မတူပီမြို့တွင် ကလေးငယ်တစ်ဦး သေဆုံးလျက်တွေ့ရှိ

ချင်းပြည်နယ်၊ မတူပီမြို့ စန်ဘောင်ရပ်ကွက်တွင် နေထိုင်သော အသက် ၁၂ နှစ်အရွယ် ၆ တန်း ကျောင်းသားတစ်ဦးဟာ ဇွန်လ ၅ ရက်နေ့ တနင်္ဂနွေနေ့ မိဘများ ဘုရားကျောင်းသွားချိန်တွင် ကလေးဟာ အိမ်မှာ နေပြီး မိဘအိမ်ပြန်လာတဲ့ချိန် အိပ်ယာပေါ်တွင် စောင်ချုံကာ သေဆုံးလျက် တွေ့ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

စန်ဘောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “သူက မနက်ပိုင်း Sunday School တက်သေးတယ်။ နေ့ခင်းပိုင်း မိဘက ဘုရားကျောင်းတက်ချိန် အိမ်မှာ တစ်ယောက်တည်း ထားခဲ့ပြီး ပြန်လာတော့ စောင်ထဲမှာ ဓါတ်ဆီထည့်ထားတဲ့ ရေသန့်ဗူးကို ကိုင်ပြီး သေဆုံးလျက် ပြန်တွေ့တာ” လို့ ပြောပါတယ်။

သေဆုံးသွားသော ကလေးဟာ အရင်ကတည်းက ဓါတ်ဆီ အနံ့ကို အလွန်နှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။ ခုဖြစ်စဉ်တွင် ကလေးဟာ ဓါတ်ဆီသောက်ပြီး သေသွားခဲ့သလားဆိုတာ သေချာ မသိပေမယ့် စောင်ထဲတွင် ဓါတ်ဆီထည့်ထားသော ရေသန့်ဗူးရှိသောကြောင့် ဓါတ်ဆီသောက်တာလည်း ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ သို့မဟုတ် ဓါတ်ဆီအနံ့ကို ရှူတာများသောကြောင့် သေဆုံးတာလည်း ဖြစ်နိုင်ကြောင်း ဆိုကြပါတယ်။ သေဆုံးသွားသော ကလေးငယ်ကို ဒီကနေ့ ဇွန် ၆ ရက်တွင် သဂြိုလ်ကြပါတယ်။

Zawgyi

မတူပီၿမိဳ႕တြင္ ကေလးငယ္တစ္ဦး ေသဆုံးလ်က္ေတြ႕ရွိ

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕ စန္ေဘာင္ရပ္ကြက္တြင္ ေနထိုင္ေသာ အသက္ ၁၂ ႏွစ္အ႐ြယ္ ၆ တန္း ေက်ာင္းသားတစ္ဦးဟာ ဇြန္လ ၅ ရက္ေန႔ တနဂၤေႏြေန႔ မိဘမ်ား ဘုရားေက်ာင္းသြားခ်ိန္တြင္ ကေလးဟာ အိမ္မွာ ေနၿပီး မိဘအိမ္ျပန္လာတဲ့ခ်ိန္ အိပ္ယာေပၚတြင္ ေစာင္ခ်ဳံကာ ေသဆုံးလ်က္ ေတြ႕ခဲ့ၾကတယ္လုိ႔သတင္းရရွိပါတယ္။

စန္ေဘာင္ရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးက “သူက မနက္ပိုင္း Sunday School တက္ေသးတယ္။ ေန႔ခင္းပိုင္း မိဘက ဘုရားေက်ာင္းတက္ခ်ိန္ အိမ္မွာ တစ္ေယာက္တည္း ထားခဲ့ၿပီး ျပန္လာေတာ့ ေစာင္ထဲမွာ ဓါတ္ဆီထည့္ထားတဲ့ ေရသန႔္ဗူးကို ကိုင္ၿပီး ေသဆုံးလ်က္ ျပန္ေတြ႕တာ” လို႔ ေျပာပါတယ္။

ေသဆုံးသြားေသာ ကေလးဟာ အရင္ကတည္းက ဓါတ္ဆီ အနံ႔ကို အလြန္ႏွစ္သက္ခဲ့တယ္လုိ႔ ဆိုပါတယ္။ ခုျဖစ္စဥ္တြင္ ကေလးဟာ ဓါတ္ဆီေသာက္ၿပီး ေသသြားခဲ့သလားဆိုတာ ေသခ်ာ မသိေပမယ့္ ေစာင္ထဲတြင္ ဓါတ္ဆီထည့္ထားေသာ ေရသန႔္ဗူးရွိေသာေၾကာင့္ ဓါတ္ဆီေသာက္တာလည္း ျဖစ္ႏိုင္ေၾကာင္း ဆိုပါတယ္။ သို႔မဟုတ္ ဓါတ္ဆီအနံ႔ကို ရႉတာမ်ားေသာေၾကာင့္ ေသဆုံးတာလည္း ျဖစ္ႏိုင္ေၾကာင္း ဆိုၾကပါတယ္။ ေသဆုံးသြားေသာ ကေလးငယ္ကို ဒီကေန႔ ဇြန္ ၆ ရက္တြင္ သဂျိဳလ္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်