မင်းတပ်မြို့နယ်တွင် စစ်ကောင်စီခွင့်ပြုထားတဲ့ တည်ဆောက်ရေးလုပ်ငန်းများရပ်နားဖို့ သတိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီခွင့်ပြုထားတဲ့ တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်ခြင်းမပြုရန် နဲ့ ဆောင်ရွက်ဆဲ လုပ်ငန်းများကိုရပ်နားဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂၅ နေ့ရက်စွဲဖြင့် သတိပေးစာထုတ်ပြန်ထားပါတယ်။

၄င်းသတိပေးစာထဲတွင် “မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ ခွင့်ပြုထားသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကုမ္မဏီအချို့မှ လုပ်ကိုင်ရန်စီစဉ်ထားကြောင်းသိရှိရပြီး၊ ယခုလက်ရှိကာလသည် ပြည်သူအားလုံးမှ မတရားစစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်ဝိုင်းဝန်း တော်လှန်နေသည့်ကာလဖြစ်သည့်အတွက် အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့နယ်အတွင်း ခွင့်ပြုထားသည့် တည်ဆောက်ရေးလုပ်ငန်းများကိုခွင့်ပြုလျှင် လုံခြုံရေးပြဿနာများနှင့်မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးပြဿနာများဖြစ်ပွားလာမည်ဖြစ်ပါသဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အားလုံးကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရန်နှင့် ဆောင်ရွက်ဆဲလုပ်ငန်းများရပ်နားပြီး ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် သတိပေးသတင်းထုတ်ပြန်လိုက်သည်” လို့ဖော်ပြထားတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဘဏ္ဍာရေးနှစ်စတင်မယ့် အောက်တိုဘာလကစပြီး လုပ်ငန်းအားလုံးရပ်နားရန် CDF- Hakha ကသြဂုတ်လပိုင်းတွင် သတိပေးထားထုတ်ပြန်ထားပါတယ်။ သို့မဟုတ်ပါက တည်ဆောက်တဲ့ ကုမ္မဏီနဲ့ အဖွဲ့အစည်းကို အရေးယူမယ်လို့ဖော်ပြထားပါတယ်။

ခုချိန်မှာ ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့က တင်ဒါတွေလျှောက်နေကြဆဲဖြစ်ပြီး ဒေသခံဆောက်လုပ်ရေးကုမ္မဏီများကသာ လျှောက်ကြတယ်လို့သိရတယ်။

Zawgyi

မင္းတပ္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီခြင့္ျပဳထားတဲ့ တည္ေဆာက္ေရးလုပ္ငန္းမ်ားရပ္နားဖို႔ သတိေပး

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္အတြင္း အၾကမ္းဖက္ စစ္ေကာင္စီခြင့္ျပဳထားတဲ့ တည္ေဆာက္ေရးလုပ္ငန္းမ်ားလုပ္ကိုင္ျခင္းမျပဳရန္ နဲ႔ ေဆာင္ရြက္ဆဲ လုပ္ငန္းမ်ားကိုရပ္နားဖို႔ မင္းတပ္ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ဒီကေန႔ နိုဝင္ဘာ ၂၅ ေန႔ရက္စြဲျဖင့္ သတိေပးစာထုတ္ျပန္ထားပါတယ္။

၄င္းသတိေပးစာထဲတြင္ “မင္းတပ္ၿမိဳ႕နယ္အတြင္း အၾကမ္းဖက္စစ္ေကာင္စီမွ ခြင့္ျပဳထားသည့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ကုမၼဏီအခ်ိဳ႕မွ လုပ္ကိုင္ရန္စီစဥ္ထားေၾကာင္းသိရွိရၿပီး၊ ယခုလက္ရွိကာလသည္ ျပည္သူအားလုံးမွ မတရားစစ္အာဏာရွင္စနစ္ကို အျမစ္ျဖတ္ရန္ဝိုင္းဝန္း ေတာ္လွန္ေနသည့္ကာလျဖစ္သည့္အတြက္ အၾကမ္းဖက္စစ္ေကာင္စီမွ မင္းတပ္ၿမိဳ႕နယ္အတြင္း ခြင့္ျပဳထားသည့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကိုခြင့္ျပဳလၽွင္ လုံျခဳံေရးျပႆနာမ်ားႏွင့္မလိုလားအပ္ေသာ ေနာက္ဆက္တြဲဆိုးက်ိဳးျပႆနာမ်ားျဖစ္ပြားလာမည္ျဖစ္ပါသျဖင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ား အားလုံးကို လုပ္ကိုင္ေဆာင္ရြက္ျခင္းမျပဳရန္ႏွင့္ ေဆာင္ရြက္ဆဲလုပ္ငန္းမ်ားရပ္နားၿပီး ဆက္လက္ေဆာင္ရြက္ျခင္းမျပဳရန္ သတိေပးသတင္းထုတ္ျပန္လိုက္သည္” လို႔ေဖာ္ျပထားတယ္။

အာဏာသိမ္းစစ္ေကာင္စီရဲ့ ဘ႑ာေရးႏွစ္စတင္မယ့္ ေအာက္တိုဘာလကစၿပီး လုပ္ငန္းအားလုံးရပ္နားရန္ CDF- Hakha ကၾသဂုတ္လပိုင္းတြင္ သတိေပးထားထုတ္ျပန္ထားပါတယ္။ သို႔မဟုတ္ပါက တည္ေဆာက္တဲ့ ကုမၼဏီနဲ႔ အဖြဲ႕အစည္းကို အေရးယူမယ္လို႔ေဖာ္ျပထားပါတယ္။

ခုခ်ိန္မွာ ခ်င္းျပည္နယ္ စစ္ေကာင္စီအဖြဲ႕က တင္ဒါေတြေလၽွာက္ေနၾကဆဲျဖစ္ၿပီး ေဒသခံေဆာက္လုပ္ေရးကုမၼဏီမ်ားကသာ ေလၽွာက္ၾကတယ္လို႔သိရတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်