မသန်စွမ်းအမျိုးသမီးကို ယာတဲထဲတွင်မုဒိမ်းကျင့်သူ ကားသမား မန္တလေးသို့ထွက်ပြေးတိမ်းရှောင်နေ

ဖလမ်းမြို့နယ် ဗားလုံရွာမှာနေထိုင်တဲ့ အသက်(၃၂)အရွယ် မသန်စွမ်းအမျိုးသမီးတစ်ဦးကို ကလေးမြို့နေ ကားသမားတစ်ဦးက ၎င်းတို့ယာတဲထဲတွင် အဓမ္မပြုကျင့်ပြီး အခုချိန်မျာ မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဖလမ်း-ကလေးကားလမ်းပေါ်မှာရှိ ဗားလုံရွာနေ မိုင်….(၃၂)နှစ်နဲ့ မိခင်တို့ဟာဇွန်လ(၁၈)ရက် ညနေ ၅:၃၀ နာရီခန့်မှာ ဖလမ်းဘက်မှ ရွာအဝင်ကားလမ်းနားက ၎င်းတို့ တောင်ယာမှာ အာလူးကောက်သွားကြပြီး မိုင်….(၃၂)နှစ်က ယာတဲသို့အာလူးတွေသယ်သွားပါတယ်။ မိုင်….ဟာ ပြန်မရောက်လာနိုင်သေးတဲ့တွက်ကြောင့် သူ့အမေက ဘေးဝန်းကျင်ကိုကြည့်ပြီး ယာတဲနား ကားလမ်းပေါ်မှာ ကားတစ်စီးရပ်နေတာတွေ့တာကြောင့် ယာတဲရှိရာသို့သွားပါတယ်။ ယာတဲထဲမှာ အမျိုးသားတစ်ဦးက ၎င်းသမီးကို အဓမ္မကျင့်နေစဉ်သွားတွေ့ပြီး ဖမ်းချုပ်ဖို့ကြိုးစားသော်လည်း ထွက်ပြေးနိုင်ခဲ့တယ်။ မုဒိမ်းကျင့်တဲ့သူရဲ့ ကားက မိုးကာ အပြာရောင်နဲ့အုပ်ထားပါတယ်။ ဒါကြောင့် ဇွန်လ(၂၂)ရက်မှာ ဖလမ်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
“ကောင်မလေးက စကားပြောတာ မပြေဘူး။ နား လည်းသိပ်မကောင်းဘူး။ သူပြောတာ သူ့အမေကဘဲ နားလည်တယ်။ စော်ကားခံရတုန်း သူ့အမေက သွားမတွေ့ရင်ကောင်မလေးက သေတောင်သေနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လည်ပင်းလဲညစ်ခံရတယ်။ မအော်နိုင်အောင်ပါးစပ်လဲ ဟိုကောင်က လက်နဲ့ပိတ်ထားတယ်လေ။ သူက အသက်(၄၀)ဝန်းကျင်လောက်ရှိမယ်။ ပြီးတော့ ကိုယ်လုံးကိုယ်ပေါက်ကောင်းတယ်။ ကျနော်တို့ သိသိချင်း သိုင်းငင်းရဲစခန်းကို ဖုန်းဆက်တယ်။ မတွေ့မိဘူးဆိုလို့ စုပေါင်းဂိတ်(၉ မိုင်)ကိုဖုန်းဆက်တယ်။ ဟိုကို ညကျမှ မုဒိမ်းကျင့်တဲ့သူကရောက်တယ်။ ရဲက တားပြီးတော့ အချက်အလက်တွေမေးထားတယ်လို့သိရတယ်။ ကလေးမြို့သား ဆိုတာ ကျနော်တို့ အသေအချာသိတယ်။ အဲ့ကားလဲသူများဆီက ငှားထားတာ”လို့ ဗားလုံကျေးရွာ အုပ်ချုပ်ရေးမှူး ဇမ်ပြန်ကပြောပါတယ်။
ခိုင်ကမ်းမြို့ ဒု-ရဲအုပ် က “သံသယရှိသူက ဝန်မခံဘူး။ သေသက်ကလည်း မခိုင်လုံလို့ဖမ်းလို့မရဘူးလေ။ ခု မန္တလေးကို သွားနေတယ်လို့သိရတယ်။ တခြားအချက်အလက်တွေတော့ တရားခံမမိမချင် ပြောလို့မရသေးဘူး”လို့ပြောပါတယ်။
ဖလမ်းမြို့နယ် ရဲအုပ် ငွေစိုးက “အခုအခင်းဖြစ်တဲ့ ရွာကို သွားနေတယ်။ တရားခံကို ဆက်လက်စုံစမ်းနေပါတယ်”လို့ဆိုပါတယ်။
မိုင်….(၃၂)နှစ်ကို အဓမ္မပြုကျင့်သူကို ရာဇာသတ်ကြီးပုဒ်မ(၃၇၆) မုဒိမ်းမှုနဲ့ ဖလမ်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။ ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ...

ဆက်ဖတ်ရန်