မတူပီမြို့တွင် ဒေသခံတစ်ဦးကို CDF မတူပီနဲ့ဆက်သွယ်တယ်လို့မတရားစွပ်စွဲဖမ်းဆီးပြီး သတ်ဖြတ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာသား ဦးလုံအွမ်နဲ့ဇနီးကို စစ်ကောင်စီတပ်က CDF မတူပီနဲ့ဆက်သွယ်တယ်လို့မတရားစွပ်စွဲဖမ်းဆီးကာ သြဂုတ် ၂၃ ရက်တွင် ဦးလုံအွမ်းကိုသတ်ဖြတ်ကြတယ်လို့ သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက်က မတူပီ ဗျူဟာမှူးရဲ့ လူယုံတစ်ယောက်ကို ဖနိုင်ရွာနားမှာအသတ်ခံရပြီး အဲ့ဒါကြောင့် စစ်ကောင်စီတပ်သားတွေက ဖနိုင်ရွာသား ၆ ဦးကို လူသတ်မှုစွပ်စွဲချက်နဲ့ ဖမ်းဆီးကြပါတယ်။

ဇူလိုင် ၂၈ ရက်တွင် စစ်ကောင်စီတပ်သားတွေက ဖနိုင်ရွာသား ဦးလုံအွမ်နဲ့ ဇနီးကို ညအချိန်လာရောက်ဖမ်းဆီးခေါ်ဆောင်ကြပါတယ်။

စစ်ကောင်စီတပ်က ဦးလုံအွမ်းရဲ့ ဇနီးကို ခလရ (၁၄၀) တွင်ထားပြီး ဦးလုံအွမ်းကိုတော့ ဗျူဟာကုန်းတွင် ထားပါတယ်။ ဦးလုံအွမ်းကို စစ်တပ်က အမှူသုံးမှုဖွင့်ပြီး တရားစွဲလိုက်ပါတယ်။ ထိုအမှုထဲတွင် ဗျူဟာမှူးရဲ့ လူယုံတော်အသတ်ခံရမှုနဲ့ ပတ်သက်နေခြင်း၊ ဒေသခံ ကာကွယ်ရေးတပ်များအတွက် ကျည်များ ဝယ်ယူထောက်ပို့ပေးခြင်းနဲ့ ယခင်က ရွာသားများရဲ့ နွားနောက်များကို မတရားရောင်းချခြင်းတို့ပါဝင်ကြောင်း ဒေသခံများက ပြောပါတယ်။

“သူတို့တရားစွဲတဲ့အမှုတွေအားလုံးက အလကားတွေ၊ သူဒါတွေကို ကျူးလွန်ထားတာ လုံးဝကို မရှိဘူး။ သူနဲ့ အရင်ကတည်းက ရင်းနှီးတဲ့ သုံးရစ်နဲ့ စစ်သား ထွန်းကျော်က သူ့ကို မတရားစွပ်စွဲတာ။ ဒေကကာကွယ်ရေးတပ်ကို ကျည်ဆံရောင်းတဲ့ကောင်ကလည်း စစ်သားထွန်းကျော်လုပ်တာ။ ဒါပေမယ့် လူသတ်မှုဖြစ်လာတော့ ထွန်းကျော်က ဦးလုံအွမ်းလုပ်တာဆိုပြီး စွပ်စွဲဖမ်းဆီးပြီး တရားစွဲလိုက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးလုံအွမ်ဟာ စစ်ကြောရေးတွင် သေဆုံးသွားတဲ့ သတင်းကို စစ်တပ်က သတင်းအမှောင်ချထားပြီး မိသားစုဝင်ကိုလည်း အကြောင်းမကြားကြောင်း သိရပါတယ်။ ဒီသတင်းကို တရားရုံးမှ တစ်ဆင့်သာ သိရကြောင်း ဦးလုံအွမ်ကို သြဂုတ်လ ၂၃ ရက်က သတ်ဖြတ်ခဲ့တာလို့ ဒေသခံများက ပြောပါတယ်။ ဦးလုံအွမ်းရဲ့ ဇနီးကတော့ လွန်ခဲ့တဲ့ ၁ လ ကျော်ခန့် ပြန်လည်လွတ်လာခဲ့ပြီဖြစ်ပါတယ်။ အဖမ်းခံရတဲ့ ဖနိုင်ရွာသား ၆ ယောက်လည်း ပြန်လွတ်လာကြပြီလို့သိရတယ်။

” တရားရုံးကလူတစ်ယောက်က ကျွန်တော်တို့ မိသားစုဝင်တွေကို အကြောင်းကြားတယ်၊ ဦးလုံအွမ်(ခ)ဦးထန်နော် ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့မှာ သတ်ပစ်လိုက်တယ်ဆိုပြီးပြောလာတယ်၊ အခုအိမ်မှာ နာရေးကိုတောင် ကောင်းကောင်းမလုပ်ရဲကြဘူး။ အလောင်းလည်း ပြန်မပေးဘူး” လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဦးလုံအွမ်တွင် လူမမယ်ကလေး သုံးဦးနဲ့ ဇနီးသည်ကျန်ရစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်