မီဇိုရမ်တွင် သူများခြံကဝါးခုတ်မိလို့ စစ်ဘေးရှောင်တစ်ဦး ဓားခုတ်ခံရပြီးလက်ချောင်းပြတ်မတတ်ဒဏ်ရာရ

မီဇိုရမ်ပြည်နယ် လုံးလေခရိုင်ရှိ Thaizawl စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ ဆလိုင်းရမ်ဂျိုးဟာ ယနေ့ဇူလိုင် ၁၁ ရက်တွင် တောထဲက ဝါးခုတ်နေစဉ်ခြံပိုင်ရှင်က ကျောက်ခဲဖြင့်ပေါက်ပြီးနောက် ခြံထဲကနေ မောင်းထုတ်တယ်လို့သတင်းရရှိပါတယ်။

ဆလိုင်းရမ်ဂျိုးကလည်း ခြံမှန်းမသိလို့ ခုတ်မိခြင်းဖြစ်ကြောင်း ပြန်လည်တောင်းပန်ပြီး ခုတ်ပြီးသားဝါးတွေကိုထားခဲ့ကာ စစ်ဘေးရှောင်စခန်းက အိမ်သို့ပြန်လာခဲ့ပါတယ်။

ယင်းနောက် နေ့လည်(၁၂း၃၀)ဝန်းကျင်၌ ဝါးခြံပိုင်ရှင်ဟာ စစ်ဘေးရှောင်စခန်းရှိ ဆလိုင်းရမ်ဂျိုးနေထိုင်တဲ့ တဲအိမ်သို့ဝင်လာကာ ဓားဖြင့်ခုတ်နေစဉ် ဆလိုင်းရမ်ဂျိုးက လက်ဖြင့်ကာလိုက်တာကြောင့် လက်ချောင်း ၄ ချောင်း ပြတ်လုမတတ်ဒဏ်ရာရရှိပြီးနောက် ဆေးရုံသို့ပို့ဆောင်ကြတယ်လို့သိရပါတယ်။

စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတစ်ဦးက “လက်ချောင်းတွေ ပြတ်မတတ်ဖစ်ကုန်လို့အရေးပေါာ Lunglei ပြည်သူ့ဆေးရုံကိုပို့လိုက်ရတယ်။ သူ့အဖေကလည်းငါ့သားကမသိလို့ခုတ်မိတာပါလို့တောင်း ပန်တယ်။ အဲ့ကောင်လေးရဲ့အမေကိုလဲခြံပိုင်ရှင်ကပါးရိုက်သွားတယ်” လို့ပြောပါတယ်။

Zawgyi






နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်