မဲလက်မှတ်များပေါ် ချင်းဘာသာနဲ့ပါရေးသားဖို့ အကြံပြုချက်တွင်ထည့်သွင်းမယ်လို့ ချင်းပြည်နယ်ကော်မရှင်ကဆို

အထွေထွေရွေးကောက်ပွဲမှာ မဲလက်မှတ်များနဲ့ မဲပုံးများတွင် မြန်မာဘာသာအပြင် ချင်းဘာသာလို ထည့်သွင်းရေးသားဖို့ အကြံပြုချက်တွင် ထည်သွင်းသွားမယ်လို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က ဆိုပါတယ်။

ဦးလင်းကျော်က “ရွေးကောက်ပွဲမှာ မဲလက်မှတ်နဲ့ မဲပုံးပေါ်မှာ ချင်းဘာသာလိုရေထားတာမရှိဘူး။ ဥပမာ ပြည်သူ့လွှတ်တော်ဆိုရင် အပေါ်မှာမြန်မာလို အောက်မှာ ဒေသသုံးချင်းလိုရေးမယ်။ တစ်ခုတော့ရှိတယ်။ ဟားခါးမြို့နယ်မှာလည်း မျိုးနွယ်စုတွေရှိတော့ ဟားခါးကိုပဲအနိုင်ယူစေချင်လို့လာ ကိုးလိုကန့်လန့်လူတွေလည်း ရှိတယ်။ ကျနော်ဆိုရင် အဲ့လိုလုပ်ချင်တာ အစကတည်းက။ အပေါ်ကမြန်မာလို အောက်မှာ ဟားခါးမှာဆိုရင် ဟားခါးလို တီးတိန်မှာဆိုရင်လည်း ဇိုမီးစကားလိုပေါ့။ ကျနော်တို့လည်းမဲဆန္ဒရှင်ပြည်သူတွေတွက်စဉ်းစားတယ်။ ဒါပေမယ့် ခုနလိုပြန်ပြန်ကပ်တတ်တယ်။ ကျနော်တို့ကတော့ ရွေးကောက်ပွဲ တစ်ခုချင်းစီပိုကောင်းအောင် ဝိုင်းစဉ်းစားပြီးတော့ လုပ်သွားကြမယ်လေ။ ဒီဟာလည်း ကျနော်မှတ်ထားပါ့မယ်။ ကျနော်ဘာကြောင့်ဒီဟာကိုမှတ်ထားတာလဲဆိုရင် ရွေးကောက်ပွဲပြီးရင် နေပြည်တော်ကို အစီရင်ခံစာတက်ရတာကိုး။ အစီရင်ခံစာမှာ အကြံပြုချက်တွေ သုံးသပ်ချက်တွေပါတယ်။ ဒါကို ကျနော်တို့ထည့်ယူသွားမယ်” လို့ပြောပါတယ်။
ချင်းပြည်နယ်မှာ တောရွာဘက်တွင် မြန်မာစာနဲ့ မြန်မာဘာသာ တက်ကျွမ်းနားလည်မှုနည်းပါးတာကြောင့် ရွေးကောက်ပွဲကျင်းပတဲ့နေ့တွင် အခက်အခဲနဲ့ကြုံ့တွေ့ကြပါတယ်။
ဖလမ်းမြို့ဒေသခံ တစ်ဦးဖြစ်တဲ့ မိုင်ဖာရ်ဆုန်က “မဲထည့်တဲ့ချိန်မှာ မဲလက်မှတ်နဲ့ မဲပုံးတွေပေါ်မှာ မြန်မာလိုပဲရေးတော့ အသက်ကြီးပိုင်းနဲ့ ရွာဘက်မှာ တော်တော်ဒုက္ခရောက်တယ်။ မြန်မာလိုမဖတ်တတ်တော့ သူတို့က တံဆိပ်ကိုပဲကြည့်ရတာပေါ့။ အများအားဖြင့် သက်ကြီးပိုင်းတွေဖြစ်တယ်။ ပြီးတော့ အများစုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့အလုပ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့အလုပ်တွေမသိကြဘူး” လို့ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင်နေထိုင်တဲ့ ချင်းတိုင်းရင်းသားတွေထဲမှာလည်း သက်ကြီးပိုင်းများတွင် မဲပေးတဲ့ချိန်မှာအခုလို ဘာသာကျွမ်းကျင်မှုအပေါ်အခက်အခဲတွေရှိပါတယ်။
ကလေးမြို့ ချင်းတိုင်းရင်းသား မဲဆန္ဒရှင်ပြည်သူတွေမဲပေးနည်းအသိပညာပေးနေသူတစ်ယောက်က “မြန်မာစာမဖတ်တတ်၊ နားမလည်တဲ့သက်ကြီးပိုင်းတွေတော်တော်များတယ်ဆိုတာတွေ့ရတယ်။ ပြီးတော့ အဆင့်မြင့်ကျောင်းမတက်နိုင်တဲ့လူငယ်တွေလည်း မြန်မာစာနားမလည်ကြဘူး။ သူတို့တွက်တော့ တံဆိပ်ကိုကြည့်ပြီးမဲပေးရုံပဲ။ လူပုဂ္ဂိုလ်နဲ့ရွေးချယ်ဖို့ကမလွယ်ဘူး” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်