မနိုင်တဲ့စစ်မတိုက်သင့်! CNA အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ZRA တို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့လို

ဆလိုင်း ဒိုခါရ်

ချင်းလူမျိုး​နေထိုင်ရာနှင့် ချင်း​တော်လှန်​ရေး သမိုင်းအကျဉ်းချုပ်
ချင်းလူမျိုး​တွေ​အ​ရေးပြောရင် မြန်မာပြည်က ချင်းလူမျိုး အ​ရေးတစ်ခုထဲ​ပြောလို့မရဘူး။ Myanmar, India, Bangladesh နှင့် တခြားပြည်ပ​ရောက် ချင်းလူမျိုးအ​ရေး​တွေကို နိုင်ငံ​ရေးသမား​တွေအ​နေနဲ့ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ လက်ရှိအ​ခြေအ​နေအရ ထင်သာမြင်သာရှိတာက အိန္ဒိယနိုင်ငံဘက်​ပြေးလာတဲ့ ချင်းစစ်​ပြေးဒုက္ခသည်​တွေကို ကူညီတာအိန္ဒိယအစိုးရမဟုတ်ဘဲ ချင်းလူမျိုးအိန္ဒိယနိုင်ငံသား​တွေနှင့် တတိယနိုင်ငံ​ရောက် ချင်းလူမျိုး​တွေသာဖြစ်တယ်။ အထူးသဖြင့် မီဇိုရမ် နှင့် မဏီပူရ် ပြည်နယ်ကလူ​တွေဖြစ်တယ်။ ဒီ ချင်း၊ မီဇိုရမ် နှင့် မဏီပူရ် ဟာ လက်ရှိစစ်ကောင်စီကိုတိုက်ထုတ်ရာမှာဖြစ်​စေ ​​ရေရှည်ချင်းလူမျိုး​တွေရဲ့ နိုင်ငံ​ရေးနှင့် ဖွံ့ဖြိုး​ရေးအတွက် အ​ရေးပါဆုံးနယ်​မြေဖြစ်တာ​ကြောင့် နိုင်ငံ​ရေးသမားတိုင်းက ဒီနယ်​မြေသုံးခု ငြိမ်းချမ်း​ရေးကို လွှမ်းခြုံ​အောင် ​တွေးနိုင်ဖို့လိုပါတယ်။ ဒါ​ကြောင့် နယ်​မြေသုံးခုမှာ လှုပ်ရှားခဲ့ကြတဲ့ အကြီးမားဆုံး၊ ဝါအရင့်ဆုံး၊ ချင်းလူမျိုးများ​ထောက်ခံမှုအများဆုံးလက်နက်ကိုင်အဖွဲ့​တွေရဲ့ လက်ရှိအ​ခြေအနေကို ချင်းပြည်သူ​တွေအ​နေနဲ့ အ​ခြေခံ​လေး​တော့ သိထားကြဖို့လိုပါတယ်။ အဲ့ဒါ​က MNF/MNA၊ CNF/CNAနှင့် ZRO/ZRA ​တွေဖြစ်ပါတယ်။

MNF/MNA
မီဇိုရမ် ပြည်နယ်အတွက် လွတ်လပ်​ရေးတိုက်ပွဲဝင်ဖို့ ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၆ ခုနှစ် မတ်လ ၂၅ ရက်တွင် လွတ်လပ်​ရေး​ကြေငြာခဲ့ပါတယ်။ လက်နက်ကိုင်တိုက်ပွဲ​တွေ ၁၉၆၆ ခုနှစ် ထိဆင်နွှဲပြီးမှ အိန္ဒိယနိုင်ငံဗဟိုအစိုးရနှင့် ငြိမ်းချမ်း​​ရေးလက်မှ​ရေးထိုးပြီး လက်ရှိအချိန်မှာ MNF (Mizo National Front) ဟာ မီဇိုရမ် ပြည်နယ်အနိုင်ရ ပါတီဖြစ်​နေပါတယ်။ MNF ရဲ့ကြိုးစားအားထုတ်မှု​ကြောင့် မီဇိုရမ် ပြည်နယ်ဟာ အင်မတန်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်ဖြစ်​နေပါတယ်။

CNF/CNA
၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ချင်းလူမျိုးများ မြန်မာပြည်တွင်း တန်းတူအခွင့်အ​ရေးရရှိ​ရေးအတွက် တိုက်ပွဲဝင်​နေတဲ့ ချင်းပြည်နယ် အင်အားအကြီးဆုံးနှင့် ဝါအရင့်ဆုံး လက်နက်ကိုင်ဖြစ်ပါတယ်။ NCA ငြိမ်းချမ်း​ရေးသ​ဘောတူစာချုပ်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ လက်မှတ်​ရေးထိုးပြီး ချင်းတစ်မျိုးသားလုံးအ​ရေးကို ဗဟိုအစိုးရထံကိုယ်စားပြု​ဆွေး​နွေခဲ့​သော အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ချင်းအမျိုးသား​ရေးအတွက် အ​ရေးပါတဲ့ Interim Chin National Consultative Council မှာ​သော်လည်း​ကောင်း၊ Chinland Joint Defense Committee မှာ​သော်လည်း​ကောင်း အ​ရေးကြီးတဲ့ အခန်းကဏ္ဍ​တွေမှာ ပါဝင်ပြီး ​ချင်းအမျိုးသား​တော်လှန်​ရေးအတွက် ဦး​ဆောင်​နေ​သော အဖွဲ့ဖြစ်ပါတယ်။

ZRO/ZRA
သူတို့မူဝါဒအရ Manipur, Mazoram, Chin, Bangaladesh ချင်းလူမျိုး​တွေအ​ရေးအတွက် တိုက်ပွဲဝင်ဖို့ဆိုပြီး April 1993 မှာ စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ ဦး​ဆောင်သူမှာ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ တွန်းဇံမဲဆန္ဒနယ်က​နေ အနိုင်ရခဲ့တဲ့ လွှတ်​တော်ကိုယ်လှယ်​ဟောင်း Pu Thanglianpau Guite ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ZRA ဟာ နှစ်ဖွဲ့ကွဲပြီး တစ်ဖွဲ့က​တော့ အိန္ဒိယအစိုးရရဲ့ နယ်ခြား​စောင့်တပ်အသွင် ကူးထားပြီး တစ်ဖွဲ့က​တော့ ဆက်လက်ပြီးသူတို့နိုင်ငံ​ရေး ရည်မှန်းချက်အတိုင်းတိုက်ပွဲဝင်​နေကြတာဖြစ်ပါတယ်။ လက်ရှိအ​ခြေအချိန်မှာ Zomi Congress for Democracy အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး NUCC မှာ အဖွဲ့ဝင်ဖြစ်ဖို့ကြိုးစား​နေတယ်လို့သိရ (တချို့က NUCC မှာအဖွဲ့ဝင်ဟုဆို)တဲ့ Zomi Political Coordination Committee (Myanmar)တွင် ZRA ဟာအဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ဇိုဂမ် ပဋိညာဏ် စာတမ်းကို ပြုစုရာတွင် အ​ရေးကြီး ကဏ္ဍမှာ ပါဝင်​နေပါတယ်။

ZRAနှင့် CNA တိုက်ပွဲကိစ္စ
ZRA က စစ်​ကောင်စီကိုမတိုက်ဘဲ ​ဒေသကာကွယ်​ရေးတပ်ကိုသာ တိုက်ခိုက်​နေတာဖြစ်တယ်။ ဒါ​ကြောင့် ဒီ​လို လက်နက်ကိုင်​ဖြေရှင်းရတဲ့အထိဖြစ်တာဆိုပြီး ​ပြောသူ​တွေရှိတယ်။ ​နောက် CNA က စကစ​တွေကို သွားတိုက်ရင်း ZRA ကစစ်ကောင်စီဘက်က ကူတိုက်​ပေးလို့တိုက်ဖြစ်တယ်လို့ တချို့က​ပြောကြတယ်။ ZRA ဘက်ကလည်း စာအရှည်ကြီးထုတ်ပြန်ချက်​ရေးပြီး CNA က ကိုယ့်ထိန်းချုပ်နယ်​မြေထဲဝင်ပြီးလာတိုက်တယ်။ လူသားဒိုင်း​တွေအဖြစ်ရွာသား​တွေကိုလုပ်တယ် ဓမ္မဆရာတစ်ဦးကိုလည်း ဖမ်းတယ်လို့ဆိုပါတယ်။ ဒါဘုရားနှင့်တကယ် လုပ်တဲ့သူ​တွေဘဲသိတဲ့ကိစ္စဖြစ်​တော့ ကျုပ်အ​နေနဲ့ ဘယ်သူ​ပြောတာမှန်မလဲဆိုတာ​ပြောမရသလို ​ပြောလည်းမ​ပြောချင်ဘူး။ ​သေချာတာက​တော့ ZRA နှင့် ​ဒေသကာကွယ်​ရေးအဖွဲ့ အကြား သ​ဘောထားကွဲလွဲမှု​ကြောင့် အသက်​ပေးတဲ့ပြည်သူ​တွေနှင့် ဖမ်းဆီးနှိပ်စက်ခံပြည်သူ​တွေ ၁၀ ​ယောက်အထက်ရှိပြီဆိုတာဘဲ။ အချင်းချင်းက​တော့ လက်ညှိုးထိုးကြတယ်။ ပြည်သူ​တွေက​တော့ ကိုယ်အား​ပေးတဲ့အဖွဲ့ကမှန်တယ်ထင်ပြီး Facebook ​ပေါ်မှာ ငြင်းကြတယ်။

ရှမ်းပြည်နယ်က သင်ခန်းစာ
ရှမ်းပြည်ကရှမ်းလူမျိုးကိုအ​ခြေခံပြီး ဖွဲ့စည်းတဲ့ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ RCSS နှင့် SSPP ​ကြား လက်နက်ကိုင်တိုက်ပွဲဖြစ်တယ်။ အတိုချုပ်ပြီး​ပြောရရင် သူတို့ ၂ ဖွဲ့စလုံးရဲ့ လက်နက်ကိုင်အင်းအားဟာ အနည်းဆုံး ၅၀၀၀ အထက်ရှိပါတယ်။ လချီကြာပြီးတိုက်ပွဲဖြစ်ကြတယ်။ ဘယ်သူကမှမနိုင်ဘဲ သူတို့ပြည်သူ ​​ထောင်ချီစစ်​ရှောင်ကြတယ်။ အပြစ်မဲ့ပြည်သူအပါအဝင် ရှမ်းလူမျိုး စစ်သည်​တော်​တွေအသက်​ပေးလှူကြတယ်။ ရလဒ်က အချင်းချင်းအမုန်းပွားခြင်းဘဲဖြစ်တယ်။ ​နောက်ဆုံး စားပွဲဝိုင်းမှာ​ဆွေး​နွေးဖို့သာ ​ပြောလာကြတယ်။ တိုက်ပွဲဖြစ်ပြီး​ဆွေး​နွေးဖို့က ၂ ဖွဲ့လုံးအတွက် အထိနာပြီမို့ အဆင်မ​ပြေနိုင်​တော့ဘူး။ သူတို့လက်နက်ခဲယမ်း​တွေကုန်တာ​ ငွေတန်ဖိုးနဲ့တွက်ရင် ဘယ်​လောက်ကုန်မလဲ တွက်သာကြည့်ကြပါ​တော့။

CNA နှင့် ZRA တိုက်ပွဲဖြစ်​စေချင်သူ​တွေသိဖို့
CNA ဟာ ၁၉၈၈ ခုနှစ်က​နေ ယ​နေ့တိုင် ခန့်မှန်း​ခြေ အင်းအား ၄ သိန်းရှိတဲ့ စကစတပ်က နိုင်​အောင်မတိုက်နိုင်တဲ့အဖွဲ့ဖြစ်တယ်။ အင်းအား ​ထောင်ဂဏန်းရှိတဲ့ ZRA က CNA ကိုတစ်သက်လုံးတိုက်လည်းနိုင်မှာမဟုတ်ဘူး။ ZRA ဆိုတာကလည်း ၁၉၉၃ ခုနှစ်က​နေစပြီး ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ စစ်တပ်ကို ရင်ဆိုင်ရင်း ခုထိရပ်တည်ခဲ့တယ်။ ​သေချာတာက ZRA ကို CNA ကတိုက်ရင်လည်း တစ်သက်လုံးနိုင်မှာမဟုတ်ဘူး။

CNA နှင့် ZRA ကြားလက်နက်ဖြင့်​ဖြေရှင်းပါက ဆိုးကျိုးများ
မြန်မာနိုင်ငံဘက်က ချင်းပြည်နယ် ဖက်ဒ​ရေပြည်နယ် ဖြစ်လာသည်ဖြစ်​စေ၊ လွတ်လပ်​ရေးရသွားသည်ဖြစ်​စေ ချင်းပြည်တွင်းစစ်ပွဲရပ်တန့်နိုင်မှာမဟုတ်ဘူး။ ဖွံ့ဖြိုး​ရေးဘယ်​လောက်ထိခိုက်မလဲသာ စဉ်းစားတတ်သူတိုင်းသိတယ်။ Manipur ဘက်က​နေ နှစ်စဉ် ​ဒေါ်လာ သန်းချီ ချင်းပြည်အတွက်ဝင်​ငွေရနိုင်တဲ့ လမ်း​ကြောင်းက ပိတ်သွားသလိုဖြစ်မည်။ ချင်းပြည်သူအချင်းချင်း သ​ဘောထားကွဲလွဲမှုကို အ​ဖြေရှာမရနိုင်တဲ့အထိဖြစ်သွားမည်။ အပြစ်မဲ့ပြည်သူအသက်​ပေါင်းများစွာ​စတည်းရမည်။ စစ်​ရှောင်လူဦး​ရေ တိုးမည်။ စစ်​ကောင်စီကိုတိုက်ခိုက်ဖို့ လက်နက်အား​၊ လူအားလျှော့မည်။ ပြည်သူပိုင်ပစ္စည်းများစွာပျက်ဆီးမည်။ ပြန်လည်​ထူ​ထောင်​ရေးအတွက် နှစ်ခါနာသလိုဖြစ်မည်။ ၂ ဖွဲ့တိုက်ပွဲ​တွေကြားမှာ စစ်​ကောင်စီကအမြတ်ထုတ်မည်။ ချင်းနိုင်ငံ​ရေးမှာ NUG တို့ CRPH တို့ တခြားနိုင်ငံ​ရေးအင်အားစု​တွေက ဆရာဝင်လုပ်မည်။ အခန့်မသင့်ရင် အသုံးချခြင်းပါခံရမည်။ သူများလူမျိုးကို အ​ဖေ​ခေါ်အားကိုးချင်စိတ်တိုးမည်။ အခု​တောင် NUG ကိုအ​ဖေ​ခေါ်ပြီး ​ထောက်ခံမှုရဖို့ ကြိုးစားကြတဲ့ လက္ခဏာ​တွေ့​နေရပြီ။ ချင်းအ​​ရေးကို ချင်းမ​ဖြေရှင်းနိုင်ဘဲ သူများဝင်​ဖြေရှင်း​ပေးတဲ့ ဘဝ​ရောက်သွားပြီး တသက်လုံးကျွန်စိတ်​ပေါက်ပြီး သူများကို အားကိုး​နေတဲ့အဖြစ်က​နေ မလွတ်​မြောက်နိုင်ဘူး။ သုံးနိုင်ငံမှာ ပြန့်​နေတဲ့ချင်းလူမျိုးအ​ရေးမ​ပြောနဲ့​တော့ ၄ သိန်း​ကျော်သာ​နေထိုင်တဲ့ မြန်မာပြည်က ချင်းပြည်နယ်​မှာ နယ်​မြေလုတဲ့ ဘဝက​နေ နှစ်​ပေါင်းတစ်ရာမှာ​တောင် လွတ်လပ်မှာမဟုတ်ဘူး။ ​သေချာတာ CNA ​နှင့် ZRA ကသာ ကြာရှည်တိုက်ပွဲဖြစ်ရင် လက်ရှိ CDF တို့ကလည်း ဟိုအဖွဲ့နဲ့မဟာမိတ်ဖြစ်လိုက် ဒီအဖွဲ့နဲ့ မဟာမိတ်ဖြစ်လိုက်နဲ့ လူဦး​ရေ ၄ သိန်း​ကျော်ရှိတဲ့ ချင်းလူမျိုး​တွေ ချင်းပြည်က​နေအကုန်ထွက်သွားပြီး လက်နက်ကိုင်​တော်လှန်​ရေးအဖွဲ့​တွေသာ ကျန်ခဲ့တဲ့ သမိုင်းတွင် အဖြစ်ကို​တောင် ​ရောက်နိုင်​ခြေရှိတယ်။ ဒီ​တော့ အချင်းချင်း​ဆွေး​နွေးအ​ဖြေရှာတဲ့ လမ်းဖြင့် အ​ဖြေရှာကြဖို့ကို ကျုပ်အ​နေနဲ့ တိုက်တွန်း​နေရတာဖြစ်တယ်။

ကျုပ်ရပ်တည်ချက်
ချင်းလူမျိုးအချင်းချင်း ​သွေး​မြေကျ​စေတဲ့ လုပ်ရပ်မှန်သမျှကန့်ကွက်တယ်။ လက်နက်ကိုင်အဖွဲ့​တွေရဲ့ ကတိသစ္စာတစ်ရပ်ဖြစ်တဲ့ ကိုယ့်အမျိုးအရင်းတောင် ​တော်လှန်​ရေးကိုထိခိုက်ရင် ရှင်းပစ်ရမည်ဆိုတာကို ချင်းလူမျိုးအချင်းချင်းမှာ မသုံးကြဖို့။ လွန်ခဲ့​သော အချိန်တိုအတွင်း ချင်းအချင်းချင်းပြသနာမှာ ကိုယ့်​တော်လှန်​ရေးကို ထိခိုက်ရင် သတ်ပစ်ရမယ်ဆို​တဲ့ ရပ်တည်ချက်​ကြောင့် မ​သေသင့်ဘဲ​သေကြတာဖြစ်တယ်။ ထိုအကျိုးဆက်​ကြောင့် သ​ဘောထားကွဲလွဲမှုမြင့်မားလာပြီး လက်နက်ကိုင်​ဖြေရှင်းတဲ့အထိဖြစ်လာတယ်။ ဒီ​တော့ ZRA ကပြည်သူကို သတ်ရင် (သို့) CNA အပါအဝင် ချင်း​တော်လှန်​ရေးအဖွဲ့ဝင်တစ်ဦးဦးကို သတ်ရင်လက်မခံသလို CNA အ​ပါအဝင် ဘယ်လက်နက်ကိုင်မဆိုက ZRA အဖွဲ့ဝင်ကိုသတ်တယ်၊တခြားတော်လှန်​ရေးအဖွဲ့ဝင် တစ်ဦးဦးကို သတ်တယ်ဆိုရင် လုံးဝကန့်ကွက်မှာဘဲ။ ကျုပ်တို့လိုလားတာ တိုင်းပြည်အ​ပြောင်းအလဲ။ ဒီလိုအပ်ချက်ကို ​ဆွေး​နွေးအ​ဖြေရှာခြင်းဖြင့် အ​ကောင်အထည်​ဖော်တာကို စစ်​ခွေး​တွေက လက်မခံလို့ လက်နက်ကို​င်ဖြေရှင်းခြင်းဖြင့်သာရမည်ယူဆလို့ လက်နက်ကိုင်ကြတာဖြစ်တယ်။ ပြဿနာမှန်သမျှ လက်နက်ကိုင်​ဖြေရှင်းတာကို လိုလားလို့ လက်နက်ကိုင်ကြတာမဟုတ်ဘူးဆိုတာ မ​မေ့ဖို့လိုတယ်။ ထပ်မံတိုက်​တွန်းပါပါရ​စေ ZRA နှင့် CNA အပါအဝင် စကစတပ်နှင့်မှအပ အချင်းချင်း​တော်လှန်​ရေးအင်အားစုကြားမှာ လက်နက်ဖြင့်​ဖြေရှင်းတာကို လုံးဝမလုပ်ကြပါနဲ့ဗျာ။ ​ရှေးခိုး​တောင်းပန်ပါတယ်။

မှတ်ချက်။ ZRA ကိုအရမ်း​ထောက်ခံသလိုနဲ့ CNA ကိုတိုက်​စေချင်တဲ့လူ​တွေ ခဗျားတို့ ၅၀၀၀ တန်ကျည်ဆံတစ်​​ထောင့်လှူပြီး​အော်​နေချိန် ZRA က လူ​တွေ အသက်နှင့် မျက်ရည်ကိုစတည်းတယ်ဆိုတာသိပါ။ CNA ကိုအရမ်း​ထောက်ခံသလိုနဲ့ ZRA ကို​မောင်းထုတ်​စေချင်တဲ့လူ ခင်ဗျားလစဉ် CNA ကို ကျည်ဆံတစ်​ထောင့်လှူနိုင်လား သူက​တော့အသက်​၊ မျက်ရည်နှင့် ​ချွေးရင်းပြီးလုပ်ရတာ​နော်။ စစ်​ကောင်စီ​ကြောင့် လူတစ်ဦးမှ အသက်​ပေးလှူရတာမျိုးကို​တောင် မဖြစ်​စေချင်​ဘဲဖြစ်​နေရတဲ့ ကျုပ်တို့ချစ်တဲ့ ရဲ​ဘော်​တွေ အချင်းချင်း သတ်ကြမလား စဉ်းစားကြပါ။ စစ်​ကောင်စီက ခဗျားတို့ကို ​နေပြည်​တော်က​နေ လက်ခုပ်တီးပြီး ကြည့်​နေကြတယ်​နော်။

ဆလိုင္း ဒိုခါရ္ဟာ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္မွာ တသီးပုဂၢလနဲ႔ဝင္ေရာက္ယွဥ္ျပဳိင္ခဲ့သူျဖစ္ပါတယ္။ မႏၱေလးၿမိဳ႕ တေနရာက ဆႏၵျပပြဲမွာ စစ္ေကာင္စီတပ္က ေဖေဖာ္ဝါရီ ၂၇ ရက္က ဖမ္းဆီးၿပီး ဇြန္လ ၃၀ ရက္တြင္ျပန္လည္လြတ္ေျမာက္လာပါတယ္။

Zawgyi

မနိုင္တဲ့စစ္မတိုက္သင့္! CNA အပါအဝင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားႏွင့္ ZRA တို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔လို
ဆလိုင္း ဒိုခါရ္

ခ်င္းလူမ်ိဳး​ေနထိုင္ရာႏွင့္ ခ်င္း​ေတာ္လွန္​ေရး သမိုင္းအက်ဥ္းခ်ဳပ္
ခ်င္းလူမ်ိဳး​ေတြ​အ​ေရးေျပာရင္ ျမန္မာျပည္က ခ်င္းလူမ်ိဳး အ​ေရးတစ္ခုထဲ​ေျပာလို႔မရဘူး။ Myanmar, India, Bangladesh ႏွင့္ တျခားျပည္ပ​ေရာက္ ခ်င္းလူမ်ိဳးအ​ေရး​ေတြကို နိုင္ငံ​ေရးသမား​ေတြအ​ေနနဲ႔ ထည့္သြင္းစဥ္းစားဖို႔လိုပါတယ္။ လက္ရွိအ​ေျခအ​ေနအရ ထင္သာျမင္သာရွိတာက အိႏၵိယနိုင္ငံဘက္​ေျပးလာတဲ့ ခ်င္းစစ္​ေျပးဒုကၡသည္​ေတြကို ကူညီတာအိႏၵိယအစိုးရမဟုတ္ဘဲ ခ်င္းလူမ်ိဳးအိႏၵိယနိုင္ငံသား​ေတြႏွင့္ တတိယနိုင္ငံ​ေရာက္ ခ်င္းလူမ်ိဳး​ေတြသာျဖစ္တယ္။ အထူးသျဖင့္ မီဇိုရမ္ ႏွင့္ မဏီပူရ္ ျပည္နယ္ကလူ​ေတြျဖစ္တယ္။ ဒီ ခ်င္း၊ မီဇိုရမ္ ႏွင့္ မဏီပူရ္ ဟာ လက္ရွိစစ္ေကာင္စီကိုတိုက္ထုတ္ရာမွာျဖစ္​ေစ ​​ေရရွည္ခ်င္းလူမ်ိဳး​ေတြရဲ့ နိုင္ငံ​ေရးႏွင့္ ဖြံ့ၿဖိဳး​ေရးအတြက္ အ​ေရးပါဆုံးနယ္​ေျမျဖစ္တာ​ေၾကာင့္ နိုင္ငံ​ေရးသမားတိုင္းက ဒီနယ္​ေျမသုံးခု ၿငိမ္းခ်မ္း​ေရးကို လႊမ္းျခဳံ​ေအာင္ ​ေတြးနိုင္ဖို႔လိုပါတယ္။ ဒါ​ေၾကာင့္ နယ္​ေျမသုံးခုမွာ လႈပ္ရွားခဲ့ၾကတဲ့ အႀကီးမားဆုံး၊ ဝါအရင့္ဆုံး၊ ခ်င္းလူမ်ိဳးမ်ား​ေထာက္ခံမႈအမ်ားဆုံးလက္နက္ကိုင္အဖြဲ႕​ေတြရဲ့ လက္ရွိအ​ေျခအေနကို ခ်င္းျပည္သူ​ေတြအ​ေနနဲ႔ အ​ေျခခံ​ေလး​ေတာ့ သိထားၾကဖို႔လိုပါတယ္။ အဲ့ဒါ​က MNF/MNA၊ CNF/CNAႏွင့္ ZRO/ZRA ​ေတြျဖစ္ပါတယ္။

MNF/MNA
မီဇိုရမ္ ျပည္နယ္အတြက္ လြတ္လပ္​ေရးတိုက္ပြဲဝင္ဖို႔ ၁၉၆၆ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ၁၉၆၆ ခုႏွစ္ မတ္လ ၂၅ ရက္တြင္ လြတ္လပ္​ေရး​ေၾကျငာခဲ့ပါတယ္။ လက္နက္ကိုင္တိုက္ပြဲ​ေတြ ၁၉၆၆ ခုႏွစ္ ထိဆင္ႏႊဲၿပီးမွ အိႏၵိယနိုင္ငံဗဟိုအစိုးရႏွင့္ ၿငိမ္းခ်မ္း​​ေရးလက္မွ​ေရးထိုးၿပီး လက္ရွိအခ်ိန္မွာ MNF (Mizo National Front) ဟာ မီဇိုရမ္ ျပည္နယ္အနိုင္ရ ပါတီျဖစ္​ေနပါတယ္။ MNF ရဲ့ႀကိဳးစားအားထုတ္မႈ​ေၾကာင့္ မီဇိုရမ္ ျပည္နယ္ဟာ အင္မတန္ေအးခ်မ္းသာယာၿပီး ဖြံ့ၿဖိဳးတိုးတက္တဲ့ ျပည္နယ္ျဖစ္​ေနပါတယ္။

CNF/CNA
၁၉၈၈ ခုႏွစ္ မတ္လ ၂၀ ရက္ေန႔မွာ ခ်င္းလူမ်ိဳးမ်ား ျမန္မာျပည္တြင္း တန္းတူအခြင့္အ​ေရးရရွိ​ေရးအတြက္ တိုက္ပြဲဝင္​ေနတဲ့ ခ်င္းျပည္နယ္ အင္အားအႀကီးဆုံးႏွင့္ ဝါအရင့္ဆုံး လက္နက္ကိုင္ျဖစ္ပါတယ္။ NCA ၿငိမ္းခ်မ္း​ေရးသ​ေဘာတူစာခ်ဳပ္ကို ဦးသိန္းစိန္အစိုးရလက္ထက္ ၂၀၁၂ ခုႏွစ္ ဇန္နဝါရီလ ၆ ရက္ေန႔ လက္မွတ္​ေရးထိုးၿပီး ခ်င္းတစ္မ်ိဳးသားလုံးအ​ေရးကို ဗဟိုအစိုးရထံကိုယ္စားျပဳ​ေဆြး​ေႏြခဲ့​ေသာ အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ခ်င္းအမ်ိဳးသား​ေရးအတြက္ အ​ေရးပါတဲ့ Interim Chin National Consultative Council မွာ​ေသာ္လည္း​ေကာင္း၊ Chinland Joint Defense Committee မွာ​ေသာ္လည္း​ေကာင္း အ​ေရးႀကီးတဲ့ အခန္းက႑​ေတြမွာ ပါဝင္ၿပီး ​ခ်င္းအမ်ိဳးသား​ေတာ္လွန္​ေရးအတြက္ ဦး​ေဆာင္​ေန​ေသာ အဖြဲ႕ျဖစ္ပါတယ္။

ZRO/ZRA
သူတို႔မူဝါဒအရ Manipur, Mazoram, Chin, Bangaladesh ခ်င္းလူမ်ိဳး​ေတြအ​ေရးအတြက္ တိုက္ပြဲဝင္ဖို႔ဆိုၿပီး April 1993 မွာ စတင္ဖြဲ႕စည္းခဲ့ၾကပါတယ္။ ဦး​ေဆာင္သူမွာ ၁၉၉၀ ​ေရြး​ေကာက္ပြဲမွာ တြန္းဇံမဲဆႏၵနယ္က​ေန အနိုင္ရခဲ့တဲ့ လႊတ္​ေတာ္ကိုယ္လွယ္​ေဟာင္း Pu Thanglianpau Guite ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ZRA ဟာ ႏွစ္ဖြဲ႕ကြဲၿပီး တစ္ဖြဲ႕က​ေတာ့ အိႏၵိယအစိုးရရဲ့ နယ္ျခား​ေစာင့္တပ္အသြင္ ကူးထားၿပီး တစ္ဖြဲ႕က​ေတာ့ ဆက္လက္ၿပီးသူတို႔နိုင္ငံ​ေရး ရည္မွန္းခ်က္အတိုင္းတိုက္ပြဲဝင္​ေနၾကတာျဖစ္ပါတယ္။ လက္ရွိအ​ေျခအခ်ိန္မွာ Zomi Congress for Democracy အဖြဲ႕ဝင္အျဖစ္ပါဝင္ၿပီး NUCC မွာ အဖြဲ႕ဝင္ျဖစ္ဖို႔ႀကိဳးစား​ေနတယ္လို႔သိရ (တခ်ိဳ႕က NUCC မွာအဖြဲ႕ဝင္ဟုဆို)တဲ့ Zomi Political Coordination Committee (Myanmar)တြင္ ZRA ဟာအဖြဲ႕ဝင္အျဖစ္ပါဝင္ၿပီး ဇိုဂမ္ ပဋိညာဏ္ စာတမ္းကို ျပဳစုရာတြင္ အ​ေရးႀကီး က႑မွာ ပါဝင္​ေနပါတယ္။

ZRAႏွင့္ CNA တိုက္ပြဲကိစၥ
ZRA က စစ္​ေကာင္စီကိုမတိုက္ဘဲ ​ေဒသကာကြယ္​ေရးတပ္ကိုသာ တိုက္ခိုက္​ေနတာျဖစ္တယ္။ ဒါ​ေၾကာင့္ ဒီ​လို လက္နက္ကိုင္​ေျဖရွင္းရတဲ့အထိျဖစ္တာဆိုၿပီး ​ေျပာသူ​ေတြရွိတယ္။ ​ေနာက္ CNA က စကစ​ေတြကို သြားတိုက္ရင္း ZRA ကစစ္ေကာင္စီဘက္က ကူတိုက္​ေပးလို႔တိုက္ျဖစ္တယ္လို႔ တခ်ိဳ႕က​ေျပာၾကတယ္။ ZRA ဘက္ကလည္း စာအရွည္ႀကီးထုတ္ျပန္ခ်က္​ေရးၿပီး CNA က ကိုယ့္ထိန္းခ်ဳပ္နယ္​ေျမထဲဝင္ၿပီးလာတိုက္တယ္။ လူသားဒိုင္း​ေတြအျဖစ္ရြာသား​ေတြကိုလုပ္တယ္ ဓမၼဆရာတစ္ဦးကိုလည္း ဖမ္းတယ္လို႔ဆိုပါတယ္။ ဒါဘုရားႏွင့္တကယ္ လုပ္တဲ့သူ​ေတြဘဲသိတဲ့ကိစၥျဖစ္​ေတာ့ က်ဳပ္အ​ေနနဲ႔ ဘယ္သူ​ေျပာတာမွန္မလဲဆိုတာ​ေျပာမရသလို ​ေျပာလည္းမ​ေျပာခ်င္ဘူး။ ​ေသခ်ာတာက​ေတာ့ ZRA ႏွင့္ ​ေဒသကာကြယ္​ေရးအဖြဲ႕ အၾကား သ​ေဘာထားကြဲလြဲမႈ​ေၾကာင့္ အသက္​ေပးတဲ့ျပည္သူ​ေတြႏွင့္ ဖမ္းဆီးႏွိပ္စက္ခံျပည္သူ​ေတြ ၁၀ ​ေယာက္အထက္ရွိၿပီဆိုတာဘဲ။ အခ်င္းခ်င္းက​ေတာ့ လက္ညႇိုးထိုးၾကတယ္။ ျပည္သူ​ေတြက​ေတာ့ ကိုယ္အား​ေပးတဲ့အဖြဲ႕ကမွန္တယ္ထင္ၿပီး Facebook ​ေပၚမွာ ျငင္းၾကတယ္။

ရွမ္းျပည္နယ္က သင္ခန္းစာ
ရွမ္းျပည္ကရွမ္းလူမ်ိဳးကိုအ​ေျခခံၿပီး ဖြဲ႕စည္းတဲ့ ရွမ္းလက္နက္ကိုင္ ၂ ဖြဲ႕ျဖစ္တဲ့ RCSS ႏွင့္ SSPP ​ၾကား လက္နက္ကိုင္တိုက္ပြဲျဖစ္တယ္။ အတိုခ်ဳပ္ၿပီး​ေျပာရရင္ သူတို႔ ၂ ဖြဲ႕စလုံးရဲ့ လက္နက္ကိုင္အင္းအားဟာ အနည္းဆုံး ၅၀၀၀ အထက္ရွိပါတယ္။ လခ်ီၾကာၿပီးတိုက္ပြဲျဖစ္ၾကတယ္။ ဘယ္သူကမွမနိုင္ဘဲ သူတို႔ျပည္သူ ​​ေထာင္ခ်ီစစ္​ေရွာင္ၾကတယ္။ အျပစ္မဲ့ျပည္သူအပါအဝင္ ရွမ္းလူမ်ိဳး စစ္သည္​ေတာ္​ေတြအသက္​ေပးလႉၾကတယ္။ ရလဒ္က အခ်င္းခ်င္းအမုန္းပြားျခင္းဘဲျဖစ္တယ္။ ​ေနာက္ဆုံး စားပြဲဝိုင္းမွာ​ေဆြး​ေႏြးဖို႔သာ ​ေျပာလာၾကတယ္။ တိုက္ပြဲျဖစ္ၿပီး​ေဆြး​ေႏြးဖို႔က ၂ ဖြဲ႕လုံးအတြက္ အထိနာၿပီမို႔ အဆင္မ​ေျပနိုင္​ေတာ့ဘူး။ သူတို႔လက္နက္ခဲယမ္း​ေတြကုန္တာ​ ေငြတန္ဖိုးနဲ႔တြက္ရင္ ဘယ္​ေလာက္ကုန္မလဲ တြက္သာၾကည့္ၾကပါ​ေတာ့။

CNA ႏွင့္ ZRA တိုက္ပြဲျဖစ္​ေစခ်င္သူ​ေတြသိဖို႔
CNA ဟာ ၁၉၈၈ ခုႏွစ္က​ေန ယ​ေန႔တိုင္ ခန႔္မွန္း​ေၿခ အင္းအား ၄ သိန္းရွိတဲ့ စကစတပ္က နိုင္​ေအာင္မတိုက္နိုင္တဲ့အဖြဲ႕ျဖစ္တယ္။ အင္းအား ​ေထာင္ဂဏန္းရွိတဲ့ ZRA က CNA ကိုတစ္သက္လုံးတိုက္လည္းနိုင္မွာမဟုတ္ဘူး။ ZRA ဆိုတာကလည္း ၁၉၉၃ ခုႏွစ္က​ေနစၿပီး ကမၻာ့အႀကီးဆုံးနိုင္ငံျဖစ္တဲ့ အိႏၵိယနိုင္ငံရဲ့ စစ္တပ္ကို ရင္ဆိုင္ရင္း ခုထိရပ္တည္ခဲ့တယ္။ ​ေသခ်ာတာက ZRA ကို CNA ကတိုက္ရင္လည္း တစ္သက္လုံးနိုင္မွာမဟုတ္ဘူး။

CNA ႏွင့္ ZRA ၾကားလက္နက္ျဖင့္​ေျဖရွင္းပါက ဆိုးက်ိဳးမ်ား
ျမန္မာနိုင္ငံဘက္က ခ်င္းျပည္နယ္ ဖက္ဒ​ေရျပည္နယ္ ျဖစ္လာသည္ျဖစ္​ေစ၊ လြတ္လပ္​ေရးရသြားသည္ျဖစ္​ေစ ခ်င္းျပည္တြင္းစစ္ပြဲရပ္တန႔္နိုင္မွာမဟုတ္ဘူး။ ဖြံ့ၿဖိဳး​ေရးဘယ္​ေလာက္ထိခိုက္မလဲသာ စဥ္းစားတတ္သူတိုင္းသိတယ္။ Manipur ဘက္က​ေန ႏွစ္စဥ္ ​ေဒၚလာ သန္းခ်ီ ခ်င္းျပည္အတြက္ဝင္​ေငြရနိုင္တဲ့ လမ္း​ေၾကာင္းက ပိတ္သြားသလိုျဖစ္မည္။ ခ်င္းျပည္သူအခ်င္းခ်င္း သ​ေဘာထားကြဲလြဲမႈကို အ​ေျဖရွာမရနိုင္တဲ့အထိျဖစ္သြားမည္။ အျပစ္မဲ့ျပည္သူအသက္​ေပါင္းမ်ားစြာ​စတည္းရမည္။ စစ္​ေရွာင္လူဦး​ေရ တိုးမည္။ စစ္​ေကာင္စီကိုတိုက္ခိုက္ဖို႔ လက္နက္အား​၊ လူအားေလၽွာ့မည္။ ျပည္သူပိုင္ပစၥည္းမ်ားစြာပ်က္ဆီးမည္။ ျပန္လည္​ထူ​ေထာင္​ေရးအတြက္ ႏွစ္ခါနာသလိုျဖစ္မည္။ ၂ ဖြဲ႕တိုက္ပြဲ​ေတြၾကားမွာ စစ္​ေကာင္စီကအျမတ္ထုတ္မည္။ ခ်င္းနိုင္ငံ​ေရးမွာ NUG တို႔ CRPH တို႔ တျခားနိုင္ငံ​ေရးအင္အားစု​ေတြက ဆရာဝင္လုပ္မည္။ အခန႔္မသင့္ရင္ အသုံးခ်ျခင္းပါခံရမည္။ သူမ်ားလူမ်ိဳးကို အ​ေဖ​ေခၚအားကိုးခ်င္စိတ္တိုးမည္။ အခု​ေတာင္ NUG ကိုအ​ေဖ​ေခၚၿပီး ​ေထာက္ခံမႈရဖို႔ ႀကိဳးစားၾကတဲ့ လကၡဏာ​ေတြ႕​ေနရၿပီ။ ခ်င္းအ​​ေရးကို ခ်င္းမ​ေျဖရွင္းနိုင္ဘဲ သူမ်ားဝင္​ေျဖရွင္း​ေပးတဲ့ ဘဝ​ေရာက္သြားၿပီး တသက္လုံးကၽြန္စိတ္​ေပါက္ၿပီး သူမ်ားကို အားကိုး​ေနတဲ့အျဖစ္က​ေန မလြတ္​ေျမာက္နိုင္ဘူး။ သုံးနိုင္ငံမွာ ျပန႔္​ေနတဲ့ခ်င္းလူမ်ိဳးအ​ေရးမ​ေျပာနဲ႔​ေတာ့ ၄ သိန္း​ေက်ာ္သာ​ေနထိုင္တဲ့ ျမန္မာျပည္က ခ်င္းျပည္နယ္​မွာ နယ္​ေျမလုတဲ့ ဘဝက​ေန ႏွစ္​ေပါင္းတစ္ရာမွာ​ေတာင္ လြတ္လပ္မွာမဟုတ္ဘူး။ ​ေသခ်ာတာ CNA ​ႏွင့္ ZRA ကသာ ၾကာရွည္တိုက္ပြဲျဖစ္ရင္ လက္ရွိ CDF တို႔ကလည္း ဟိုအဖြဲ႕နဲ႔မဟာမိတ္ျဖစ္လိုက္ ဒီအဖြဲ႕နဲ႔ မဟာမိတ္ျဖစ္လိုက္နဲ႔ လူဦး​ေရ ၄ သိန္း​ေက်ာ္ရွိတဲ့ ခ်င္းလူမ်ိဳး​ေတြ ခ်င္းျပည္က​ေနအကုန္ထြက္သြားၿပီး လက္နက္ကိုင္​ေတာ္လွန္​ေရးအဖြဲ႕​ေတြသာ က်န္ခဲ့တဲ့ သမိုင္းတြင္ အျဖစ္ကို​ေတာင္ ​ေရာက္နိုင္​ေျခရွိတယ္။ ဒီ​ေတာ့ အခ်င္းခ်င္း​ေဆြး​ေႏြးအ​ေျဖရွာတဲ့ လမ္းျဖင့္ အ​ေျဖရွာၾကဖို႔ကို က်ဳပ္အ​ေနနဲ႔ တိုက္တြန္း​ေနရတာျဖစ္တယ္။

က်ဳပ္ရပ္တည္ခ်က္
ခ်င္းလူမ်ိဳးအခ်င္းခ်င္း ​ေသြး​ေျမက်​ေစတဲ့ လုပ္ရပ္မွန္သမၽွကန႔္ကြက္တယ္။ လက္နက္ကိုင္အဖြဲ႕​ေတြရဲ့ ကတိသစၥာတစ္ရပ္ျဖစ္တဲ့ ကိုယ့္အမ်ိဳးအရင္းေတာင္ ​ေတာ္လွန္​ေရးကိုထိခိုက္ရင္ ရွင္းပစ္ရမည္ဆိုတာကို ခ်င္းလူမ်ိဳးအခ်င္းခ်င္းမွာ မသုံးၾကဖို႔။ လြန္ခဲ့​ေသာ အခ်ိန္တိုအတြင္း ခ်င္းအခ်င္းခ်င္းျပသနာမွာ ကိုယ့္​ေတာ္လွန္​ေရးကို ထိခိုက္ရင္ သတ္ပစ္ရမယ္ဆို​တဲ့ ရပ္တည္ခ်က္​ေၾကာင့္ မ​ေသသင့္ဘဲ​ေသၾကတာျဖစ္တယ္။ ထိုအက်ိဳးဆက္​ေၾကာင့္ သ​ေဘာထားကြဲလြဲမႈျမင့္မားလာၿပီး လက္နက္ကိုင္​ေျဖရွင္းတဲ့အထိျဖစ္လာတယ္။ ဒီ​ေတာ့ ZRA ကျပည္သူကို သတ္ရင္ (သို႔) CNA အပါအဝင္ ခ်င္း​ေတာ္လွန္​ေရးအဖြဲ႕ဝင္တစ္ဦးဦးကို သတ္ရင္လက္မခံသလို CNA အ​ပါအဝင္ ဘယ္လက္နက္ကိုင္မဆိုက ZRA အဖြဲ႕ဝင္ကိုသတ္တယ္၊တျခားေတာ္လွန္​ေရးအဖြဲ႕ဝင္ တစ္ဦးဦးကို သတ္တယ္ဆိုရင္ လုံးဝကန႔္ကြက္မွာဘဲ။ က်ဳပ္တို႔လိုလားတာ တိုင္းျပည္အ​ေျပာင္းအလဲ။ ဒီလိုအပ္ခ်က္ကို ​ေဆြး​ေႏြးအ​ေျဖရွာျခင္းျဖင့္ အ​ေကာင္အထည္​ေဖာ္တာကို စစ္​ေခြး​ေတြက လက္မခံလို႔ လက္နက္ကို​င္ေျဖရွင္းျခင္းျဖင့္သာရမည္ယူဆလို႔ လက္နက္ကိုင္ၾကတာျဖစ္တယ္။ ျပႆနာမွန္သမၽွ လက္နက္ကိုင္​ေျဖရွင္းတာကို လိုလားလို႔ လက္နက္ကိုင္ၾကတာမဟုတ္ဘူးဆိုတာ မ​ေမ့ဖို႔လိုတယ္။ ထပ္မံတိုက္​တြန္းပါပါရ​ေစ ZRA ႏွင့္ CNA အပါအဝင္ စကစတပ္ႏွင့္မွအပ အခ်င္းခ်င္း​ေတာ္လွန္​ေရးအင္အားစုၾကားမွာ လက္နက္ျဖင့္​ေျဖရွင္းတာကို လုံးဝမလုပ္ၾကပါနဲ႔ဗ်ာ။ ​ေရွးခိုး​ေတာင္းပန္ပါတယ္။

မွတ္ခ်က္။ ZRA ကိုအရမ္း​ေထာက္ခံသလိုနဲ႔ CNA ကိုတိုက္​ေစခ်င္တဲ့လူ​ေတြ ခဗ်ားတို႔ ၅၀၀၀ တန္က်ည္ဆံတစ္​​ေထာင့္လႉၿပီး​ေအာ္​ေနခ်ိန္ ZRA က လူ​ေတြ အသက္ႏွင့္ မ်က္ရည္ကိုစတည္းတယ္ဆိုတာသိပါ။ CNA ကိုအရမ္း​ေထာက္ခံသလိုနဲ႔ ZRA ကို​ေမာင္းထုတ္​ေစခ်င္တဲ့လူ ခင္ဗ်ားလစဥ္ CNA ကို က်ည္ဆံတစ္​ေထာင့္လႉနိုင္လား သူက​ေတာ့အသက္​၊ မ်က္ရည္ႏွင့္ ​ေခၽြးရင္းၿပီးလုပ္ရတာ​ေနာ္။ စစ္​ေကာင္စီ​ေၾကာင့္ လူတစ္ဦးမွ အသက္​ေပးလႉရတာမ်ိဳးကို​ေတာင္ မျဖစ္​ေစခ်င္​ဘဲျဖစ္​ေနရတဲ့ က်ဳပ္တို႔ခ်စ္တဲ့ ရဲ​ေဘာ္​ေတြ အခ်င္းခ်င္း သတ္ၾကမလား စဥ္းစားၾကပါ။ စစ္​ေကာင္စီက ခဗ်ားတို႔ကို ​ေနျပည္​ေတာ္က​ေန လက္ခုပ္တီးၿပီး ၾကည့္​ေနၾကတယ္​ေနာ္။

ဆလိုင်း ဒိုခါရ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ မန္တလေးမြို့ တနေရာက ဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၇ ရက်က ဖမ်းဆီးပြီး ဇွန်လ ၃၀ ရက်တွင်ပြန်လည်လွတ်မြောက်လာပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်