မိန်းကလေးတွေအလှပြင်တဲ့ဆောင်းရာသီရောက်ပေမယ့် အရင်နှစ်ထက်အလှပြင်သူနည်းပါး

အရင်နှစ်ကလေးမြို့အလှပြင်ဆိုင်တွေမှာ ဆောင်းရာသီဆိုရင် မိန်းကလေးတွေအလှပြင်တဲ့သူတွေပြည့်နေပေမယ့် ဒီနှစ်မှာတော့ ဆိုင်ရှင်တွေ discount ချနေပေမယ့် အလှပြင်တဲ့သူတွေနည်းပါးနေတယ်လို့ အလှပြင်ဆိုင်တွေဆီကနေ သတင်းရရှိပါတယ်။

ကလေးမြို့ တာဟန်းရပ်ကွက်က နာမည်ကြီးတဲ့ Blessing Beauty Saloon ဆိုင်ရှင် မိုင်ဇေသဲက “အရင်နှစ်က ခုလိုချိန်မှာ တစ်လကို သိန်း ၅၀လောက်ရတယ်ဆိုပါစို့ ဒီနှစ်မှာတော့ သိန်း ၂၀ လောက်ပဲရတယ်။ ဒါတောင် ကျမတို့က ကိုယ့်အိမ်မှာဆိုင်ဖွင့်တော့ ဆိုင်လခတွေမပေးရလို့တော်သေးတယ်။ ဆိုင်ဌားတဲ့သူအတွက်ဆို မကျန်တော့ဘူး။ ဒီနှစ်ကကိုဗစ်လည်း ၂ ကြိမ်တိုင်တိုင်ဖြစ်တော့ ဆိုင်လည်း ၂ ခါပိတ်ရတယ်။ လူလာအောင် လတိုင်း discount ချပေးနေရတယ်။ မဟုတ်ရင် ငုတ်တုတ်ထိုင်နေယုံပဲရှိမယ်” လို့ပြောပါတယ်။

ကိုဗစ်ဖြစ်တာကြောင့် လူတိုင်း ဝင်ငွေရလမ်းမရှိတော့တာကြောင့် အလှထက် ဝမ်းရေးက ပိုအရေးကြီးလာပါတယ်။

ကလေးမြို့ တောင်ဇလပ်ရပ်ကွက်က Lily အလှပြုပြင်ရေးဆိုင်ရှင် မိုင်လေဒီယာက “အရင်နှစ်ကတော့ အောက်တိုဘာလကစပြီး ဆိုင်မှာလူများနေပြီ။ ခုတော့ အောက်တိုဘာမှာလည်းမလာကြဘူး။ နိုဝင်ဘာမှာလည်းမလာဘူး။ ဒီဇင်ဘာလမှာလည်းဘယ်လိုဖြစ်လာမလဲမသိဘူး။ ကိုဗစ်ကြောင့်ပွဲလည်းမရှိတော့ ဘယ်သူမှအလှပြင်ချင်စိတ်မရှိကြတော့ဘူးလေ” လို့ပြောပါတယ်။

(Zawgyi)






နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်