မတူပီမြို့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီကစီစဉ်နေ

၂၀၂၂-၂၃ ပညာသင်နှစ် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ချင်းပြည်နယ်၊ မတူပီမြို့တွင် စီစဉ်နေပြီး Grade-5 နှင့် Grade-8 စနစ်သစ်အတွက် Non-CDM များ သင်တန်းတက်ခြင်းများလည်း ပြုလုပ်နေကြောင်း CDM ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

စနစ်သစ်သင်ရိုးအတွက် သတင်တန်းကို မတူပီမြို့ မြို့နယ်ပညာရေးမှူး ဦးတင်လွေးနေအိမ်တွင် ပြုလုပ်ပြီး ခုတော့ သင်တန်းပြီးသွားပြီဟု ဆိုပါတယ်။ ဒေသခံများ၏ ပြောကြားချက်အရ ယခင် ပညာရေးမှူးရုံးဟောင်းတွင် ဗုံးပေါက်ပြီးနောက် ဦးတင်လွေးဟာ ရုံးမတက်ရဲပဲ သင်တန်းတက်ခြင်းနှင့် ရုံးကိစ္စများအားလုံးကို ၎င်း၏နေအိမ်ကနေသာ အလုပ်လုပ်နေကြောင်း ဆိုပါတယ်။

ကျောင်များ ပြန်လည်ဖွင့်လှစ်ရန် CDM ဝန်ထမ်းများကို မူလနေရာတွင် ပြန်လည် တာဝန်ထမ်းဆောင်ရန် အယူခံအဖြစ် ၆ လ ကြာ လစာမဲ့ တာဝန်ထမ်းဆောင်ပါက မူလနေရာတွင် ပြန်လည်တာဝန်ထမ်းဆောင်နိုင်မည်ဟု ကြေညာထားသော်လည်း ၆ လပြည့်လာသော်လည်း ခုချိန်အထိ လစာမရသေးဘူးလို့လည်း သိရပါတယ်။

အခက်အခဲအမျိုးမျိုးကြောင့် တစ်ချို့ CDM ဝန်ထမ်းများဟာ Non-CDM ပြန်လုပ်လာခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

“ခုက ခံယူချက်နဲ့ ဆိုင်သွားတာပေါ့။ ကျွန်မတို့လည်း ခက်ခဲနေတာပဲ ဘယ်သူမှ အဆင်ပြေလို့ CDM လုပ်နေတာမဟုတ်ဘူးလေ၊ အားလုံးက ရင်းပြီးလုပ်နေရတာပဲ၊ သူတို့ခက်ခဲလို့ ပြန်ဝင်သွားတော့လည်း ဘာမှ ပြောလို့မရဘူးလေ” ဟု Non-CDM ပြန်ဝင်သွားသောသူများနဲ့ ပတ်သက်ပြီး CDM တစ်ဦးက ပြောပါတယ်။

မတူပီမြို့ပေါ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း ကျေးရွာများမှာတော့ ဒေသခံကာကွယ်ရေးများ စိုးမိုးထားသောကြောင့် စစ်ကောင်စီအောက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားတာမရှိကြောင်း သိရပါတယ်။

Zawgyi

မတူပီၿမိဳ႕တြင္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္ စစ္ေကာင္စီကစီစဥ္ေန

၂၀၂၂-၂၃ ပညာသင္ႏွစ္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္ ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕တြင္ စီစဥ္ေနၿပီး Grade-5 ႏွင့္ Grade-8 စနစ္သစ္အတြက္ Non-CDM မ်ား သင္တန္းတက္ျခင္းမ်ားလည္း ျပဳလုပ္ေနေၾကာင္း CDM ေက်ာင္းဆရာမ တစ္ဦးက ေျပာပါတယ္။

စနစ္သစ္သင္႐ိုးအတြက္ သတင္တန္းကို မတူပီၿမိဳ႕ ၿမိဳ႕နယ္ပညာေရးမႉး ဦးတင္ေလြးေနအိမ္တြင္ ျပဳလုပ္ၿပီး ခုေတာ့ သင္တန္းၿပီးသြားၿပီဟု ဆိုပါတယ္။ ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ ယခင္ ပညာေရးမႉး႐ုံးေဟာင္းတြင္ ဗုံးေပါက္ၿပီးေနာက္ ဦးတင္ေလြးဟာ ႐ုံးမတက္ရဲပဲ သင္တန္းတက္ျခင္းႏွင့္ ႐ုံးကိစၥမ်ားအားလုံးကို ၎၏ေနအိမ္ကေနသာ အလုပ္လုပ္ေနေၾကာင္း ဆိုပါတယ္။

ေက်ာင္မ်ား ျပန္လည္ဖြင့္လွစ္ရန္ CDM ဝန္ထမ္းမ်ားကို မူလေနရာတြင္ ျပန္လည္ တာဝန္ထမ္းေဆာင္ရန္ အယူခံအျဖစ္ ၆ လ ၾကာ လစာမဲ့ တာဝန္ထမ္းေဆာင္ပါက မူလေနရာတြင္ ျပန္လည္တာဝန္ထမ္းေဆာင္ႏိုင္မည္ဟု ေၾကညာထားေသာ္လည္း ၆ လျပည့္လာေသာ္လည္း ခုခ်ိန္အထိ လစာမရေသးဘူးလို႔လည္း သိရပါတယ္။

အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ တစ္ခ်ိဳ႕ CDM ဝန္ထမ္းမ်ားဟာ Non-CDM ျပန္လုပ္လာျခင္းျဖစ္ေၾကာင္းလည္း သိရပါတယ္။

“ခုက ခံယူခ်က္နဲ႔ ဆိုင္သြားတာေပါ့။ ကြၽန္မတို႔လည္း ခက္ခဲေနတာပဲ ဘယ္သူမွ အဆင္ေျပလို႔ CDM လုပ္ေနတာမဟုတ္ဘူးေလ၊ အားလုံးက ရင္းၿပီးလုပ္ေနရတာပဲ၊ သူတို႔ခက္ခဲလို႔ ျပန္ဝင္သြားေတာ့လည္း ဘာမွ ေျပာလို႔မရဘူးေလ” ဟု Non-CDM ျပန္ဝင္သြားေသာသူမ်ားနဲ႔ ပတ္သက္ၿပီး CDM တစ္ဦးက ေျပာပါတယ္။

မတူပီၿမိဳ႕ေပၚတြင္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ ျပင္ဆင္မႈမ်ား ျပဳလုပ္ေနေသာ္လည္း ေက်း႐ြာမ်ားမွာေတာ့ ေဒသခံကာကြယ္ေရးမ်ား စိုးမိုးထားေသာေၾကာင့္ စစ္ေကာင္စီေအာက္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ စီစဥ္ထားတာမရွိေၾကာင္း သိရပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်