မကွေးတိုင်း ချင်းရွာအချို့တွင် အကြမ်းဖက်စစ်တပ်က အိမ်တွေဖြိုဖျက်ပြီး ရွာသားတွေတောထဲထွက်ပြေးနေရ

မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ် ၊ ပတ်လည်ကြီး အုပ်စု ပျဉ်းချောင်းကျေးရွာ၊ စည်သာကြီးကျေးရွာနဲ့ ပတ်လည်ကြီး ကျေးရွာတို့တွင် ဧပြီလ (၉)ရက်ကနေ (၁၂)ရက်ထိ နှစ်ကြိမ်တိုင်တိုင် ရွာထဲသို့ အကြမ်းဖက်စစ်တပ်တွေဝင်လာပြီး ၁၀ အိမ်ကျော်ဖျက်စီးခံရတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

စည်သာကြီးရွာသားတစ်ဦးက အခင်းဖြစ်ပွားပုံကို အခုလိုပြောပါတယ်။

ရွာသားတွေဟာ တောင်တွင်းကြီးမြို့သို့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ပွဲပါဝင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးမျိုးဖြိုခွင်းတာကြောင့် ရွာသားတွေက ၎င်းတို့ရွာထဲမှ ဆက်လက်ဆန္ဒဖော်ထုတ်ကြပါတယ်။ ယင်းကဲ့သို့ ရွာထဲမှာဆန္ဒပြခြင်းကို ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေက ၎င်းတို့ကိုခနဲ့တာလို့ယူဆတဲ့တွက်ကြောင့် စစ်ကောင်စီအဖွဲ့ထံတိုင်တန်းပြီး ဧပြီ (၉)ရက်နေ့လည်း ပိုင်တွင် စစ်ကား (၅)စီးနဲ့ ရွာထဲသို့ရောက်လာပြီး စည်သာကြီးကျေးရွာက ၅ အိမ် ဦးအောင်သောင်း၊ ဦးမောင်သန်း၊ ဦးမင်းအောင်၊ ဦးသောင်းညွှန့်၊ ဦးကျော်ဌေးလှိုင် တို့အိမ်နဲ့ ပျဉ်းချောင်းကြီးကျေးရွာက ၅ အိမ် အုပ်မှူးဟောင်း ဦးသန်းဇော်၊ ဦးအောင်သန်းရွှေ၊ ဦးဇော်ထွန်း၊ ဦးစိန်ကျော်၊ ဦးကျော်ဝင်းနိုင် တို့အိမ်ကိုပျက်စီးကြပါတယ်။ ယင်းနေ့ ညနေပိုင်းတွင် အိမ်ပျက်စီးခံရတဲ့သူတွေက သွားရောက်တိုင်တန်းတဲ့သူ ပျဉ်းချောင်းကြီးရွာက ၁၀ အိမ်၊ စည်သာကြီးရွာက ၅ အိမ် ကိုပြန်လည်ပျက်စီးခဲ့ပါတယ်။

ဒါကြောင့် ဧပြီလ (၁၂)ရက်တွင် စစ်ကား ၈ စီးနဲ့ ထပ်မံဝင်ရောက်လာပြီး အိမ်တွေကို ထပ်မံပျက်စီးကာ ၃ အိမ်လောက် မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။

ပတ်လည်ကြီး ရွာတွင်လည်း ရွာလယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း နဲ့ ရွာလည် နေအိမ်တစ်ခုမှာ တပ်ချ အိပ်ကျပါတယ်။ ရွာလယ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို သော့များဖတ်ရျ် ဝင်ပြီး ဘုရားကျောင်းရဲ့ စက်ပစ္စည်းများ ယူသုံးကာ လော်စပီကာ ဖြင့် ရွာသူ/ရွာသား အပေါင်းတို့ ည ၈ နာရီမှ မနက် ၆ နာရီအတွင်း မိမိနေအိမ်မှ ပြင်ပမသွားကြရန် ၊ မိမိနေအိမ်မှာသာ နေထိုင်ကြရန် နဲ့ ယခု ကျေးရွာသူ/သားတွေ ရွာထဲမရှိကြဘူး၊ အပြင်ထွက်ပြေးရှောင်နေသော သူများ မနက် ၆ နာရီအတွင်း မိမိနေအိမ်များဆီ ပြန်လာကြပါရန် ၊ ပြန်မလာကြပါက တောခိုနေကြလျှင် ဖမ်းဝရမ်း ထုတ် အရေးယူခြင်းခံရပါမယ်လို့ကြေညာပါတယ်။

စည်သာကြီးရွာမှ တောထဲသို့ထွက်ပြေးနေတဲ့ အမျိုးသားတစ်ဦးက “ခုထိ ရွာထဲမှာ စစ်သားတွေရှိနေတုန်းပဲ။ ရွာထဲမှာ ပြန်ဝင်တဲ့သူလည်းရှိတယ်။ မိန်းမသားတွေနဲ့ တခြားလူတွေပေါ့နော်။ ကျနော်တို့ ရဲဘော်တွေကတော့ ပုန်းနေတုန်းပဲ။ ကျနော်တို့ ကျွေးနွားတွေကလည်း ဒီတိုင်းအိမ်ထဲမှာ ထားခဲ့တာ။ ကျနော်တို့ရွာ ဦးကျော်ဌေးလှိုင်ရဲ့ ဇနီးက အရံသားဖွားသင်တန်းတက်ဖူးတော့ သူတို့အိမ်နောက်နားက အမျိုးသမီးမီးမဖွားနိုင်လို့သေသွားတယ်။ အဲ့ဒါကို အရံသားဖွားဒေါ်နွေနီကြောင့်လို့ဆိုပြီး နှစ်ကျပ်ခွဲရွာဆိုတဲ့ အရှိုချင်းရွာမှာ ဖမ်းဖို့သွားရှာကြတယ်။ ဒေါ်နွေနီကလည်း အရှိုချင်းဆိုတော့” လို့ပြောပါတယ်။

ပတ်လည်ကြီးအုပ်စုဟာ တောင်တွင်းကြီးမြို့ကနေ ၃၁ မိုင်လောက်ကွာဝေးပြီး နေပြည်တော်နဲ့လည်း နီးပါတယ်။ စည်သာကြီးရွာတွင်အိမ်ခြေ ၁၃၅ လုံး၊ ပျဉ်းချောင်းကြီးရွာတွင် အိမ်ခြေ ၆၀၀ ကျော်၊ ပတ်လည်ကြီးရွာတွင် အိမ်ခြေ ၁၄၇ အိမ်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းလူမျိုး အချင်းချင်း ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

၂၄၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပူချွန်းမှာ ချင်းလူမျိုး အချင်းချင်း ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ချိုးလူမျိုးစုအသင်း (မလေးရှား) ဆီက သိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီ ၂၂ ရက် ...

ဆက်ဖတ်ရန်