မင်းတပ်မြို့နယ် ၂ နေရာတွင် အကြမ်းဖက်စကစတပ်နဲ့ CDF တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွား

ယနေ့(ဇူလိုင်၂၉) မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်ကြားတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိ၍ တပ်ဆုတ်သွားကြောင်းသိရသည်။

ယနေ့ ညဦးပိုင်း ၆ နာရီဝန်းကျင်၌ မင်းတပ် နှင့်မတူပီ ကြားတွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။

စစ်ကောင်စီ ယာဉ်တန်းများသည် မင်းတပ်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ရှိ ယောဒေသ တို့ကို နေ့စဉ် ကူးလူးသွားလာ၍ ခြေရှုပ်နေပြီး ပြည်သူများ ထိတ်လန့်ကြောက်ရွံ့ နေကြရကြောင်း သိရသည်။

မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်များရှိ ကျေးရွာများတွင် စစ်ဘေးရှောင် ပြည်သူများ တိုးပွားလာနေပြီး မိုးထဲ လေထဲ တောတောင် ထဲတွင် ပြေးလွှား ပုန်းခိုနေကြရသည်။

တိုက်ပွဲ ကာလတွင်း ကလေးသူငယ် နှင့် သက်ကြီးရွယ်အိုများ သေဆုံးမှု ရှိနေပြီး အရေအတွက် နှင့်သေဆုံး ဖြစ်စဉ်များ အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိသည်။

တိုက်ပွဲများ နေရာ စိပ်လာသည်နှင့်အမျှ ဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရှိပြီး Covid19 ကပ်ဘေးနှင့် စစ်ဘေးကို တပြိုင်နက်တည်း ရင်ဆိုင်နေရသည့် ပြည်သူများ အကူညီ မရရှိဘဲ ဒုက္ခပင်လယ်ဝေနေကြရသည်။

စစ်ဘေးရှောင်များ ရရှိမည့် အကူညီများလည်း စစ်ကောင်စီ၏ ဟန့်တား ပိတ်ဆို့မှုများကြောင့် အချိန်ကြန့်ကြာ၍ အလဟဿ သဖွယ်ဖြစ်နေသည်။

(ယခု သတင်းများသည် ဒေသခံ အချို့ဆီမှ ရရှိသည့် မြေပြင်ယေဘုယျ သဘောဖော်ပြခြင်း သာဖြစ်ပြီး ထိခိုက် ကျဆုံး စာရင်းနှင့် တိုက်ပွဲသတင်း အတိအကျကို မင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ ထုတ်ပြန်မှ သာလျင် အတည်ဖြစ်သည်။)

(Zawgyi)
မင္းတပ္ၿမိဳ႕နယ္ ၂ ေနရာတြင္ အၾကမ္းဖက္စကစတပ္နဲ႔ CDF တပ္ဖြဲ႔တို႔တိုက္ပြဲျဖစ္ပြား

ယ​ေန႔(ဇူလုိင္၂၉) မင္းတပ္ႏွင့္ ကန္ပက္လက္ ၿမိဳ႕နယ္ၾကားတြင္ တိုက္ပြဲမ်ား ဆက္လက္ ျပင္းထန္ခဲ့ၿပီး၊ စစ္​ေကာင္စီဘက္မွ ထိခိုက္က်ဆုံးမႈမ်ား ရွိ​၍ တပ္ဆုတ္သြား​ေၾကာင္းသိရသည္။

ယ​ေန႔ ည​ဦးပိုင္း ၆ နာရီဝန္းက်င္၌ မင္းတပ္ ႏွင့္မတူပီ ၾကားတြင္လည္း တိုက္ပြဲမ်ား ဆက္လက္ ျပင္းထန္​​လ်က္ရွိသည္။

စစ္​ေကာင္စီ ယာဥ္တန္းမ်ားသည္ မင္းတပ္ၿမိဳ႕နယ္ႏွင့္ မ​ေကြးတိုင္း​ေဒသႀကီး ရွိ ေယာ​ေဒသ တို႔ကို ​ေန႔စဥ္ ကူးလူးသြားလာ၍ ​ေျခရႈပ္​ေနၿပီး ျပည္သူမ်ား ထိတ္လန္႔​ေၾကာက္႐ြံ႕ ေနၾကရ​ေၾကာင္း သိရသည္။

မင္းတပ္ႏွင့္ ကန္ပက္လက္ ၿမိဳ႕နယ္မ်ားရွိ ​ေက်း႐ြာမ်ားတြင္ စစ္​ေဘး​ေရွာင္ ျပည္သူမ်ား တိုးပြားလာ​ေနၿပီး မိုးထဲ ​ေလထဲ ​ေတာ​ေတာင္ ထဲတြင္ ​ေျပးလႊား ပုန္းခို​ေနၾကရသည္။

တိုက္ပြဲ ကာလတြင္း က​ေလးသူငယ္ ႏွင့္ သက္ႀကီး႐ြယ္အိုမ်ား ​ေသဆုံးမႈ ရွိ​ေနၿပီး အ​ေရအတြက္ ႏွင့္​ေသဆုံး ျဖစ္စဥ္မ်ား အတည္ျပဳႏိုင္ရန္ ဆက္လက္ စုံစမ္းလ်က္ရွိသည္။

တိုက္ပြဲမ်ား ​ေနရာ စိပ္လာသည္ႏွင့္အမွ် ဆက္လက္ ျပင္းထန္လာႏိုင္ဖြယ္ရွိၿပီး Covid19 ကပ္ေဘးႏွင့္ စစ္​ေဘးကို တၿပိဳင္နက္တည္း ရင္ဆိုင္​ေနရသည့္ ျပည္သူမ်ား အကူညီ မရရွိဘဲ ဒုကၡပင္လယ္​ေဝ​ေနၾကရသည္။

စစ္​ေဘး​ေရွာင္မ်ား ရရွိမည့္ အကူညီမ်ားလည္း စစ္​ေကာင္စီ၏ ဟန္႔တား ပိတ္ဆို႔မႈမ်ား​ေၾကာင့္ အခ်ိန္ၾကန္႔ၾကာ၍ အလဟႆ သဖြယ္ျဖစ္​ေနသည္။

(ယခု သတင္းမ်ားသည္ ​ေဒသခံ အခ်ိဳ႕ဆီမွ ရရွိသည့္ ​​ ေျမျပင္ေယဘုယ် ​သ​ေဘာ​ေဖာ္ျပျခင္း သာျဖစ္ၿပီး ထိခိုက္ က်ဆုံး စာရင္းႏွင့္ တိုက္ပြဲသတင္း အတိအက်ကို မင္းတပ္ၿမိဳ႕နယ္ျပည္သူအုပ္ခ်ဳပ္​ေရးအဖြဲ႕ ၏ သတင္းႏွင့္ ျပန္ၾကား​ေရး အဖြဲ႕မွ ထုတ္ျပန္မွ သာလ်င္ အတည္ျဖစ္သည္။)

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်