မူလတန်းကျောင်းများပိတ်သည်အထိ နယူးဒေလီမြို့တွင် လေထုညစ်ညမ်းနေ

နယူးဒေလီမြို့က လေအရည်အသွေးဟာ “ဆိုးရွားသောအဆင့်” တွင် ဆက်တိုက်ရှိလာခဲ့ပြီးနောက် နယူးဒေလီဝန်ကြီးချုပ်ဖြစ်တဲ့ အာဗင်ကယ်ရီဝါလ်က နိုဝင်ဘာ ၄ ရက်နေ့တွင် မူလတန်းကျောင်းများကို နိုဝင်ဘာ ၅ ရက်နေ့ကစပြီး လေအရည်အသွေး ကောင်းလာသည်အထိ ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

၅ တန်းကျောင်းသားများအတွက် ကျောင်းအပြင်ဘက် လှုပ်ရှားမှုများကို ကန့်သတ်မည်ဖြစ်ပြီး လေထုပြဿနာကို ဖြေရှင်းရန်အတွက် ပြည်နယ်အစိုးရဟာ စုံကိန်း-မကိန်း (မော်တော်ယာဉ်နံပါတ်၏ စုံကိန်း-မကိန်းအပေါ်မူတည်ပြီး ကားမောင်းခွင့် အလှည့်အကျပေးစနစ်) စနစ်ကို အသုံးပြုရန် ဆွေးနွေးနေသောကြောင်း ပြောခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်၏ ပြောကြားချက်အရ လေထုညစ်ညမ်းမှုဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၏ ပြဿနာဖြစ်သောကြောင့် ဗဟိုအစိုးရကလည်း ဝင်ရောက်ဖြေရှင်းသင့်ကြောင်း ပြောပါတယ်။

“ဒါက ဒေလီမြို့၏ ပြဿနာတစ်ခုတည်း မဟုတ်ဘူး။ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ပြဿနာဖြစ်နေတယ်။ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေရန် ဒေသဆိုင်ရာ အကြောင်းအရင်းများစွာရှိတယ်။ ဗဟိုအစိုးရအနေနဲ့လည်း တိကျတဲ့ ဖြေရှင်းချက်ကို လုပ်သင့်တယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီအချိန်ဟာ လေထုညစ်ညမ်းမှုအတွက် တစ်ယောက်အပေါ် တစ်ယောက် အပြစ်တင်ရမည့်အချိန်မဟုတ်ကြောင်းနှင့် အပြစ်တင်ခြင်းက အဖြေရာတွင် အကျိုးပြုမှာမဟုတ်ကြောင်းလည်း ပြောခဲ့ပါတယ်။

နယူးဒေလီမြို့ဟာ ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအမြင့်ဆုံးရှိသော မြို့တစ်မြို့ဖြစ်ပြီး ဆောင်းရာသီတွင် မြူကြောင့် လေထုညစ်ညမ်းမှုဟာ ပိုမိုဆိုးရွားလာလေ့ရှိပါတယ်။

လေထုညစ်ညမ်းမှု၏ အဓိကအကြောင်းအရင်းကတော့ နယူးဒေလီအနီးက ပြည်နယ်များတွင် လယ်သမားများ၏ ကောက်ရိုးမီးရှို့မှု၊ နယူးဒေလီမြို့တွင် မော်တော်ယာဉ်များပြားမှုနှင့် လုံလောက်သော အပင်များ မရှိခြင်းကြောင့်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်