မြန်မာနယ်စပ်တွင် အိန္ဒိယက သစ်မှောင်ခို ကား ၇ စီး ဖမ်းမိ

အိန္ဒိယ- မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် ကမ်ဂျိခရိုင်၊ ကိုရှုကျေးရွာတွင် ကျွန်းသစ်မှောင်ခိုတင်ဆောင်လာတဲ့ ကား (၇)စီးကို အာသံတပ်ရင်းတွေက ဧပြီ (၂၈)ရက် မနက် ၁ နာရီကျော်က ဖမ်းဆီးတယ်လို့ သတင်းရရှိပါတယ်။

ယင်းသတင်းကို Imphal Free Press က ဧပြီ (၂၉)ရက်က ဖာ်ပြထားပါတယ်။

ကျွန်းသစ်မှောင်ခိုဖမ်းဆီးခံရတဲ့ ကမ်ဂျခရိုင်ဟာ တမူးခရိုင် မြို့သစ်မြို့တို့နဲ့ နီးစပ်တဲ့နေရာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ ကျွန်းသစ်ရဲ့တန်ဖိုးဟာ အိန္ဒိယ ရူပီးငွေ ၆ ဒသမ ၇၂ ကုဋေ (မြန်မာကျပ် ၁ ဒသမ ၃၄၄ ဘီလီယံ) ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ ယာဉ်မောင်း ၇ ဦးကိုလည်း တာဝန်ရှိသူတွေထံ လွှဲပြောင်းထားပါပြီ။

ပြီးတော့ မှောင်ခိုနဲ့တင်သွင်းလာတဲ့ ကွမ်းသီး အလေးချိန် ကေဂျီ ၅၂၃၀ ရှိတဲ့ တန်ဖိုးအားဖြစ် ရူပီး ၃၁ ဒသမ ၃၈ သိန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်