မတူပီမြို့နယ် လည်မြိုတံတားအနီးတွင် မြေပြိုမှုကြောင့် ခရီးသည်ကားများ သောင်တင်နေ

ချင်းပြည်နယ်၊ မတူပီမြို့နယ် မင်းတပ်-မတူပီ ကားလမ်းပေါ်ရှိ လည်မြိုမြစ် တံတားအနီးတွင် ဇွန် ၂၄ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ပြီး ခရီးသည်ကားများ ခရီးမဆက်နိုင်ပဲ သောင်တင်နေရကြောင်း ဒေသခံများက ပြောပါတယ်။

မြေစာတွေရှင်းလင်းရန် စစ်ကောင်စီတာဝန်ရှိသူများက စက်ကြီး လွှတ်ပေမယ့် ဒေသခံကာကွယ်ရေးများက ၎င်းတို့ကို အကြောင်းမကြားသောကြောင့် ဟုဆိုကာ ထိုစက်ကြီးကို ထိန်းသိမ်းထားကြောင်း သိရပါတယ်။

ဒါ့ကြောင့် ခုတော့ မင်းတပ်သို့ အသွား လည်မြိုတံတားအကျော်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကို ရှင်လင်းနိုင်ရန် စက်ကြီးမရှိသောကြောင့် မတူပီမြို့ပေါ်က လူများ လူအင်အားသုံး သွားရောက်ရှင်လင်းခဲ့ရကြောင်း ဆိုကြပါတယ်။

“မင်းတပ်ဘက်ကို ထွက်ခွာဖို့ သွားခဲ့တဲ့ ကား ၅ စီးလောက်ကတော့ လည်မြိုတံတားမှာပဲ သောင်တင်နေဆဲပါ။ မနေ့ကတစ်ရက် ပြီးတော့ ဒီနေ့လည်း မြို့ပေါ်က လူတွေ သွားပြီး လူအင်အားဖြင့် လမ်းကို ရှင်းလင်းရန် သွားခဲ့ကြတယ်။ ခုထိတော့ မပြီးသေးဘူး” ဟု မတူပီမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

မတူပီမြို့နယ်ဟာ အဝင်အထွက် မရှိသလောက် နည်းပါးသော မြို့တစ်မြို့ဖြစ်သောကြောင့် ခုတော့ ကုန်ဈေးနှုန်းများကလည်း အလွန်မြင့်တက်လာနေပြီဖြစ်ပါတယ်။ မင်းတပ်-မတူပီကားလမ်း အသုံးပြုလို့မရသော အချိန်များတွင် ဒေသခံများဟာ ဂန့်ဂေါဘက်ကနေတစ်ဆင့် ခရီးသွားစရိတ်များ ၂ ဆ ၃ ဆ ခန့်ပေးကာ ခရီးသွားကြရပါတယ်။

Zawgyi

မတူပီၿမိဳ႕နယ္ လည္ၿမိဳတံတားအနီးတြင္ ေျမၿပိဳမႈေၾကာင့္ ခရီးသည္ကားမ်ား ေသာင္တင္ေန

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္ မင္းတပ္-မတူပီ ကားလမ္းေပၚရွိ လည္ၿမိဳျမစ္ တံတားအနီးတြင္ ဇြန္ ၂၄ ရက္က ေျမၿပိဳမႈျဖစ္ပြားခဲ့ၿပီး ခရီးသည္ကားမ်ား ခရီးမဆက္ႏိုင္ပဲ ေသာင္တင္ေနရေၾကာင္း ေဒသခံမ်ားက ေျပာပါတယ္။

ေျမစာေတြရွင္းလင္းရန္ စစ္ေကာင္စီတာဝန္ရွိသူမ်ားက စက္ႀကီး လႊတ္ေပမယ့္ ေဒသခံကာကြယ္ေရးမ်ားက ၄င္းတို႔ကို အေၾကာင္းမၾကားေသာေၾကာင့္ ဟုဆိုကာ ထိုစက္ႀကီးကို ထိန္းသိမ္းထားေၾကာင္း သိရပါတယ္။

ဒါ႔ေၾကာင့္ ခုေတာ့ မင္းတပ္သို႔ အသြား လည္ၿမိဳတံတားအေက်ာ္တြင္ ျဖစ္ပြားခဲ့ေသာ ေျမၿပိဳမႈကို ရွင္လင္းႏိုင္ရန္ စက္ႀကီးမရွိေသာေၾကာင့္ မတူပီၿမိဳ႕ေပၚက လူမ်ား လူအင္အားသုံး သြားေရာက္ရွင္လင္းခဲ့ရေၾကာင္း ဆိုၾကပါတယ္။

“မင္းတပ္ဘက္ကို ထြက္ခြာဖို႔ သြားခဲ့တဲ့ ကား ၅ စီးေလာက္ကေတာ့ လည္ၿမိဳတံတားမွာပဲ ေသာင္တင္ေနဆဲပါ။ မေန႔ကတစ္ရက္ ၿပီးေတာ့ ဒီေန႔လည္း ၿမိဳ႕ေပၚက လူေတြ သြားၿပီး လူအင္အားျဖင့္ လမ္းကို ရွင္းလင္းရန္ သြားခဲ့ၾကတယ္။ ခုထိေတာ့ မၿပီးေသးဘူး” ဟု မတူပီၿမိဳ႕နယ္ ေဒသခံ တစ္ဦးက ေျပာပါတယ္။

မတူပီၿမိဳ႕နယ္ဟာ အဝင္အထြက္ မရွိသေလာက္ နည္းပါးေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေသာေၾကာင့္ ခုေတာ့ ကုန္ေဈးႏႈန္းမ်ားကလည္း အလြန္ျမင့္တက္လာေနၿပီျဖစ္ပါတယ္။ မင္းတပ္-မတူပီကားလမ္း အသုံးျပဳလို႔မရေသာ အခ်ိန္မ်ားတြင္ ေဒသခံမ်ားဟာ ဂန႔္ေဂါဘက္ကေနတစ္ဆင့္ ခရီးသြားစရိတ္မ်ား ၂ ဆ ၃ ဆ ခန႔္ေပးကာ ခရီးသြားၾကရပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်