မင်းတပ်-မတူပီကြားတိုက်ပွဲတွင် CDFရဲဘော် ၃ ယောက်ကျဆုံးပြီး စကစတပ်ရင်းမှူးအပါအဝင် (၁၀)ယောက်သေဆုံး

မတူပီ-မင်းတပ်လမ်းမကြီး မိုင်တိုင် (၇၃) တွင် မနေ့ ဇူလိုင် (၃၀)ရက်က CDF-Matupi, CNA ပူးပေါင်းအဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွား အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး အပါအဝင် စစ်ဗိုလ် (၁၀)ယောက်သေဆုံးသွားတယ်လို့ CDF မင်းတပ်က ဒီကနေ့ထုတ်ပြန်ထားပါတယ်။

ပြည်သူ့တပ်ဖွဲ့မှ CDF-Matupi က ဆလိုင်း ကုန်းထန်း, ဆလိုင်း ဟာထွန်းနှင့် ဆလိုင်းထန်းချင်းဆန် (၃)တို့သည် နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ကြတယ်။

ယနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းတွင် မတူပီဘက်မှ အကြမ်းဖက် စစ်ကောင်စီတပ် ကားလေး ၄ စီးနဲ့ ကားကြီး ၁ စီးဖြင့် မင်းတပ်ဘက်သို့ စစ်ကူဆင်းလာပြီး ညနေပိုင်းတွင် လည်မျိုတံတားအကျော် ခြန်းပြန်းရွာသစ်သို့ရောက်ရှိနေပြီလို့သိရတယ်။

(Zawgyi)
မင္းတပ္-မတူပီၾကားတိုက္ပြဲတြင္ CDFရဲေဘာ္ ၃ ေယာက္က်ဆံုးၿပီး စကစတပ္ရင္းမွဴးအပါအဝင္ (၁၀)ေယာက္ေသဆံုး

မတူပီ-မင္းတပ္လမ္းမႀကီး မိုင္တိုင္ (၇၃) တြင္ မေန႔ ဇူလိုင္ (၃၀)ရက္က CDF-Matupi, CNA ပူးေပါင္းအဖြဲ႕နဲ႔ အၾကမ္းဖက္စစ္ေကာင္စီတပ္အၾကား တိုက္ပြဲျဖစ္ပြား အၾကမ္းဖက္စစ္တပ္မွ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေဇာ္ေဇာ္စိုး အပါအဝင္ စစ္ဗိုလ္ (၁၀)ေယာက္ေသဆုံးသြားတယ္လို႔ CDF မင္းတပ္က ဒီကေန႔ထုတ္ျပန္ထားပါတယ္။

ျပည္သူ႔တပ္ဖြဲ႔မွ CDF-Matupi က ဆလိုင္း ကုန္းထန္း, ဆလိုင္း ဟာထြန္းႏွင့္ ဆလိုင္းထန္းခ်င္းဆန္ (၃)တို႔သည္ ႏိုင္ငံနဲ႔လူမ်ိဳးအတြက္ အသက္ေပးလႉခဲ့ၾကတယ္။

ယေန႔ ဇူလိုင္ ၃၁ ရက္ မနက္ပိုင္းတြင္ မတူပီဘက္မွ အၾကမ္းဖက္ စစ္ေကာင္စီတပ္ ကားေလး ၄ စီးနဲ႔ ကားၾကီး ၁ စီးျဖင့္ မင္းတပ္ဘက္သုိ႔ စစ္ကူဆင္းလာၿပီး ညေနပိုင္းတြင္ လည္မ်ဳိတံတားအေက်ာ္ ျခန္းျပန္းရြာသစ္သို႔ေရာက္ရွိေနၿပီလုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်