မန္တလေးသို့ ဆေးကုသဖို့သွားနေ့တဲ့ ၁နှစ်အရွယ်ကလေးနဲ့မိဘတွေကို မူးယစ်ဆေးဝါးအားပေးကူညီမှုနဲ့ဖမ်းဆီးကာ ထောင်ထဲမှာ ကလေးသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဗာလ်းဗုမ်းကျေးရွာမှ ကလေးနေမကောင်းလို့ မန္တလေးဆေးရုံသို့ဆေးကုသဖို့သွားနေတဲ့ လင်မယားနဲ့ကလေးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်တွင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မူးယစ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသယ်ဆောင်မှုမှာ အားပေးကူညီမှုနဲ့ဖမ်းဆီးပြီး ထောင်ထဲမှာ ကလေးသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ တီးတိန်မြို့နယ် ဗာလ်းဗုမ်းကျေးရွာနေ ဦးနိန်မွမ်းလျန်း နဲ့ ဇနီး ဒေါ်ထွေနူးဟာ ၎င်းတို့သား ၁ နှစ်အရွယ် မောင်မန်းသွဲဟွဲ ကျန်းမာရေးမကောင်းလို့ ၂၀၂၀ ပြည့်နှစ် ၁၀ လပိုင်းတွင် မန္တလေးဆေးရုံမှာ တစ်လကျော်ကြာကုသကြပြီး ဇာတိရွာသို့ပြန်လာကြပါတယ်။ ဆေးရုံသို့လူနာထပ်ပြမယ့်ချိန်မှာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် ခရီးသည်တင်ကားတွေရပ်နားတာကြောင့် မန္တလေးမှာ ကားဝယ်ဖို့သွားမယ့် ကလေးမြို့နေ အမျိုးသားတစ်ဦးရဲ့အိမ်စီးကားနဲ့အတူလိုက်ပါသွားကြပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့ရောက်တဲ့ချိန်မှာ မူးယစ်ရဲတပ်ဖွဲ့တွေက ၎င်းတို့စီးလာတဲ့ကားကိုရပ်ခိုင်းကာ ၎င်းတို့ရှေ့ ခင်အေးနတ်ဂိတ်မှာ မူးယစ်ဆေးဝါးနဲ့အတူဖမ်းဆီးထားတဲ့ ၁၂ ဘီးကားဟာ သူတို့လိုက်ပါတဲ့ ကားပိုင်ရှင်ရဲ့ပစ္စည်းလို့ဆိုကာ အားလုံကိုးဖမ်းဆီးခဲ့ကြပါတယ်။

ဦးနိန်မွမ်းလျန်ရဲ့ သူငယ်ချင်းတစ်ဦးက “သူတို့မှာ အပြစ်လုံးဝမရှိပါဘူး။ ကားတောင် လမ်းကြုံလို့ လိုက်တာပါ။ ဆွေမျိုးတွေ မဟုတ်သလို အသိတွေလည်း မဟုတ်ပါဘူ။း ဘာမှ ဆက်နွယ်မှု မရှိတဲ့ ဥစ္စာ တရားရုံးက မသင်္ကာမှု နဲ့ တရားစွဲထားတယ်။ အဲဒီ စိတ်တွေကြောင့် သူတို့အိမ်မှာရှိတဲ့ ဖခင်(ကလေးအဘိုး)လည်း စားမဝင်အိပ်မပျော်ဖြစ်ကာ ဇန်နဝါရီ ၆ ရက် ၂၀၂၁ မှာကွယ်လွန်တယ်။ မကျန်းမာတဲ့ သူတို့ကလေး ထောင်ထဲမှာဆုံးရှုံးခဲ့ရပြီ (မတ် ၂၃ ရက်၊ ၂၀၂၁)။ ပုလဲစခန်းမှုး က တရားလို လုပ်ပြီး အားပေးကူညီမှု နဲ့ အမှု ဖွင့်ထားတာပါ။ ခုထိ အမိန့်မချ သေးဘူး။ မုံရွာထောင်ထဲမှာ အခု ၈လ ကျော်နေပြီ။ စစ်ကောင်စီ က ပထမ အကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ချိန် ပြန်လွတ်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ မပါခဲ့ပါဘူး။ ခုတစ်ခေါက် မပါပါဖြစ်အောင် ဆုတောင်းရင်း အကူအညီ တောင်းတာပါ။ သူတို့မိဘ တွေက သာမန်ဆင်းရဲသားတွေဖြစ်ပြီး ရှေ့နေ မဌားနိုင်ပါဘူ။း ကူညီပေးနိုင်မယ့် ရှေ့နေ ရှိရင် ကူညီပေးကြပါ။ သူတို့ အိမ်မှာ ကျန်ခဲ့တဲ့ သမီးတစ်ယောက် ရှိသေးတယ်” လို့ပြောပါတယ်။

(Zawgyi)
မႏၲေလးသို႔ ေဆးကုသဖို႔သြားေန႔တဲ့ ၁ႏွစ္အ႐ြယ္ကေလးနဲ႔မိဘေတြကို မူးယစ္ေဆးဝါးအားေပးကူညီမႈနဲ႔ဖမ္းဆီးကာ ေထာင္ထဲမွာ ကေလးေသဆုံ

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ဗာလ္းဗုမ္းေက်း႐ြာမွ ကေလးေနမေကာင္းလို႔ မႏၲေလးေဆး႐ုံသို႔ေဆးကုသဖို႔သြားေနတဲ့ လင္မယားနဲ႔ကေလးကို ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၅ ရက္တြင္ စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္မူးယစ္ရဲတပ္ဖြဲ႕က မူးယစ္ေဆးဝါးသယ္ေဆာင္မႈမွာ အားေပးကူညီမႈနဲ႔ဖမ္းဆီးၿပီး ေထာင္ထဲမွာ ကေလးေသဆုံးသြားတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ တီးတိန္ၿမိဳ႕နယ္ ဗာလ္းဗုမ္းေက်း႐ြာေန ဦးနိန္မြမ္းလ်န္း နဲ႔ ဇနီး ေဒၚေထြႏူးဟာ ၎တို႔သား ၁ ႏွစ္အ႐ြယ္ ေမာင္မန္းသြဲဟြဲ က်န္းမာေရးမေကာင္းလို႔ ၂၀၂၀ ျပည့္ႏွစ္ ၁၀ လပိုင္းတြင္ မႏၲေလးေဆး႐ုံမွာ တစ္လေက်ာ္ၾကာကုသၾကၿပီး ဇာတိ႐ြာသို႔ျပန္လာၾကပါတယ္။ ေဆး႐ုံသို႔လူနာထပ္ျပမယ့္ခ်ိန္မွာ ကိုဗစ္ေရာဂါကူးစက္မႈေၾကာင့္ ခရီးသည္တင္ကားေတြရပ္နားတာေၾကာင့္ မႏၲေလးမွာ ကားဝယ္ဖို႔သြားမယ့္ ကေလးၿမိဳ႕ေန အမ်ိဳးသားတစ္ဦးရဲ႕အိမ္စီးကားနဲ႔အတူလိုက္ပါသြားၾကပါတယ္။ စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕ေရာက္တဲ့ခ်ိန္မွာ မူးယစ္ရဲတပ္ဖြဲ႕ေတြက ၎တို႔စီးလာတဲ့ကားကိုရပ္ခိုင္းကာ ၎တို႔ေရွ႕ ခင္ေအးနတ္ဂိတ္မွာ မူးယစ္ေဆးဝါးနဲ႔အတူဖမ္းဆီးထားတဲ့ ၁၂ ဘီးကားဟာ သူတို႔လိုက္ပါတဲ့ ကားပိုင္ရွင္ရဲ႕ပစၥည္းလို႔ဆိုကာ အားလုံကိုးဖမ္းဆီးခဲ့ၾကပါတယ္။

ဦးနိန္မြမ္းလ်န္ရဲ႕ သူငယ္ခ်င္းတစ္ဦးက “သူတို႔မွာ အျပစ္လုံးဝမရွိပါဘူး။ ကားေတာင္ လမ္းႀကဳံလို႔ လိုက္တာပါ။ ေဆြမ်ိဳးေတြ မဟုတ္သလို အသိေတြလည္း မဟုတ္ပါဘူ။း ဘာမွ ဆက္ႏြယ္မႈ မရွိတဲ့ ဥစၥာ တရား႐ုံးက မသကၤာမႈ နဲ႔ တရားစြဲထားတယ္။ အဲဒီ စိတ္ေတြေၾကာင့္ သူတို႔အိမ္မွာရွိတဲ့ ဖခင္(ကေလးအဘိုး)လည္း စားမဝင္အိပ္မေပ်ာ္ျဖစ္ကာ ဇန္နဝါရီ ၆ ရက္ ၂၀၂၁ မွာကြယ္လြန္တယ္။ မက်န္းမာတဲ့ သူတို႔ကေလး ေထာင္ထဲမွာဆုံးရႈံးခဲ့ရၿပီ (မတ္ ၂၃ ရက္၊ ၂၀၂၁)။ ပုလဲစခန္းမႈး က တရားလို လုပ္ၿပီး အားေပးကူညီမႈ နဲ႔ အမႈ ဖြင့္ထားတာပါ။ ခုထိ အမိန႔္မခ် ေသးဘူး။ မုံ႐ြာေထာင္ထဲမွာ အခု ၈လ ေက်ာ္ေနၿပီ။ စစ္ေကာင္စီ က ပထမ အႀကိမ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးတဲ့ခ်ိန္ ျပန္လြတ္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ မပါခဲ့ပါဘူး။ ခုတစ္ေခါက္ မပါပါျဖစ္ေအာင္ ဆုေတာင္းရင္း အကူအညီ ေတာင္းတာပါ။ သူတို႔မိဘ ေတြက သာမန္ဆင္းရဲသားေတြျဖစ္ၿပီး ေရွ႕ေန မဌားႏိုင္ပါဘူ။း ကူညီေပးႏိုင္မယ့္ ေရွ႕ေန ရွိရင္ ကူညီေပးၾကပါ။ သူတို႔ အိမ္မွာ က်န္ခဲ့တဲ့ သမီးတစ္ေယာက္ ရွိေသးတယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်