မတူပီမြို့နယ်မှာ ၁၀ ရက်ကြာတိုက်ပွဲဖြစ်ရာ စစ်ကောင်စီ ၁၈ ယောက်သေဆုံးပြီး ပြည်သူ ၃ ထောင်ကျော်ထွက်ပြေးတိမ်းရှောင်

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၉ ရက်ကစပြီး ၁၈ ရက်အထိ အာဏာသိမ်းစစ်ကောင်စီတပ် အင်အား ၁၀၀ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-Zotung, CNA, YDF, YDF-Yaw, CDF-Hakha, CDF-Matupi, CDF-Senthang CDF-Zophei, CDF-Lautu ပူးပေါင်းတပ်ဖွဲ့တို့ ၁၁ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF-Zotung က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာအာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ၁၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ CDF-Zotung တပ်ဖွဲ့က ရဲဘော်တစ်ယောက်ကျဆုံးပြီး ၂ ဒဏ်ရာရရှိသွားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ လူနေအိမ် နဲ့ ဆိုင်ကယ်တွေဖျက်ဆီးကြပါတယ်။ ဒါကြောင့် အရပ်သားပြည်သူ ၃ ထောင်ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးကြပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ လူ ၄၀၀ ကျော် စစ်ဘေးရှောင်ကြပါတယ်။

Zawgyi

မတူပီၿမိဳ႕နယ္မွာ ၁၀ ရက္ၾကာတိုက္ပြဲျဖစ္ရာ စစ္ေကာင္စီ ၁၈ ေယာက္ေသဆံုးၿပီး ျပည္သူ ၃ ေထာင္ေက်ာ္ထြက္ေျပးတိမ္းေရွာင္

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္အတြင္းမွာ ဇန္နဝါရီလ ၉ ရက္ကစၿပီး ၁၈ ရက္အထိ အာဏာသိမ္းစစ္ေကာင္စီတပ္ အင္အား ၁၀၀ နဲ႔ ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြျဖစ္တဲ့ CDF-Zotung, CNA, YDF, YDF-Yaw, CDF-Hakha, CDF-Matupi, CDF-Senthang CDF-Zophei, CDF-Lautu ပူးေပါင္းတပ္ဖြဲ႕တို႔ ၁၁ ႀကိမ္တိုက္ပြဲျဖစ္ပြားခဲ့တယ္လုိ႔ CDF-Zotung က ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။

အဲ့ဒီတိုက္ပြဲမွာအာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ ၁၈ ဦးေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိခဲ့ပါတယ္။ CDF-Zotung တပ္ဖြဲ႕က ရဲေဘာ္တစ္ေယာက္က်ဆုံးၿပီး ၂ ဒဏ္ရာရရွိသြားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ လူေနအိမ္ နဲ႔ ဆိုင္ကယ္ေတြဖ်က္ဆီးၾကပါတယ္။ ဒါေၾကာင့္ အရပ္သားျပည္သူ ၃ ေထာင္ေက်ာ္ဟာ ေဘးလြတ္ရာကိုထြက္ေျပးၾကၿပီး အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္မွာ လူ ၄၀၀ ေက်ာ္ စစ္ေဘးေရွာင္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ဇိုခွါသာရ် နယ်စပ်ဂိတ် ပုံမှန်အတိုင်းပြန်ဖွင့်၊မေလ ၁ ရက်နေ့ အပြီးပိတ်ဖို့ အစီအစဉ်ကိုလည်း ရုပ်သိမ်း

၂၆၊ဧပြီ ၊၂၀၂၄ Zalen အိန္ဒိယ နိုင်ငံပြည်သူ့ရွေးကောက်ပွဲကို အကြောင်းပြကာ ဧပြီလ ၁၇ ကနေ ၁၉ ရက်အထိပိတ်ပင်ခဲ့တဲ့ ဇိုခေါသာရ်-ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်တံတားကို မနေ့ ဧပြီလ ၂၅ ရက်ကနေစပြီး ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ခဲ့ တယ်လို့ သိရပြီး ...

ဆက်ဖတ်ရန်