မြန်မာဒုက္ခသည်နဲ့ မူးယစ်ဆေးဝါး ပိုမိုများပြားမှုဆက်စပ်သလား?

ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ-ဇူလိုင်လအထိ မီဇိုရမ် ရဲတပ်ဖွဲ့နဲ့ ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ဦးစီးဌာန က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မှာ ဘိန်းဖြူ အလေးချိန် ၂၉ ဒသမ ၆၁၂ ကေဂျီ ဖမ်းမိပြီလို့ စာရင်းအရသိရတယ်။ အဲ့ဒီထဲမှာ ၁၃ ဒသမ ၃၈၉ ကေဂျီဟာ ရဲတပ်ဖွဲ့တွေကဖမ်းဆီးထားတာဖြစ်တယ်။

၂၀၂၀ ခုနှစ် တစ်နှစ်လုံးမှာ ရဲတပ်ဖွဲ့တွေဖမ်းမိတဲ့ ၈ ဒသမ ၇၃၈ ကေဂျီထက်ပိုများနေပါတယ်။ ၂၀၂၁ တစ်နှစ်လုံးမှာ ၁၅ ဒသမ ၇၉၂ ကေဂျီဖမ်းမိထားပါတယ်။ ဒါဟာ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့တွေရဲ့ တစ်နှစ်တာ ဘိန်းဖြူဖမ်းမိတဲ့ အရေအတွက်သာဖြစ်တယ်။

ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ဦးစီးဌာနက ဒီနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ဘိန်းဖြူ အလေးချိန် ၁၆ ဒသမ ၂၂၃ ကေဂျီ ဖမ်းမိပါပြီ။ ၂၀၂၀ ခုနှစ်ထဲမှာ ၁၁ ဒသမ ၆၂၃ ကေဂျီ၊ ၂၀၂၁ ခုနှစ်မှာ ၁၈ ဒသမ ၇၃၂ ကေဂျီဖမ်းမိထားပါတယ်။

ယစ်မျိုးနှင့် မူးယစ်ဆေးဝါးဦးစီးဌာန က မီဇိုရမ်မှာ ၎င်းတို့ဌာနစတင်ဖွဲ့စည်းကတည်းက အခုထိ ဘိန်းဖြူအများဆုံးဖမ်းမိတာက ဇူလိုင် ၂၈ ရက်က မာမစ်ခရိုင် Dapchhuah ကျေးရွာမှာ ဘိန်းဖြူအလေးချိန် ၂ ဒသမ ၈၅ ကေဂျီဖမ်းမိတာပဲဖြစ်ပါတယ်။

ရဲနဲ့ ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ဦးစီးဌာနကတော့ မီဇိုရမ်ပြည်နယ်မှာ ဘိန်းဖြူပိုမိုဖမ်းဆီးရမိတာ မီဇိုရမ်မှာလိုအပ်ချက်ပိုများလို့ဖြစ်ကြောင်းပြောကြပါတယ်။

ဘိန်းဖြူဈေးနှုန်းဟာ အရင်ကထက် ကျဆင်းလာပြီး ဒီလိုပုံစံနဲ့ မီဇိုရမ်မှာ ဘိန်းဖြူများလာရင် ရာဇဝတ်မှုအမျိုးမျိုး အထူးသဖြင့် ခိုးမှု၊ လုယှက်မှုပိုမိုများပြားလာပြီး ပြည်သူတွေအခက်တွေ့စေမှာလို့သုံးသပ်ကြပါတယ်။

ဒီနှစ် ၇ လအတွင်း ရဲတပ်ဖွဲ့က ဘိန်းဖြူအများဆုံးဖမ်းမိတာ ကျင်ဖိုင်ခရိုင်ဖြစ်ပြီး ၅၄ ကြိမ်ဖြစ်ပြီး အိုင်ဇောလ်ခရိုင်မှာ ၃၇ ကြိမ်၊ နဲ့ အခြား ခရိုင် ၇ ခုမှာလည်းဖမ်းမိကြတယ်။

295430884_426921032805084_7584183261525745689_n

ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ဦးစီးဌာနကလည်း ဒီနှစ် ၇ လအတွင်း အိုင်ဇောလ်ခရိုင်မှာ ၉၆ ကြိမ်၊ Serchhip ခရိုင်မှာ ၃၅ ကြိမ် နဲ့ အခြားခရိုင်တွေမှာလည်းဖမ်းမိကြပါတယ်။

မီဇိုရမ်ပြည်နယ်ရဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေမှာ ဘိန်းဖြူကို အမျိုးအစား ၃မျိုးခွဲခြားကြပါတယ်။ အလေးချိန် ၅ ဂရမ်မပြည့်တဲ့ ပမာဏကို small quantity လို့သတ်မှတ်ပါတယ်။ အလေးချိန် ၅ ဂရမ်မပြည့်တဲ့ ဘိန်းဖြူကိုသယ်ဆောင်ရင် ပုဒ်မ ၂၁ (က)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လကျခံခြင်း၊ ရူပီး ၁သောင်းဒဏ်ခတ်ခြင်း၊ နဲ့ ပြစ်ဒဏ်နှစ်မျိုးစလုံးကျခံနိုင်ပါတယ်။

အလေးချိန် ၆ ဂရမ်ကနေ ၂၅၀ ဂရမ် ကို အလယ်အလတ် ပမာဏလို့ သတ်မှတ်ကာ ယင်းပမာဏ ဘိန်းဖြူသယ်ဆောင်သူကို ပုဒ်မ ၂၁ (ခ) အရ ထောင်ဒဏ် ၁၀ နှစ် နဲ့ ဒဏ်ငွေ ရူပီး ၁သိန်းပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

အလေးချိန် ၂၅၀ နဲ့အထက်ကို commercial quantity လို့သတ်မှတ်ကာ ပုဒ်မ ၂၁ (ဂ)အရ ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ ထိ၊ ဒဏ်ငွေ ရူပီး ၁ သိန်းကနေ ၂ သိန်းထိ ပြစ်ဒဏ်ချမှတ်လို့ရပါတယ်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၃၁ မှာ ဘိန်းဖြူ အလေးချိန် ၁ ကေဂျီနဲ့အထက်သယ်ဆောင်သူကို သေဒဏ် ချမှတ်နိုင်တယ်လို့ဖော်ပြထားပါတယ်။

ဒီနှစ် ၇ လအတွင်းမှာ ရဲတပ်ဖွဲ့တွေက commercial quantity ကို ၂၁ ကြိမ်ဖမ်းမိကြရာ အများဆုံးအနေနဲ့ ကျင်ဖိုင်ခရိုင်အတွင်းမှာ ၁၄ ကြိမ်ဖမ်းမိကြပါတယ်။ အလယ်အလတ်ပမာဏကို ရဲတပ်ဖွဲ့တွေက ၈၁ ကြိမ်ဖမ်းမိပြီး ကျင်ဖိုင်ခရိုင်မှာ အများဆုံးအနေနဲ့ ၃၉ ကြိမ်ဖမ်းမိကြပါတယ်။
small quantity ကတော့ ရဲတပ်ဖွဲ့က ၁၃ ကြိမ်ဖမ်းမိပြီး အိုင်ဇောလ်ခရိုင်မှာ အများဆုံးအနေနဲ့ ၇ ကြိမ်ဖမ်းမိပါတယ်။

291836965_410336594463528_1401828832321750117_n

ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ဦးစီးဌာနက ဒီနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ commercial quantity ကို ၁၉ ကြိမ် ဖမ်းမိပြီး ခရိုင် လေးခုမှာဖမ်းမိတာဖြစ်တယ်။

အလယ်အလတ်ပမာဏကို ၁၃၃ ကြိမ် ဖမ်းမိပြီး ခရိုင် ၈ ခုတွင်ဖမ်းမိ။ small quantity ကို ၉၂ ကြိမ်ဖမ်းမိပြီး ခရိုင်အားလုံးဖြစ်တဲ့ ခရိုင် ၈ခုမှာဖမ်းမိထားပါတယ်။

ကျန်ဖိုင်ခရိုင် ရဲမှူး Pu Lalrinpuia Varte က ဇူလိုင် ၁၉ ရက်ထိ ခရိုင်အတွင်း ဘိန်းဖြူ ၅၄ မှုမှာ လူ ၇၀ ဖမ်းမိကြောင်း အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၂၁ ဦးပါတယ်။ ဖေဖော်ဝါရီလထဲမှာ တစ်ယောက်ကပဲ ဒုက္ခသည်ပါလို့ဝန်ခံတယ်။ ပိုက်ဆံမရှိဘူး။ အလုပ်လုပ်ဖို့လည်းမရှိလို့ အိုင်ဇောလ်ထိသယ်ပေးဖို့လာပြောလို့ပို့ပေးတာတဲ့။

လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်က လုံလဲမြို့မှာ မူးယစ်ဆေးဝါး ဆပ်ပြာဗူး တစ်ဗူးစာ ဖမ်းမိတာအတော်ရှားပေမယ့် အခုတော့ လုံလဲမြို့သာမက အခြားခရိုင်က ကျေးလက်တောရွာအထိမှာပါ ဘိန်းဖြူဖမ်းမိတာတွေဟာ မူးယစ်ဆေးဝါးက ဘယ်လောက်ထိ ကျေးလက်ဒေသထိပြန့်နှံ့နေပြီလဲဆိုတာ ပြသနေပါတယ်။

မီဇိုရမ်ပြည်နယ်မှာ ပမာဏအများအပြား ကေဂျီအလိုက်ဖမ်းမိတဲ့ ဘိန်းဖြူတွေဟာ ပြည်နယ်ကိုကျော်လွန်ပြီးပို့မယ့် ပစ္စည်းတွေဖြစ်တယ်လို့သိရတယ်။

မှတ်ချက်။ မီဇိုရမ်ပြည်နယ်အခြေစိုက် The Frontier Despatch ဂျာနယ်ကနေ တိုက်ရိုက်ဘာသာပြန်ထားပါတ်ယ။

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်