မတူပီမြို့နယ်က စစ်ဘေးရှောင် ရွာသားအများအပြား ဖျားနာမှုဖြစ်ပွား

ဧပြီလ အစောပိုင်းက မတူပီမြို့ကို ရောက်ရှိခဲ့သော စစ်ကောင်စီယာဉ်တန်းဟာ မတူပီ-ပလက်ဝလမ်း ထယ်ဘွဲ့ကျေးရွာရှိ စစ်ကောင်စီစခန်းသို့ ဆက်လက်ထွက်ခွာခဲ့ကြရာ ထိုလမ်းတစ်လျှောက်ရှိ ပြည်သူများကလည်း တောထဲ ထွက်ပြေးကာ အကာကွယ်ယူခဲ့ကြပါတယ်။

ထိုထဲတွင် ထယ်ဘွဲ့ရွာ မရောက်ခင်တွင် တည်ရှိသော ဝလံတဲ ကျေးရွာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး စစ်ကောင်စီယာဉ်တန်းဟာ ဝလံတဲ ကျေးရွာတွင် ၄ ည ခန့်နားသောကြောင့် ရွာသားများဟာ တောထဲမှာသာ တစ်ယောက်မကျန် အကာအကွယ် ယူခဲ့ကြပါတယ်။

ထိုသို့ တောထဲ ထွက်ပြေးပြီးနောက် ခုတော့ ရွာကိုပြန်လာနိုင်ပြီဖြစ်သော်လည်း အများစုဟာ ဖျားနာနေကြောင်း သိရပါတယ်။

“မနေ့က ညနေပိုင်းလောက်ရောက်တော့ နေမကောင်းတဲ့ သူက တော်တော်များလာတယ်။ ဘယ်လိုဖြစ်သွားလဲ ကျွန်မလည်း သေချာ မပြောတက်တော့။ အားလုံးက တောထဲမှာ အစာသေချာမစားနိုင်တော့ပဲ ပင်ပန်းနေလို့ ထင်ပါတယ်။ အသက်ကြီးပိုင်းတွေက ပိုပြီး ခံရတာပေါ့။ မနေ့ကပဲ အသက် ၈၀ ကျော်အဘိုးကြီးတစ်ယောက်ဟာ ဆုံးသွားခဲ့တယ်။ သူ့ဟာသူနေရင် ဒီလို ဖြစ်လာစရာ အကြောင်းမရှိဘူးလေ၊ ခုတော့ စစ်ဘေးရှောင်နေရင်း အသက်ကြီးပိုင်းဆိုတော့ နေမကောင်းဖြစ်ပြီး ဆုံးသွားတာ” ဟု ဝလံတဲရွာသူ တစ်ဦးက ပြောပါတယ်။

ရွာသားအများအပြား ဖျားနာပေမယ့်လည်း ရွာထဲတွင် ၄ ညတာအိပ်ခဲ့သော စစ်သားများဟာ အိမ်တိုင်းကို ဖောက်ထွင်းပြီး ပစ္စည်းများအားလုံးကို ယူသွားသောကြောင့် ရွာသားများဟာ ဆန်၊ ဆီ ၊ ဆား တောင် မရှိခဲ့ကြကြောင်း ဆိုပါတယ်။ ထို့အပြင် ရွာထဲက ဆိုင်ကယ် ၁၀ စီးခန့်၊ ကား ၁ စီး နှင့် ရှိသမျှ ဆိုလာပြားနှင့် ဘတ်ထရီအိုးများကိုလည်း ယူသွားတယ်လို့ ဆိုပါတယ်။

Zawgyi

မတူပီၿမိဳ႕နယ္က စစ္ေဘးေရွာင္ ႐ြာသားအမ်ားအျပား ဖ်ားနာမႈျဖစ္ပြား

ဧၿပီလ အေစာပိုင္းက မတူပီၿမိဳ႕ကို ေရာက္ရွိခဲ့ေသာ စစ္ေကာင္စီယာဥ္တန္းဟာ မတူပီ-ပလက္ဝလမ္း ထယ္ဘြဲ႕ေက်း႐ြာရွိ စစ္ေကာင္စီစခန္းသို႔ ဆက္လက္ထြက္ခြာခဲ့ၾကရာ ထိုလမ္းတစ္ေလွ်ာက္ရွိ ျပည္သူမ်ားကလည္း ေတာထဲ ထြက္ေျပးကာ အကာကြယ္ယူခဲ့ၾကပါတယ္။

ထိုထဲတြင္ ထယ္ဘြဲ႕႐ြာ မေရာက္ခင္တြင္ တည္ရွိေသာ ဝလံတဲ ေက်း႐ြာလည္း တစ္ခုအပါအဝင္ျဖစ္ၿပီး စစ္ေကာင္စီယာဥ္တန္းဟာ ဝလံတဲ ေက်း႐ြာတြင္ ၄ ည ခန႔္နားေသာေၾကာင့္ ႐ြာသားမ်ားဟာ ေတာထဲမွာသာ တစ္ေယာက္မက်န္ အကာအကြယ္ ယူခဲ့ၾကပါတယ္။

ထိုသို႔ ေတာထဲ ထြက္ေျပးၿပီးေနာက္ ခုေတာ့ ႐ြာကိုျပန္လာႏိုင္ၿပီျဖစ္ေသာ္လည္း အမ်ားစုဟာ ဖ်ားနာေနေၾကာင္း သိရပါတယ္။

“မေန႔က ညေနပိုင္းေလာက္ေရာက္ေတာ့ ေနမေကာင္းတဲ့ သူက ေတာ္ေတာ္မ်ားလာတယ္။ ဘယ္လိုျဖစ္သြားလဲ ကြၽန္မလည္း ေသခ်ာ မေျပာတက္ေတာ့။ အားလုံးက ေတာထဲမွာ အစာေသခ်ာမစားႏိုင္ေတာ့ပဲ ပင္ပန္းေနလို႔ ထင္ပါတယ္။ အသက္ႀကီးပိုင္းေတြက ပိုၿပီး ခံရတာေပါ့။ မေန႔ကပဲ အသက္ ၈၀ ေက်ာ္အဘိုးႀကီးတစ္ေယာက္ဟာ ဆုံးသြားခဲ့တယ္။ သူ႔ဟာသူေနရင္ ဒီလို ျဖစ္လာစရာ အေၾကာင္းမရွိဘူးေလ၊ ခုေတာ့ စစ္ေဘးေရွာင္ေနရင္း အသက္ႀကီးပိုင္းဆိုေတာ့ ေနမေကာင္းျဖစ္ၿပီး ဆုံးသြားတာ” ဟု ဝလံတဲ႐ြာသူ တစ္ဦးက ေျပာပါတယ္။

႐ြာသားအမ်ားအျပား ဖ်ားနာေပမယ့္လည္း ႐ြာထဲတြင္ ၄ ညတာအိပ္ခဲ့ေသာ စစ္သားမ်ားဟာ အိမ္တိုင္းကို ေဖာက္ထြင္းၿပီး ပစၥည္းမ်ားအားလုံးကို ယူသြားေသာေၾကာင့္ ႐ြာသားမ်ားဟာ ဆန္၊ ဆီ ၊ ဆား ေတာင္ မရွိခဲ့ၾကေၾကာင္း ဆိုပါတယ္။ ထို႔အျပင္ ႐ြာထဲက ဆိုင္ကယ္ ၁၀ စီးခန႔္၊ ကား ၁ စီး ႏွင့္ ရွိသမွ် ဆိုလာျပားႏွင့္ ဘတ္ထရီအိုးမ်ားကိုလည္း ယူသြားတယ္လို႔ ဆိုပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်