မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ လူ ၃ ယောက်ကို PDF-Kalay ကသုတ်သင်ရှင်းလင်း

ကလေးမြို့ အနောက်မြောက်ဘက်ဒေသက မူးယစ်ဆေးရောင်းတဲ့ လူ ၃ ယောက်ကို PDF ကလေးတပ်က ပစ်သတ်ကြောင်းသတင်းရရှိပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲလောက်တွင် ကလေးမြို့နယ် ပြည်တော်သာကျေးရွာက အိမ်တစ်အိမ်သို့ PDF ကလေးတပ်က လူ ၆ ယောက်ဝင်လာပြီး လင်မယားနှစ်ယောက်စလုံးကို ပစ်သတ်ပြီး ပြန်လည်ထွက်သွားကြတယ်လို့သတင်းရရှိပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိတဲ့ အိမ်ရှင်အမျိုးသားက အရင်က မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ထောင် ၂ ကြိမ်ကျဖူးသူလည်းဖြစ်ပါတယ်။ အလောင်းကို ဒီကနေ့ ညနေပိုင်းမှာ ချက်ချင်းမြုပ်နှံ့ကြပြီး ၄င်းတို့လင်မယားတွင် သား ၂ ယောက်နဲ့ သမီး ၂ ယောက်ကျန်ရစ်ခဲ့ပါတယ်။

ဒါ့ပြင် ဒီလ နိုဝင်ဘာလ ၇ ရက်မှာလည်း ပြည်တော်သာရွာရဲ့ အရှေ့ဘက် နန်းချောင်းကျေးရွာက မူးယစ်ဆေးရောင်းဝယ်နေတဲ့ ၃၇ နှစ်အရွယ်အမျိုးသားတစ်ယောက်ကို PDF ကလေးတပ်သားတွေက ည ၇ နာရီခွဲလောက်တွင် အိမ်ပေါ်ကနေ ရွာပြင်သို့ဖမ်းဆီးခေါ်ဆောင်ကာ ပစ်သတ်ပြီး အလောင်းကို ရွာသားတွေက ညတွင်းချင်းသဂြိုလ်ကြပါတယ်။

အရင်က ယင်းအမျိုးသားက စစ်သားတွေရောင်းခိုင်းတာ၊ ကျနော့်ကိုလာဖမ်းရင် တစ်ရွာလုံးမီးရှို့ပစ်မယ်။ တခါထဲ စစ်သားတွေခေါ်လိုက်မယ် လို့ ရွာသားတွေကိုခြိမ်းခြောက်ဖူးတယ််လို့သိရတယ်။

PDF ကလေးတပ်တွေက အရင် အောက်တိုဘာကတည်းက ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်၊သုံးစွဲသူတွေကို သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi

မူးယစ္ေဆးဝါးေရာင္းဝယ္တဲ့ လူ ၃ ေယာက္ကို PDF-Kalay ကသုတ္သင္ရွင္းလင္း

ကေလးၿမိဳ႕ အေနာက္ေျမာက္ဘက္ေဒသက မူးယစ္ေဆးေရာင္းတဲ့ လူ ၃ ေယာက္ကို PDF ကေလးတပ္က ပစ္သတ္ေၾကာင္းသတင္းရရွိပါတယ္။

ဒီကေန႔ ႏိုဝင္ဘာ ၂၂ ရက္ ညေန ၃ နာရီခြဲေလာက္တြင္ ကေလးၿမိဳ႕နယ္ ျပည္ေတာ္သာေက်းရြာက အိမ္တစ္အိမ္သို႔ PDF ကေလးတပ္က လူ ၆ ေယာက္ဝင္လာၿပီး လင္မယားႏွစ္ေယာက္စလုံးကို ပစ္သတ္ၿပီး ျပန္လည္ထြက္သြားၾကတယ္လို႔သတင္းရရွိပါတယ္။

အသက္ ၃၆ ႏွစ္အရြယ္ရွိတဲ့ အိမ္ရွင္အမ်ိဳးသားက အရင္က မူးယစ္ေဆးဝါးေရာင္းဝယ္မႈေၾကာင့္ ေထာင္ ၂ ႀကိမ္က်ဖူးသူလည္းျဖစ္ပါတယ္။ အေလာင္းကို ဒီကေန႔ ညေနပိုင္းမွာ ခ်က္ခ်င္းျမဳပ္ႏွံ့ၾကၿပီး ၄င္းတို႔လင္မယားတြင္ သား ၂ ေယာက္နဲ႔ သမီး ၂ ေယာက္က်န္ရစ္ခဲ့ပါတယ္။

ဒါ့ျပင္ ဒီလ နိုဝင္ဘာလ ၇ ရက္မွာလည္း ျပည္ေတာ္သာရြာရဲ့ အေရွ႕ဘက္ နန္းေခ်ာင္းေက်းရြာက မူးယစ္ေဆးေရာင္းဝယ္ေနတဲ့ ၃၇ ႏွစ္အရြယ္အမ်ိဳးသားတစ္ေယာက္ကို PDF ကေလးတပ္သားေတြက ည ၇ နာရီခြဲေလာက္တြင္ အိမ္ေပၚကေန ရြာျပင္သို႔ဖမ္းဆီးေခၚေဆာင္ကာ ပစ္သတ္ၿပီး အေလာင္းကို ရြာသားေတြက ညတြင္းခ်င္းသၿဂိဳလ္ၾကပါတယ္။

အရင္က ယင္းအမ်ိဳးသားက စစ္သားေတြေရာင္းခိုင္းတာ၊ က်ေနာ့္ကိုလာဖမ္းရင္ တစ္ရြာလုံးမီးရွို႔ပစ္မယ္။ တခါထဲ စစ္သားေတြေခၚလိုက္မယ္ လို႔ ရြာသားေတြကိုၿခိမ္းေျခာက္ဖူးတယ္္လို႔သိရတယ္။

PDF ကေလးတပ္ေတြက အရင္ ေအာက္တိုဘာကတည္းက ကေလးၿမိဳ႕နယ္အတြင္း မူးယစ္ေဆးဝါးေရာင္းဝယ္၊သုံးစြဲသူေတြကို သတိေပးစာ ထုတ္ျပန္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်