မင်းတပ်မြို့တွင် နဂိုမူလအတိုင်း ချင်းနဲ့မကွေးနယ်နမိတ် ပြန်လည်သတ်မှတ်ဖို့ ဆန္ဒဖော်ထုတ်

မင်းတပ်မြို့နယ် ရွှေအောင်သာကျေးရွာကို မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်သို့ပြောင်းလဲသတ်မှတ်ခြင်းကြောင့် နဂိုမူလအတိုင်းပြန်လည်သတ်မှတ်ဖို့ ဒီမနက် မင်းတပ်မြို့တွင် ဆန္ဒဖော်ထုတ်ပြီးတောင်းဆိုကြပါတယ်။

ရွှေအောင်သာကျေးရွာဟာ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက် နေ့စွဲဖြင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းတည်ရှိတယ်လို့ တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများစာအုပ်တွင်ဖော်ပြထားပါတယ်။

ရွှေအောင်သာကျေးရွာဟာ အိမ်ခြေ ၂၃ အိမ်ရှိပြီး ၂၀၁၀၊ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မင်းတပ်မြို့နယ် မဲစာရင်းတွင်ပါဝင်ကြပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်မူ ဆောမြို့နယ်မဲစာရင်းတွင် ထည့်သွင်းကြပါတယ်။

အခုလို ဆန္ဒဖော်ထုတ်ရခြင်းနဲ့ပတ်သက်ပြီး ဦးဆောင်သူ ဦးဂေကီးက “ရွှေအောင်သာရွာသား ၁၉ ဦးကို ဆောမြို့နယ် သစ်တော်ဦးစီးဌာနက သစ်တောနယ်ကိုကျူးကျော်တယ်ဆိုပြီး ၇ လပိုင်းကတည်းက တရားဆွဲဆိုတာထားတယ်။ တရားသူကြီးကနေ အိမ်မဖျက်လို့ရှိရင် အရေးယူရမယ်ဆိုပြီးပြောတယ်။ ခု တစ်အိမ်တော့ဖျက်လိုက်ပြီ။ ကျနော်တို့ ဆန္ဒဖော်ထုတ်ရတဲ့အကြောင်းရင်းက အချက် (၄)ချက်ရှိတယ်” လို့ပြောပါတယ်။

ဆန္ဒဖော်ထုတ်ရမယ့်အကြောင်းရင်း အချက် (၄)ချက်မှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်း ထီးလင်းမြို့နယ် နဲ့ဆောမြို့နယ်ကြားနယ်နမိတ်များကို နဂိုမူလအတိုင်းပြန်လည်သတ်မှတ်ပေးရန်၊ မင်းတပ်မြို့နယ် လှေ့ချမ်းအုပ်စုအတွင်းတည်ရှိတဲ့ ရွှေအောင်သာကျေးရွာအား ထီးလင်းမြို့နယ်တွင် ထည့်သွင်းခြင်းလုံးဝမပြုလုပ်ရန်၊ မကွေးတိုင်းဘက်မှ နယ်နိမိတ်ကျူးကျော်မှုများနဲ့ ရွှေအောင်သာရှိ အပြစ်မဲပြည်သူများအား တရားစွဲဆိုခြင်းချက်ခြင်းရပ်၊ ရွှေအောင်သာ ချင်းပြည်သူလူထုရဲ့ နေအိမ်များဖျက်ဆီးရန်အမိန့်ပေးညွှန်ကြားခြင်းများ၊ ရပ်ရန်နှင့် ချင်းပြည်သူလူထူရဲ့ အသက်အိုးအိမ်ကို နိုင်ငံတော်အစိုးရမှ အပြည့်အဝ အကာအကွယ်ပေးရန် စသည်တို့ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို မနက် (၁၀)နာရီကနေ ညနေ (၄)နာရီထိ ကြာမြင့်မှာဖြစ်ပြီး ဦးဝမ္မသူးမောင်းပန်းခြံရှေ့တွင်စုရပ်သတ်မှတ် ဒေသခံပြည်သူ ၃၀ ခန့်က ကိုဗစ်စည်းကမ်းနဲ့အညီ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ကြပါတယ်။

(Zawgyi)

မင္းတပ္ၿမိဳ႕တြင္ နဂိုမူလအတိုင္း ခ်င္းနဲ႔မေကြးနယ္နမိတ္ ျပန္လည္သတ္မွတ္ဖို႔ ဆႏၵေဖာ္ထုတ္

မင္းတပ္ၿမိဳ႕နယ္ ေ႐ႊေအာင္သာေက်း႐ြာကို မေကြးတိုင္းေဒသႀကီး ထီးလင္းၿမိဳ႕နယ္သို႔ေျပာင္းလဲသတ္မွတ္ျခင္းေၾကာင့္ နဂိုမူလအတိုင္းျပန္လည္သတ္မွတ္ဖို႔ ဒီမနက္ မင္းတပ္ၿမိဳ႕တြင္ ဆႏၵေဖာ္ထုတ္ၿပီးေတာင္းဆိုၾကပါတယ္။

ေ႐ႊေအာင္သာေက်း႐ြာဟာ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၃၀)ရက္ ေန႔စြဲျဖင့္ မေကြးတိုင္းေဒသႀကီး ဂန႔္ေဂါခ႐ိုင္၊ ထီးလင္းၿမိဳ႕နယ္အတြင္းတည္ရွိတယ္လို႔ တိုင္းေဒသႀကီး/ျပည္နယ္မ်ားႏွင့္ ေနျပည္ေတာ္အတြင္းရွိ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု၊ ေက်း႐ြာမ်ားစာအုပ္တြင္ေဖာ္ျပထားပါတယ္။

ေ႐ႊေအာင္သာေက်း႐ြာဟာ အိမ္ေျခ ၂၃ အိမ္ရွိၿပီး ၂၀၁၀၊ ၂၀၁၅ ခုႏွစ္အေထြေထြေ႐ြးေကာက္ပြဲတြင္ မင္းတပ္ၿမိဳ႕နယ္ မဲစာရင္းတြင္ပါဝင္ၾကၿပီး ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္မူ ေဆာၿမိဳ႕နယ္မဲစာရင္းတြင္ ထည့္သြင္းၾကပါတယ္။

အခုလို ဆႏၵေဖာ္ထုတ္ရျခင္းနဲ႔ပတ္သက္ၿပီး ဦးေဆာင္သူ ဦးေဂကီးက “ေ႐ႊေအာင္သာ႐ြာသား ၁၉ ဦးကို ေဆာၿမိဳ႕နယ္ သစ္ေတာ္ဦးစီးဌာနက သစ္ေတာနယ္ကိုက်ဴးေက်ာ္တယ္ဆိုၿပီး ၇ လပိုင္းကတည္းက တရားဆြဲဆိုတာထားတယ္။ တရားသူႀကီးကေန အိမ္မဖ်က္လို႔ရွိရင္ အေရးယူရမယ္ဆိုၿပီးေျပာတယ္။ ခု တစ္အိမ္ေတာ့ဖ်က္လိုက္ၿပီ။ က်ေနာ္တို႔ ဆႏၵေဖာ္ထုတ္ရတဲ့အေၾကာင္းရင္းက အခ်က္ (၄)ခ်က္ရွိတယ္” လို႔ေျပာပါတယ္။

ဆႏၵေဖာ္ထုတ္ရမယ့္အေၾကာင္းရင္း အခ်က္ (၄)ခ်က္မွာ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္နဲ႔ မေကြးတိုင္း ထီးလင္းၿမိဳ႕နယ္ နဲ႔ေဆာၿမိဳ႕နယ္ၾကားနယ္နမိတ္မ်ားကို နဂိုမူလအတိုင္းျပန္လည္သတ္မွတ္ေပးရန္၊ မင္းတပ္ၿမိဳ႕နယ္ ေလွ႔ခ်မ္းအုပ္စုအတြင္းတည္ရွိတဲ့ ေ႐ႊေအာင္သာေက်း႐ြာအား ထီးလင္းၿမိဳ႕နယ္တြင္ ထည့္သြင္းျခင္းလုံးဝမျပဳလုပ္ရန္၊ မေကြးတိုင္းဘက္မွ နယ္နိမိတ္က်ဴးေက်ာ္မႈမ်ားနဲ႔ ေ႐ႊေအာင္သာရွိ အျပစ္မဲျပည္သူမ်ားအား တရားစြဲဆိုျခင္းခ်က္ျခင္းရပ္၊ ေ႐ႊေအာင္သာ ခ်င္းျပည္သူလူထုရဲ႕ ေနအိမ္မ်ားဖ်က္ဆီးရန္အမိန႔္ေပးၫႊန္ၾကားျခင္းမ်ား၊ ရပ္ရန္ႏွင့္ ခ်င္းျပည္သူလူထူရဲ႕ အသက္အိုးအိမ္ကို ႏိုင္ငံေတာ္အစိုးရမွ အျပည့္အဝ အကာအကြယ္ေပးရန္ စသည္တို႔ျဖစ္ပါတယ္။

ဆႏၵျပပြဲကို မနက္ (၁၀)နာရီကေန ညေန (၄)နာရီထိ ၾကာျမင့္မွာျဖစ္ၿပီး ဦးဝမၼသူးေမာင္းပန္းၿခံေရွ႕တြင္စုရပ္သတ္မွတ္ ေဒသခံျပည္သူ ၃၀ ခန႔္က ကိုဗစ္စည္းကမ္းနဲ႔အညီ ၿငိမ္းခ်မ္းစြာစီတန္းလွည့္လည္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်