတယ် ဆိုတာ သိသာလာနေတယ်။

ဒါကို စစ်ကောင်စီက ပြည်သူပိုင်သိမ်းတယ် လို့ မကြေညာပါဘူး။ပြည်သူပိုင်းသိမ်းတယ် ဆိုပြီး ၁၉၈၈ ဝန်းကျင်တုန်းက လုပ်ရပ်ဟာ အခုထိ သမိုင်းဆိုးတွင်နေတာမို့ စစ်အုပ်စု ငွေကြေးချမ်းသာတဲ့ စီးပွားရေး၊သူဌေးသူကြွယ်တွေဆီက ပိုင်ဆိုင်မှုတွေ သိမ်းချင်ရင် NUG အစိုးရကို ထောက်ပံ့နေတယ် ဆိုတဲ့ စွက်စွဲချက်နဲ့ သိမ်းယူရုံပါပဲ။
ဒီနည်းနဲ့ သူဌေးတွေဆီက ဆက်သိမ်းမယ်ဆိုတာ ခန့်မှန်းလို့ ရနေပြီး လှူဖို့ နေနေသာသာ ရပ်တည်မှုတောင် မပြရဲကြတဲ့ သူဌေးသူကြွယ်တွေလည်း အသိမ်းခံရလာနိုင်ပါတယ်။

ဒီကိစ္စဟာ အနှေးနဲ့ အမြန် ဖြစ်ပေါ်လာမှာမို့ လက်ရှိ သူဌေးလောကမှာ ကြောက်လန့်တကြားဖြစ်လာနေကြတာ မဆန်းပါဘူး။

အမှန်တရားဘက်က၊ပြည်သူလူထုဘက်က မရပ်တည်ပဲ တစ်နှစ်ခွဲကျော်ကြာ နေသာသလို နေကြတဲ့ သူဌေးသူကြွယ်တွေဟာ မကြာမှီ အမှောင်ဖုံးကာလကို ရောက်ရှိလာကြမှာပါ။ ဒီလို မတရားသဖြင့် ပြုကျင့်ခံရတာကို တားဆီးနိုင်ဖို့က ပြည်သူ့အစိုးရဘက်ကနေ ရပ်တည်ပြီး လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ စစ်အုပ်စုကို ဆန့်ကျင်ဖို့ပဲ ဖြစ်တယ်။

ဒီအချိန်မှာ စစ်အုပ်စုကို သွားကပ်ဖို့ ပြင်နေကြတဲ့ သူဌေးအုပ်စု‌တွေလည်း ရှိပါတယ်။မြန်မာပြည်က သူဌေးအများစုသည် စစ်တပ်နဲ့ မကင်းလှတဲ့ သူတွေ ဖြစ်ပြီး အကျိုးစီးပွားအရ ပတ်သက်ကာ နိုင်ငံဆီက အကျိုးအမြတ်တွေကို ဂုက်သွေးစုပ်ကြသူတွေ များပါတယ်။

ဒီလိုလူတွေကို သတိပေးချင်တာက စစ်ကောင်စီအုပ်စုနဲ့ ပူးပေါင်းခြင်းဟာ သာ၍ ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိသွားမယ် ဆိုတာပဲ။ စစ်အုပ်စုဟာ သူတို့ဆီ သူဌေးသူကြွယ်‌တွေ လာပေါင်းလေလေ သူတို့ အမြတ်ထုက်ရလွယ်ကူလေလေပါပဲ။

ဒါအပြင် ပြည်သူတွေဘက်ကနေလည်း ဆန့်ကျင်တိုက်ခိုက်တာ ကြုံလာရမယ့်အပြင် ပြည်သူအစိုးရရဲ့ အမည်ပျက်စာရင်းသွင်းခြင်းကို ကြုံရအုန်းမှာပါ။

တချို့က ဆိုတယ်။ “လက်ရှိအချိန်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းတာ အန္တရာယ်ကင်းတယ်။ ပြည်သူအစိုးရခေတ် ပြန်ရောက်ရင်လည်း စစ်အုပ်စုလောက် ရက်စက်မှာ မဟုက်တဲ့အတွက် သာသာယာယာပါပဲ” လို့ တွေးနေကြသူတွေ အများအပြားရှိနေတယ်။

ဒီလို‌လူတွေကို ထိထိရောက်ရောက် အပြစ်ပေးမယ့်အကြောင်း NUG အစိုးရက တရားဝင်ထုတ်ပြန်ဖို့ လိုပါတယ်။
ဒီသူဌေးသူကြွယ်တွေဟာ ၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက် ပြည်သူတွေကို မတရားအနိုင်ကျင့်၊သတ်ဖြတ်နေတဲ့ စစ်ကောင်စီအုပ်စုနဲ့ အလိုတူ အလိုပါတွေ ဖြစ်နေတာ သိရှိဖို့လိုနေတယ်။သူတို့ ပေးတဲ့ ငွေကြေးတွေနဲ့ စစ်ကောင်စီဟာ ပြည်သူကို အနိုင်ကျင့်သတ်ဖြတ်နေကြတာပါ။

သူတို့ရှာပေးတဲ့ ငွေကြေးတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့ လက်နက်တွေ ဝယ်နေတာပါ။ ထိုအတူ စစ်ကောင်စီအလိုကျ အသုံးခံနေကြတဲ့ သူတစ်ဦးစီတိုင်းဟာ ဒီနိုင်ငံကျဆုံးမှု၊ပြည်သူတွေရဲ့ အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးမှု၊နိုင်ငံ လူငယ်တွေရဲ့ အနာဂါတ်တွေအားလုံးကို ဖျက်ဆီးကြသူတွေပါပဲ။

ဓမ္မဘက် မရပ်တည်ပဲ အဓမ္မဘက်က ရပ်တည်ကြပြီး ရှုံးခဲ့ရင်တောင် ဓမ္မဘက်တော်သားတွေက ငါတို့ကို ဘာမှမလုပ်ပါဘူး ဆိုတဲ့ အယူအဆတွေနဲ့ စစ်ကောင်စီကို ပျော်ပျော်ကြီးအလုပ်အကျွေးပြုနေကြတာ ရှိနေတာ ထိတ်လန့်စရာပါ။

လက်ရှိမှာလည်း သူဌေးသူကြွယ်တွေ ဒီနည်းလမ်းကို စဉ်းစားနေကြတာ တွေ့ရတယ်။NUG အစိုးရအနေနဲ့ ပါဝင်ပါက်သက်နေသူတွေအားလုံးကို ထိုက်သင့်တဲ့ ပြစ်ဒါဏ်ခံရမယ်ဆိုတာ အသိပေးဖို့ လိုနေပါတယ်။
ယခုရက်ပိုင်း ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးအဖမ်းခံရ၊ပိုင်ဆိုင်မှုတွေ အသိမ်းခံရတော့ သူဌေးတွေ မျက်ခုံးလှုပ်နေကြတယ်။ ဒါကို စစ်ကောင်စီက အသုံးချပြီး ဆက်သိမ်းယူအုန်းမှာပါ။

ဆိုတော့ “နေမထူးတဲ့ အဖြည့်ခံ၊အမုန်းခံဘဝကို သွားကြမလား”၊”ပြည်သူဘက်ကနေ ရပ်တည်ပြီး NUG အစိုးရကို ထောက်ပံကူညီကြမလား” ဆိုတာ မြန်မာပြည်က ငွေကြေးချမ်းသာသူတွေ စဉ်းစားရမယ့် အချိန်ရောက်လာပြီ ဆိုတာ အသိပေးပါရစေ။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်