မင်းတပ်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဧည့်စာရင်းစစ်ဟန်ဆောင်ပြီး အမျိုးသမီးနှစ်ယောက်ကို အဓမ္မပြုကျင့်ရန်ကြိုး စားမှုဖြစ်ပွား

ချင်းပြည်နယ်၊ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်နဲ့ ရဲကုန်းအောက်မှာ စက်တင်ဘာ ၂၆ ရက်နေ့ခင်းမှာ ဧည့်စာရင်းဟန်ဆောင်ကာ အသက် ၁၆ နှစ်အပါအဝင် အမျိုးသမီး ၂ ယောက်ကို အဓမ္မပြုကျင့်ရန်ကြိုးစားမှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက်ညနေပိုင်းမှာ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်က ကျန်းမာရေးဝန်ထမ်းနေအိမ်ကို စစ်ဆေးမေးမြန်းဖို့ဆိုကာ အိမ်ထဲသို့ အတင်းဝင်လာပြီး ၄င်းအမျိုးသမီးကို အိမ်ပြင်မထွက်ဖို့ပြောပြီး စကစတပ်တွေအပြင်ရောက်သောအခါ ဒီအမျိုးသမီးကတော့ ဗိုလ်ကြီးအတွက်လို့ပြောကြားသံကြားရလို့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးဟာထွက်ပြေးသွားပါတယ်။ စကစတပ်တွေအိမ်ထဲဝင်လာတဲ့ချိန်မှာ အမျိုးသမီးကိုမတွေ့တာကြောင့် အိမ်တံခါးနဲ့အိမ်တွင်းက ပစ္စည်းတွေကိုဖျက်ဆီးကာ နောက်နေ့ပြန်လာလို့မတွေ့ရင် အိမ်ကိုမီးရှို့မယ်လို့ ကြိမ်းမောင်းဆဲဆိုပြီးထွက်သွားကြပါတယ်။ ယင်းကဲ့သို့ ကြိမ်းမောင်းဆဲဆိုသံကို အိမ်နီးပတ်ဝန်းကျင်ကလည်း ကြားကြပါတယ်။

နောက် ဒုတိယဖြစ်စဉ်တစ်ခုမှာ မင်းတပ်မြို့ ရဲကုန်းအောက်ကအိမ်တစ်အိမ်ကို စကစတပ်တွေဝင်ရောက်ကာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အိမ်ထဲကနေအပြင်ကိုအတင်းဆွဲထုတ်ကာ အိမ်နီးနားပတ်ဝန်းကျင်တွေက ကူညီတောင်းပန်ပေးလို့ပြန်လွတ်ခဲ့ပါတယ်။

ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းတပ်မြို့ဒေသခံတစ်ဦးက “ဒီအမှုတွေက တကယ်ဖြစ်ခဲ့တာပါ။ မင်းတပ်မှာ အင်တာနက်ဖြတ်ထားလို့ စစ်ခွေးတွေကကြိုက်သလိုသောင်းကျန်းနေကြတာ။ ဒီ ၂မှုအပြင်ကျမတို့မသိသေးတဲ့ လိင်ကျွန်ပြုတဲ့အမှုတွေလည်းရှိနိုင်တယ်။ သူတို့ဆီမှာ ဧည့်စာရင်းတွေအကုန်ရှိတော့ဘယ်အိမ်မှာတော့ လူဘယ်နယောက်ရှိတယ်ဆိုတာအကုန်သိတော့ လူနည်းတဲ့အိမ်ကို ဧည့်စာရင်းစစ်သလိုဝင်သွားတာဖြစ် နိုင်တယ်” လို့ပြောပါတယ်။

Zawgyi

မင္းတပ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္သားေတြက ဧည့္စာရင္းစစ္ဟန္ေဆာင္ၿပီး အမ်ိဳးသမီးႏွစ္ေယာက္ကို အဓမၼျပဳက်င့္ရန္ႀကိဳး စားမႈျဖစ္ပြား

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ အေရွ႕ျပင္ရပ္ကြက္နဲ႔ ရဲကုန္းေအာက္မွာ စက္တင္ဘာ ၂၆ ရက္ေန႔ခင္းမွာ ဧည့္စာရင္းဟန္ေဆာင္ကာ အသက္ ၁၆ ႏွစ္အပါအဝင္ အမ်ိဳးသမီး ၂ ေယာက္ကို အဓမၼျပဳက်င့္ရန္ႀကိဳးစားမႈျဖစ္ပြားခဲ့တယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၂၆ ရက္ညေနပိုင္းမွာ မင္းတပ္ၿမိဳ႕ အေရွ႕ျပင္ရပ္ကြက္က က်န္းမာေရးဝန္ထမ္းေနအိမ္ကို စစ္ေဆးေမးျမန္းဖို႔ဆိုကာ အိမ္ထဲသို႔ အတင္းဝင္လာၿပီး ၄င္းအမ်ိဳးသမီးကို အိမ္ျပင္မထြက္ဖို႔ေျပာၿပီး စကစတပ္ေတြအျပင္ေရာက္ေသာအခါ ဒီအမ်ိဳးသမီးကေတာ့ ဗိုလ္ႀကီးအတြက္လို႔ေျပာၾကားသံၾကားရလို႔ က်န္းမာေရးဝန္ထမ္းအမ်ိဳးသမီးဟာထြက္ေျပးသြားပါတယ္။ စကစတပ္ေတြအိမ္ထဲဝင္လာတဲ့ခ်ိန္မွာ အမ်ိဳးသမီးကိုမေတြ႕တာေၾကာင့္ အိမ္တံခါးနဲ႔အိမ္တြင္းက ပစၥည္းေတြကိုဖ်က္ဆီးကာ ေနာက္ေန႔ျပန္လာလို႔မေတြ႕ရင္ အိမ္ကိုမီးရွို႔မယ္လို႔ ႀကိမ္းေမာင္းဆဲဆိုၿပီးထြက္သြားၾကပါတယ္။ ယင္းကဲ့သို႔ ၾကိမ္းေမာင္းဆဲဆိုသံကို အိမ္နီးပတ္ဝန္းက်င္ကလည္း ၾကားၾကပါတယ္။

ေနာက္ ဒုတိယျဖစ္စဥ္တစ္ခုမွာ မင္းတပ္ၿမိဳ႕ ရဲကုန္းေအာက္ကအိမ္တစ္အိမ္ကို စကစတပ္ေတြဝင္ေရာက္ကာ အသက္ ၁၆ ႏွစ္အရြယ္ အမ်ိဳးသမီးကို အိမ္ထဲကေနအျပင္ကိုအတင္းဆြဲထုတ္ကာ အိမ္နီးနားပတ္ဝန္းက်င္ေတြက ကူညီေတာင္းပန္ေပးလို႔ျပန္လြတ္ခဲ့ပါတယ္။

ယင္းျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မင္းတပ္ၿမိဳ႕ေဒသခံတစ္ဦးက “ဒီအမႈေတြက တကယ္ျဖစ္ခဲ့တာပါ။ မင္းတပ္မွာ အင္တာနက္ျဖတ္ထားလို႔ စစ္ေခြးေတြကႀကိဳက္သလိုေသာင္းက်န္းေနၾကတာ။ ဒီ ၂မႈအျပင္က်မတို႔မသိေသးတဲ့ လိင္ကၽြန္ျပဳတဲ့အမႈေတြလည္းရွိနိုင္တယ္။ သူတို႔ဆီမွာ ဧည့္စာရင္းေတြအကုန္ရွိေတာ့ဘယ္အိမ္မွာေတာ့ လူဘယ္နေယာက္ရွိတယ္ဆိုတာအကုန္သိေတာ့ လူနည္းတဲ့အိမ္ကို ဧည့္စာရင္းစစ္သလိုဝင္သြားတာျဖစ္ နိုင္တယ္” လို႔ေျပာပါတယ္။

 

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်