မတူပီမြို့တွင် ဖုန်းလိုင်း ဆက်သွယ်လို့မရသည့်နီးပါးအထိ လိုင်းဆိုးရွားနေ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စပြီး မတူပီမြို့တွင် ဖုန်းလိုင်းများဟာ အလွန်ဆိုးရွားခဲ့ပြီး အခြားသော နေရာများမှ ဖုန်းဆက်လျှင် ဖုန်းမဝင်တာများပါတယ်။ ထို့အပြင် မတူပီမြို့နယ်အတွင်း နေထိုင်သော ဒေသခံများအကြား အချင်းချင်း ဆက်သွယ်ရတာလည်း အလွန်ခက်ခဲလာကြောင်း ဆိုပါတယ်။

“ကျွန်တော်တို့ မြို့ပေါ်မှာတောင်မှ တစ်ယောက်ကို တစ်ယောက် ဆက်သွယ်ဖို့ အရမ်းကိုခက်ခဲတယ်။ ကိုယ်က ဖုန်းလိုင်းမိတဲ့ နေရာကို သွားပြီးမှ ဖုန်းဆက်လို့ရတယ်။ အိမ်ထဲမှာဆို ဖုန်းလိုင်းက မရတော့ဘူး” လို့ မတူပီမြို့ပေါ်နေ တစ်ဦးက ပြောပါတယ်။

ခုလို ဖုန်းလိုင်းဆိုးရွားမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် မှန်းမသိရသော်လည်း တစ်ချို့ကတော့ တာဝါတိုင်များတွင် အချိန်မှီဆီ ပြန်မထည့်နိုင်သောအခါ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း ဆိုကြပါတယ်။ သို့သော်လည်း အော်ပရေတာများကပဲ တမင်လုပ်တာလား သို့မဟုတ် ဒေသခံများပြောသလို တာဝါတိုင်တွင် ဆီကုန်နေလို့လား ဆိုတာကိုတော့ မသိရသေးပါဘူး။

Zawgyi

မတူပီၿမိဳ႕တြင္ ဖုန္းလိုင္း ဆက္သြယ္လို႔မရသည့္နီးပါးအထိ လိုင္းဆိုး႐ြားေန

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက စၿပီး မတူပီၿမိဳ႕တြင္ ဖုန္းလိုင္းမ်ားဟာ အလြန္ဆိုး႐ြားခဲ့ၿပီး အျခားေသာ ေနရာမ်ားမွ ဖုန္းဆက္လွ်င္ ဖုန္းမဝင္တာမ်ားပါတယ္။ ထို႔အျပင္ မတူပီၿမိဳ႕နယ္အတြင္း ေနထိုင္ေသာ ေဒသခံမ်ားအၾကား အခ်င္းခ်င္း ဆက္သြယ္ရတာလည္း အလြန္ခက္ခဲလာေၾကာင္း ဆိုပါတယ္။

“ကြၽန္ေတာ္တို႔ ၿမိဳ႕ေပၚမွာေတာင္မွ တစ္ေယာက္ကို တစ္ေယာက္ ဆက္သြယ္ဖို႔ အရမ္းကိုခက္ခဲတယ္။ ကိုယ္က ဖုန္းလိုင္းမိတဲ့ ေနရာကို သြားၿပီးမွ ဖုန္းဆက္လို႔ရတယ္။ အိမ္ထဲမွာဆို ဖုန္းလိုင္းက မရေတာ့ဘူး” လို႔ မတူပီၿမိဳ႕ေပၚေန တစ္ဦးက ေျပာပါတယ္။

ခုလို ဖုန္းလိုင္းဆိုး႐ြားမႈနဲ႔ ပတ္သက္ၿပီး ဘာေၾကာင့္ မွန္းမသိရေသာ္လည္း တစ္ခ်ိဳ႕ကေတာ့ တာဝါတိုင္မ်ားတြင္ အခ်ိန္မွီဆီ ျပန္မထည့္ႏိုင္ေသာအခါ ျဖစ္ေပၚေလ့ရွိေၾကာင္းလည္း ဆိုၾကပါတယ္။ သို႔ေသာ္လည္း ေအာ္ပေရတာမ်ားကပဲ တမင္လုပ္တာလား သို႔မဟုတ္ ေဒသခံမ်ားေျပာသလို တာဝါတိုင္တြင္ ဆီကုန္ေနလို႔လား ဆိုတာကိုေတာ့ မသိရေသးပါဘူး။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်