မင်းပြားမြို့နယ် ချင်းတိုင်းရင်းသားစစ်ဘေးရှောင်များ ငှက်ပျောအူတွေနဲ့ ထမင်းစားနေရ

၂၀၁၉၊ နိုဝင်ဘာလ (၂၀)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ မင်းပြားမြို့နယ်သို့ပြောင်းရွေ့လာတဲ့ ချင်းတိုင်းရင်းသားစစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာခက်ခဲသဖြင့် ငှက်ပျောအူနဲ့သာ ထမင်းစားနေကြတယ်လို့ ဒေသခံတွေဆံကသတင်းရရှိခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ပစ်ခတ်ခဲ့ကြတာကြောင့် ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ သက်ပြေကျ နဲ့ ပဲသဒူကျေးရွာမှ ပြည်သူ (၁၆၀)ကျော်ဟာ နိုဝင်ဘာလ (၁၅)ရက်တွင်မင်းပြားမြို့နယ် သူဌေးကုန်းရွာသို့ပြောင်းရွေ့လာကြပြီး နိုဝင်ဘာလ (၁၉)ရက်တွင် စစ်ဘေးရှောင် (၂၃၃)ဦးရှိလာပါတယ်။

ရခိုင်ပြည်နယ် ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့ ဥက္ကဌ ဆလိုင်း ထွန်းလှကျော်က “အခု ထပ်ပြောင်းလာတဲ့သူတွေက သက်ပြေကျရွာက လူတွေပဲ။ ရွာမှာတော့ အမျိုးသားတွေအိမ်စောင့်နဲ့ကျန်ခဲ့တော့ အများစုက အမျိုးသမီးနဲ့ ကလေးတွေပြောင်းလာကြတယ်။ အခုလောလောဆယ်တော့ ချင်းရွာတွေမှာ ချင်းကျောင်းသားတွေက ဆန်အလှူခံတော့ ၂ ရက်၊ ၃ရက်စားစရာတော့ရှိမယ်။ ဒါပေမယ့် ဟင်းဝယ်ဖို့ပိုက်ဆံမရှိတော့ ခြံထဲက ငှက်ပျောပင်တွေခုတ်ပြီး ထမင်းနဲ့စားကြတယ်။ သူတို့မှာ ခြင်ထောင်၊ အဝတ်အစားတွေလည်းလိုတယ်။ အစကတော့ ရွာသားတွေကချက်ပေးတယ်။ ကြာတော့ သူတို့တွက်ဝန်ထုပ်ဝန်ပိုးဖြစ်လို့ သူတို့ကိုယ်တိုင်ပဲချက်ကြတယ်။ ရွာကနေပါလာတဲ့ပိုက်ဆံနဲ့ အိုးခွက်ပန်းကန်တွေဝယ်တော့ ဟင်းဝယ်စရာပိုက်ဆံမရှိကြတော့ဘူး” လို့ပြောပါတယ်။

(Zawgyi)

မင္းျပားၿမိဳ႕နယ္ ခ်င္းတိုင္းရင္းသားစစ္ေဘးေရွာင္မ်ား ငွက္ေပ်ာအူေတြနဲ႔ ထမင္းစားေနရ

၂၀၁၉၊ ႏိုဝင္ဘာလ (၂၀)
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွ မင္းျပားၿမိဳ႕နယ္သို႔ေျပာင္းေ႐ြ႕လာတဲ့ ခ်င္းတိုင္းရင္းသားစစ္ေဘးေရွာင္ေတြဟာ စားနပ္ရိကၡာခက္ခဲသျဖင့္ ငွက္ေပ်ာအူနဲ႔သာ ထမင္းစားေနၾကတယ္လို႔ ေဒသခံေတြဆံကသတင္းရရွိခဲ့ပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ေအေအတပ္ဖြဲ႕တို႔ပစ္ခတ္ခဲ့ၾကတာေၾကာင့္ ခ်င္းတိုင္းရင္းသားေတြေနထိုင္တဲ့ သက္ေျပက် နဲ႔ ပဲသဒူေက်း႐ြာမွ ျပည္သူ (၁၆၀)ေက်ာ္ဟာ ႏိုဝင္ဘာလ (၁၅)ရက္တြင္မင္းျပားၿမိဳ႕နယ္ သူေဌးကုန္း႐ြာသို႔ေျပာင္းေ႐ြ႕လာၾကၿပီး ႏိုဝင္ဘာလ (၁၉)ရက္တြင္ စစ္ေဘးေရွာင္ (၂၃၃)ဦးရွိလာပါတယ္။

ရခိုင္ျပည္နယ္ ခ်င္းတကၠသိုလ္ေက်ာင္းသားမ်ားအဖြဲ႕ ဥကၠဌ ဆလိုင္း ထြန္းလွေက်ာ္က “အခု ထပ္ေျပာင္းလာတဲ့သူေတြက သက္ေျပက်႐ြာက လူေတြပဲ။ ႐ြာမွာေတာ့ အမ်ိဳးသားေတြအိမ္ေစာင့္နဲ႔က်န္ခဲ့ေတာ့ အမ်ားစုက အမ်ိဳးသမီးနဲ႔ ကေလးေတြေျပာင္းလာၾကတယ္။ အခုေလာေလာဆယ္ေတာ့ ခ်င္း႐ြာေတြမွာ ခ်င္းေက်ာင္းသားေတြက ဆန္အလႉခံေတာ့ ၂ ရက္၊ ၃ရက္စားစရာေတာ့ရွိမယ္။ ဒါေပမယ့္ ဟင္းဝယ္ဖို႔ပိုက္ဆံမရွိေတာ့ ၿခံထဲက ငွက္ေပ်ာပင္ေတြခုတ္ၿပီး ထမင္းနဲ႔စားၾကတယ္။ သူတို႔မွာ ျခင္ေထာင္၊ အဝတ္အစားေတြလည္းလိုတယ္။ အစကေတာ့ ႐ြာသားေတြကခ်က္ေပးတယ္။ ၾကာေတာ့ သူတို႔တြက္ဝန္ထုပ္ဝန္ပိုးျဖစ္လို႔ သူတို႔ကိုယ္တိုင္ပဲခ်က္ၾကတယ္။ ႐ြာကေနပါလာတဲ့ပိုက္ဆံနဲ႔ အိုးခြက္ပန္းကန္ေတြဝယ္ေတာ့ ဟင္းဝယ္စရာပိုက္ဆံမရွိၾကေတာ့ဘူး” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်