မန်ပြိန်းရွာ စစ်ဘေးရှောင်ပြည်သူအချို့ ဆန်ပြတ်လပ်လို့ချေးယူနေရ

 

တိုက်ပွဲကြောင့် သေဆုံးသွားတဲ့အမျိုးသားရဲ့ဇနီးဒေါ်ခွန်မိုင်နဲ့ ၎င်းရဲ့ကလေးငယ်များအားတွေ့ရစဉ်

မန်ပြိန်းရွာ စစ်ဘေးရှောင်ပြည်သူအချို့ ဆန်ပြတ်လပ်လို့ချေးယူနေရ

လားရှိုးမြို့နယ်နဲ့ (၁၂)မိုင်အကွာမှာရှိတဲ့ မန်ပြိန်းရွာ စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအတွက် အခက်အခဲကြုံ့တွေ့နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေထံမှသတင်းရရှိပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ SSPP(ရှမ်းပြည်တိုးတက်ရေးပါတီ)နဲ့ RCSS(ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)တို့ဟာ မန်ပြိန်းရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်။

ရွာထဲက ကလေးတွေခေါ်ဖို့သွားတဲ့ချိန်မှာသေဆုံးသွားတဲ့အမျိုးသားရဲ့ ဇနီးဒေါ်ခွန်မိုင်( ၃၀နှစ်)က “စားရေးသောက်ရေးက အဆင်မပြေဘူးဆိုလည်း အဆင်ပြေသလိုနေရတယ်။ ဟင်းမရှိရင်လည်း ထမင်းပဲစားတဲ့ချိန်ရှိတယ်။ ဒါကြောင့် အဆင်မပြေရင်လည်းပြေသလိုနေရတာပေါ့။ မေတ္တာဖောင်ဒေးရှင်းက တစ်လစာဆန်ထောက်ပံ့ပေးတာ အခုဆို နှစ်လရှိပြီ။ အိမ်မှာဆန်လည်းမရှိတော့ဘူး။ ကျမတို့ဆို တောင်ယာလုပ်တဲ့သူတွေဆီမှာ ဆန်ကိုခြေးပြီးမှစားနေရတယ်”လို့ ပြောပါတယ်။

ကချင်တိုင်းရင်းသားတွေနေထိုင်တဲ့ မန်ပြိန်းရွာမှာ စစ်ဘေးရှောင်လူဦးရေ(၈၀)ကျော်ရှိပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်ညနေပိုင်းမှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းပစ်ခတ်ခြင်းကြောင့် မန်ပြိန်းရွာသားတွေဟာ လားရှိုးမြို့သို့ စစ်ဘေးရှောင်ကြပါတယ်။ ဒေသငြိမ်းချမ်းပြီလို့ဆိုကာ ရွာသို့ပြန်လာကာ စပါးတွေရိုက်သိမ်းနေတဲ့ကာလ ၂၀၁၈ နိုဝင်ဘာ (၁၅)ရက်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားလို့ အောက်မန်ပြိန်းမှ ထပ်မံစစ်ဘေးရှောင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်