မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်တွင် စစ်ဘေးရှောင်ပြည်သူများကိုယ်ထူကိုယ်ထစာသင်ကျောင်းဆောက်လုပ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင် Niawtlang ကျေးရွာက မြန်မာစစ်ဘေးရှောင်ပြည်သူတွေဟာ ကလေးတွေစာသင်ကြားနိုင်ဖို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောက်လုပ်နေကြတယ်လို့သိရတယ်။

Niawtlang ကျေးရွာက စစ်ဘေးရှောင်တွေဟာ ချင်းပြည်နယ်၊ ရေဇွာမြို့၊ မတူပီမြို့နဲ့ ထန်တလန်မြို့နယ်က ပြည်သူတွေလာရောက်ခိုလှုံကြပြီး မိသားစု ၉၀ ကျော် လူဦးရေ ၅၀၀ လောက်နေထိုင်ကြပါတယ်။

စစ်ဘေးရှောင်စာသင်ကျောင်းတည်ဆောက်ရေးတာရှိရှိသူတစ်ဦးက “ရွာသားတွေက သူတို့မသုံးတော့တဲ့ ခန်းမကိုသုံးခွင့်ပေးတယ်။ အခန်းက မိုးနဲ့ အကာအနည်းငယ်ပဲရှိတယ်။ အပေါ်ပိုင်းကာဖို့ မိုးကာတွေ ရွာသားတွေကပေးတယ်။ ထိုင်ခုံ၊ စာရေးကိရိယာတွေ၊ စာပွဲတွေတော့ ကိုယ့်ဘာသာစီစဉ်ရမယ်။ ကျောင်းသားမိဘတွေက တောထဲက ဝါးကိုခုတ်ပြီး အခန်းကာဖို့လုပ်နေကြတယ်။ ကြမ်းခင်းက မိုးစိုနေတော့ အဲ့ဒါခြောက်တဲ့ထိစောင့်ရဦးမယ်။ ဒီလကုန်ပိုင်းစာသင်နိုင်ဖို့မျှော်လင့်တယ်။ သင်ကြားမယ့်ဘာသာရပ်တွေကတော့ သင်္ချာ၊ အင်္ဂလိပ်၊ မြန်မာကိုအဓိကသင်မယ်။ ပြီးတော့ တိုင်းရင်းဘာသာတွေလည်းနောက်မှသင်မယ်။ အလယ်တန်း၊ အထက်တန်းကျောင်းသားတွေတော့ မီဇိုရမ်အစိုးရကျောင်းမှာတက်ကြတယ်။ တချို့ကလေးတွေကတော့ မတက်ဘဲဒီတိုင်းနေကြတယ်” လို့ပြောပါတယ်။

ယင်းစာသင်ကျောင်းတွင် KG ကနေ Grade 4 အထိသင်ကြားမှာဖြစ်ပြီးေ ကျာင်းသား ဦးရေ ၈၀ ကျော်ရှိပြီး ဆရာ၊မ ၁၀ ယောက်ကသင်ကြားပေးမှာဖြစ်ပါတယ်။

Zawgyi

မီဇိုရမ္ျပည္နယ္၊ ရွာဟာခ႐ိုင္တြင္ စစ္ေဘးေရွာင္ျပည္သူမ်ားကိုယ္ထူကိုယ္ထစာသင္ေက်ာင္းေဆာက္လုပ္

အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္၊ ရွာဟာခ႐ိုင္ Niawtlang ေက်း႐ြာက ျမန္မာစစ္ေဘးေရွာင္ျပည္သူေတြဟာ ကေလးေတြစာသင္ၾကားႏိုင္ဖို႔ ကိုယ္ထူကိုယ္ထ စာသင္ေက်ာင္းေဆာက္လုပ္ေနၾကတယ္လို႔သိရတယ္။

Niawtlang ေက်း႐ြာက စစ္ေဘးေရွာင္ေတြဟာ ခ်င္းျပည္နယ္၊ ေရဇြာၿမိဳ႕၊ မတူပီၿမိဳ႕နဲ႔ ထန္တလန္ၿမိဳ႕နယ္က ျပည္သူေတြလာေရာက္ခိုလႈံၾကၿပီး မိသားစု ၉၀ ေက်ာ္ လူဦးေရ ၅၀၀ ေလာက္ေနထိုင္ၾကပါတယ္။

စစ္ေဘးေရွာင္စာသင္ေက်ာင္းတည္ေဆာက္ေရးတာရွိရွိသူတစ္ဦးက “႐ြာသားေတြက သူတို႔မသုံးေတာ့တဲ့ ခန္းမကိုသုံးခြင့္ေပးတယ္။ အခန္းက မိုးနဲ႔ အကာအနည္းငယ္ပဲရွိတယ္။ အေပၚပိုင္းကာဖို႔ မိုးကာေတြ ႐ြာသားေတြကေပးတယ္။ ထိုင္ခုံ၊ စာေရးကိရိယာေတြ၊ စာပြဲေတြေတာ့ ကိုယ့္ဘာသာစီစဥ္ရမယ္။ ေက်ာင္းသားမိဘေတြက ေတာထဲက ဝါးကိုခုတ္ၿပီး အခန္းကာဖို႔လုပ္ေနၾကတယ္။ ၾကမ္းခင္းက မိုးစိုေနေတာ့ အဲ့ဒါေျခာက္တဲ့ထိေစာင့္ရဦးမယ္။ ဒီလကုန္ပိုင္းစာသင္ႏိုင္ဖို႔ေမွ်ာ္လင့္တယ္။ သင္ၾကားမယ့္ဘာသာရပ္ေတြကေတာ့ သခ်ၤာ၊ အဂၤလိပ္၊ ျမန္မာကိုအဓိကသင္မယ္။ ၿပီးေတာ့ တိုင္းရင္းဘာသာေတြလည္းေနာက္မွသင္မယ္။ အလယ္တန္း၊ အထက္တန္းေက်ာင္းသားေတြေတာ့ မီဇိုရမ္အစိုးရေက်ာင္းမွာတက္ၾကတယ္။ တခ်ဳိ႕ကေလးေတြကေတာ့ မတက္ဘဲဒီတုိင္းေနၾကတယ္” လို႔ေျပာပါတယ္။

ယင္းစာသင္ေက်ာင္းတြင္ KG ကေန Grade 4 အထိသင္ၾကားမွာျဖစ္ၿပီးေ က်ာင္းသား ဦးေရ ၈၀ ေက်ာ္ရွိၿပီး ဆရာ၊မ ၁၀ ေယာက္ကသင္ၾကားေပးမွာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်