မတူပီမြို့တွင် ဗိုလ်မှူးဝင်းနိုင်(ငြိမ်း)က အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်

ချင်းပြည်နယ်၊ မတူပီမြို့ စံဘောင်ရက်ကွက်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်(၅၀နှစ်ခန့်) က ဇွန်လ ၂၅ ရက်နေ့လည်ပိုင်းတွင် မေးမြန်းစရာရှိသည်ဟု ဆိုကာ ၎င်းအမျိုးသမီးရဲ့ အိမ်ထဲသို့ ခေါင်ဆောင်သွားပြီး မုဒိန်းကျင့်ခဲ့ကြောင်း သတင်းရရှိပါတယ်။

မတူပီဒေသခံတစ်ဦးက “သူ့အမက ဧပြီလတုန်းက ထွက်ပြေးသွားခဲ့တဲ့ စစ်သားကိစ္စကြောင့် အဖမ်းခံရတယ်။ ဒါကြောင့် သူ့ကိုလည်း မေးမြန်းစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာ။ ခေါ်ပြီး စော်ကားလိုက်တာပေါ့၊ ကံကောင်းချင်တော့ ဖြစ်နေတုန်းမှာပဲ ပတ်ဝန်းကျင်က လူတွေရောက်လာလို့ အမှီကယ်နိုင်ခဲ့တယ်လို့ ပြောရမယ်။ မုဒိမ်းမှုတော့မြောက်သွားတယ်ပေါ့” လို့ ပြောပါတယ်။

ဗိုလ်မှူးဝင်းနိုင်ဟာ မတူပီမြို့တွင်နေထိုင်လာခဲ့တာ ၁၅ နှစ်ရှိပြီဖြစ်ပြီး မတူပီမြို့အကြောင်းကို ကောင်းကောင်းသိသောသူ တစ်ဦးဖြစ်သောကြောင့် မတူပီမြို့ပေါ်တွင် သူ့ကို ဗျူဟာမှူးထက်ပိုကြောက် နေရကြောင်း ဆိုကြပါတယ်။

ထို့အပြင် မတူပီမြို့ပေါ်တွင် ဖမ်းဆီးမှုအများစုကလည်း ဗိုလ်မှူးဝင်နိုင်ဦးဆောင်ပြီး လုပ်တာဖြစ်ကြောင်း ဆိုကြပါတယ်။

“သူက ပင်စင်ယူပြီးသွားပြီ။ ဒါပေမယ့် မတူပီမြို့မှာ စစ်တပ် လှုပ်ရှားအများစုမှာ သူပါတယ်။ ဖမ်းဆီးမှုအားလုံးကိုလည်း သူကပဲလုပ်တာ။ သူက မတူပီမြို့အကြောင်းကို စစ်တပ်ထဲမှာတော့ အသိဆုံးလူတစ်ယောက်ဖြစ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသေးသော အငြိမ်းစားဗိုလ်မှူးဝင်းနိုင်ရဲ့ မိသားစုတွေဟာ မတူပီမြို့က ဗျူဟာကုန်းတွင် နေထိုင်ကြောင်း သိရပါတယ်။

Zawgyi

မတူပီၿမိဳ႕တြင္ ဗိုလ္မႉးဝင္းႏိုင္(ၿငိမ္း)က အသက္ ၁၇ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးကို အဓမၼျပဳက်င့္

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕ စံေဘာင္ရက္ကြက္တြင္ ေနထိုင္ေသာ အသက္ ၁၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို အၿငိမ္းစား ဗိုလ္မႉးဝင္းႏိုင္(၅၀ႏွစ္ခန႔္) က ဇြန္လ ၂၅ ရက္ေန႔လည္ပိုင္းတြင္ ေမးျမန္းစရာရွိသည္ဟု ဆိုကာ ၎အမ်ိဳးသမီးရဲ႕ အိမ္ထဲသို႔ ေခါင္ေဆာင္သြားၿပီး မုဒိန္းက်င့္ခဲ့ေၾကာင္း သတင္းရရွိပါတယ္။

မတူပီေဒသခံတစ္ဦးက “သူ႔အမက ဧၿပီလတုန္းက ထြက္ေျပးသြားခဲ့တဲ့ စစ္သားကိစၥေၾကာင့္ အဖမ္းခံရတယ္။ ဒါေၾကာင့္ သူ႔ကိုလည္း ေမးျမန္းစရာ ရွိတယ္ဆိုၿပီး ေခၚသြားတာ။ ေခၚၿပီး ေစာ္ကားလိုက္တာေပါ့၊ ကံေကာင္းခ်င္ေတာ့ ျဖစ္ေနတုန္းမွာပဲ ပတ္ဝန္းက်င္က လူေတြေရာက္လာလို႔ အမွီကယ္ႏိုင္ခဲ့တယ္လို႔ ေျပာရမယ္။ မုဒိမ္းမႈေတာ့ေျမာက္သြားတယ္ေပါ့” လို႔ ေျပာပါတယ္။

ဗိုလ္မႉးဝင္းႏိုင္ဟာ မတူပီၿမိဳ႕တြင္ေနထိုင္လာခဲ့တာ ၁၅ ႏွစ္ရွိၿပီျဖစ္ၿပီး မတူပီၿမိဳ႕အေၾကာင္းကို ေကာင္းေကာင္းသိေသာသူ တစ္ဦးျဖစ္ေသာေၾကာင့္ မတူပီၿမိဳ႕ေပၚတြင္ သူ႔ကို ဗ်ဴဟာမႉးထက္ပိုေၾကာက္ ေနရေၾကာင္း ဆိုၾကပါတယ္။

ထို႔အျပင္ မတူပီၿမိဳ႕ေပၚတြင္ ဖမ္းဆီးမႈအမ်ားစုကလည္း ဗိုလ္မႉးဝင္ႏိုင္ဦးေဆာင္ၿပီး လုပ္တာျဖစ္ေၾကာင္း ဆိုၾကပါတယ္။

“သူက ပင္စင္ယူၿပီးသြားၿပီ။ ဒါေပမယ့္ မတူပီၿမိဳ႕မွာ စစ္တပ္ လႈပ္ရွားအမ်ားစုမွာ သူပါတယ္။ ဖမ္းဆီးမႈအားလုံးကိုလည္း သူကပဲလုပ္တာ။ သူက မတူပီၿမိဳ႕အေၾကာင္းကို စစ္တပ္ထဲမွာေတာ့ အသိဆုံးလူတစ္ေယာက္ျဖစ္ေနတာ”လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

စစ္ေကာင္စီအတြက္ အလုပ္လုပ္ေပးေနေသးေသာ အၿငိမ္းစားဗိုလ္မႉးဝင္းႏိုင္ရဲ႕ မိသားစုေတြဟာ မတူပီၿမိဳ႕က ဗ်ဴဟာကုန္းတြင္ ေနထိုင္ေၾကာင္း သိရပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်