မြန်မာနိုင်ငံမှသယ်ဆောင်လာတဲ့ အိမ်တွင်းအလှမွေးတိရိစ္ဆာန်ကို မီဇိုရမ်ပြည်နယ်တွင် ဖမ်းဆီး

မြန်မာနိုင်ငံကနေ တရားမဝင်သယ်ဆောင်လာတဲ့ အိမ်တွင်းအလှမွေးတိရိစ္ဆာန် ၂၅ ကောင်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲတွေက မေ ၉ ရက်ကဖမ်းဆီးသိမ်းဆည်းခံရတယ်လို့ ဒေသတွင်းသတင်းမှာဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ တိရိစ္ဆာန်တွေကတော့ ဂီနီဝက် ၈ ကောင်, ကတ္တဝါဖြူ ၄ ကောင်၊ အိမ်မြောင် ၅ ကောင်၊ သားပိုက်ကောင် ကြွက်များ ၃ ကောင်၊ မြန်မာ့စပါးအုံ ၂ မြွေ ၂ ကောင် နဲ့ Meerkat ၁ကောင်၊ စုစုပေါင်း ၂၅ ကောင် ဖြစ်ပါတယ်။

ဖမ်းဆီးသိမ်းဆည်းထားတဲ့ တိရိစ္ဆာန်အားလုံးကို အိုင်ဇောလ်မြို့ တိရိစ္ဆာန်ဥယျာဉ်တွင် ဆက်လက်သိမ်းဆည်းထားတယ်လို့သိရတယ်။

အိမ်တွင်းအလှမွေးတိရိစ္ဆာန်တွေဟာ ထိုင်းနိုင်ငံကနေ သယ်ဆောင်လာပြီး မြန်မာပြည်ကိုဖြတ်ကာ အိန္ဒိယနိုင်ငံသို့ မှောင်ခိုနဲ့ တင်သွင်းကြပါတယ်။ အရင်ကလည်း ကလေးဝမြို့နားမှာ အိမ်တွင်းအလှမွေးတိရိစ္ဆာန်မျိုးစုံကို စစ်ကောင်စီက ဖမ်းဆီးကြပါတယ်။

Zawgyi

ျမန္မာႏိုင္ငံမွသယ္ေဆာင္လာတဲ့ အိမ္တြင္းအလွေမြးတိရိစာၦန္ကို မီဇိုရမ္ျပည္နယ္တြင္ ဖမ္းဆီး

ျမန္မာႏိုင္ငံကေန တရားမဝင္သယ္ေဆာင္လာတဲ့ အိမ္တြင္းအလွေမြးတိရိစာၦန္ ၂၅ ေကာင္ကို အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ရဲေတြက ေမ ၉ ရက္ကဖမ္းဆီးသိမ္းဆည္းခံရတယ္လို႔ ေဒသတြင္းသတင္းမွာေဖာ္ျပထားပါတယ္။

ဖမ္းဆီးခံရတဲ့ တိရိစာၦန္ေတြကေတာ့ ဂီနီဝက္ ၈ ေကာင္, ကတၱဝါျဖဴ ၄ ေကာင္၊ အိမ္ေျမာင္ ၅ ေကာင္၊ သားပိုက္ေကာင္ ႂကြက္မ်ား ၃ ေကာင္၊ ျမန္မာ့စပါးအုံ ၂ ေႁမြ ၂ ေကာင္ နဲ႔ Meerkat ၁ေကာင္၊ စုစုေပါင္း ၂၅ ေကာင္ ျဖစ္ပါတယ္။

ဖမ္းဆီးသိမ္းဆည္းထားတဲ့ တိရိစာၦန္အားလုံးကို အိုင္ေဇာလ္ၿမိဳ႕ တိရိစာၦန္ဥယ်ာဥ္တြင္ ဆက္လက္သိမ္းဆည္းထားတယ္လို႔သိရတယ္။

အိမ္တြင္းအလွေမြးတိရိစာၦန္ေတြဟာ ထိုင္းႏိုင္ငံကေန သယ္ေဆာင္လာၿပီး ျမန္မာျပည္ကိုျဖတ္ကာ အိႏၵိယႏိုင္ငံသို႔ ေမွာင္ခိုနဲ႔ တင္သြင္းၾကပါတယ္။ အရင္ကလည္း ကေလးဝၿမိဳ႕နားမွာ အိမ္တြင္းအလွေမြးတိရိစာၦန္မ်ိဳးစုံကို စစ္ေကာင္စီက ဖမ္းဆီးၾကပါတယ္။

နောက်ဆုံးရသတင်းများ

လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ချိုးဖောက်ခံနေရတဲ့ ချင်းပြည်နယ်

၂၅၊ ဧပြီ၊ ၂၀၂၄ Zalen ခရစ်ယာန်ဘာသာကိုသာ အများစုကိုးကွယ်ကြတဲ့ ချင်းလူမျိုးတွေဟာ တနင်္ဂနွေနေ့တိုင်းမှာ ဘုရားကျောင်းမှာ ဆုတောင်း ၀တ်ပြု ကိုးကွယ်ကြလေ့ရှိပါတယ်။ ချင်းလူမျိုးတွေရဲ့သာရေး၊ နာရေးတွေမှာလည်း လာရောက်တဲ့ ဧည့်ပရိသတ် ဆွေမျိုးတွေနဲ့ ၀တ်ပြုဆုတောင်းကြပါတယ်။ ချင်းပြည်နယ်ရဲ့ မြို့တော် ...

ဆက်ဖတ်ရန်