မြန်မာနိုင်ငံသား ၂၆ ယောက်ကို စာရွက်စာတမ်းအတုနဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂိုဟာသီးမြို့မှာ မြန်မာနိုင်ငံသား ၂၆ ယောက်ကို အိန္ဒိယနိုင်ငံစာရွက်စာတမ်းအတုနဲ့ မနေ့ စက်တင်ဘာလ ၁၂ ရက်ကဖမ်းဆီးခံရတယ်လို့ဒေသတွင်းသတင်းတွေ ကဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေက ဖလမ်းမြို့နယ် နဲ့ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့မှာနေထိုင်ကြတဲ့ အသက် ၂၅ ဝန်းကျင်အရွယ် အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်တို့ဖြစ်ပါတယ်။

မီဇိုရမ်းပြည်နယ်ရောက် မြန်မာတက်ကြွလှုပ်ရှားသူတစ်ဦးက “အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်တွေကိုလက်မခံဘူး။ ဒါပေမယ့် မီဇိုရမ်းပြည်နယ်အစိုးရလက်ခံလို့သာ မီဇိုရမ်းမှာတော့လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်။ ပြည်နယ်ပြင်ပကျော်ရင် သူတို့ဖမ်းမယ်လို့ပြောထားတယ်” လို့ပြောပါတယ်။

၄င်းတို့ဟာ မီဇိုရမ်ပြည်နယ်က မဲပေးခွင့်ကဒ်နဲ့ အာဒါရ်ကဒ်အတုတွေကိုင်ဆောင်ထားပြီး နယူးဒေးလီမြို့မှာ ကျမ်းစာကျောင်းတက်ဖို့သွားကြတယ်လို့ဆိုပါတယ်။

နယူးဒေးလီမြို့က ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တာဝန်ခံ ဆလိုင်းကျူံးဒေါ့က “ဒီကိစ္စကို ဂိုဟာသီးမှာရှိတဲ့သူငယ်ချင်းတစ်ယောက်က အချုပ်ကိုသွားပြီးတော့ ဆွေးနွေးနေတယ်။ ရဲစခန်းတာဝန်ရှိသူတွေနဲ့လည်း စကားပြောပြီးတော့ သူတို့ပြန်လွတ်မြောက်ရေးဆောင်ရွက်နေတယ်” လို့ပြောပါတယ်။

Zawgyi

ျမန္မာႏိုင္ငံသား ၂၆ ေယာက္ကို စာရြက္စာတမ္းအတုနဲ႔ အိႏိၵယႏိုင္ငံ အာသံျပည္နယ္မွာ ဖမ္းဆီးခံရ

အိႏိၵယႏိုင္ငံ အာသံျပည္နယ္ ဂိုဟာသီးၿမိဳ႕မွာ ျမန္မာႏိုင္ငံသား ၂၆ ေယာက္ကို အိႏိၵယႏိုင္ငံစာရြက္စာတမ္းအတုနဲ႔ မေန႔ စက္တင္ဘာလ ၁၂ ရက္ကဖမ္းဆီးခံရတယ္လို႔ေဒသတြင္းသတင္းေတြ ကေဖာ္ျပထားပါတယ္။

ဖမ္းဆီးခံရတဲ့သူေတြက ဖလမ္းၿမိဳ႕နယ္ နဲ႔ တီးတိန္ၿမိဳ႕နယ္ ခုိင္ကမ္းၿမိဳ႕မွာေနထုိင္ၾကတဲ့ အသက္ ၂၅ ဝန္းက်င္အရြယ္ အမ်ဳိးသား ၁၆ ေယာက္နဲ႔ အမ်ဳိးသမီး ၁၀ ေယာက္တို႔ျဖစ္ပါတယ္။

မီဇိုရမ္းျပည္နယ္ေရာက္ ျမန္မာတက္ၾကြလႈပ္ရွားသူတစ္ဦးက “အိႏိၵယအစိုးရက ျမန္မာစစ္ေဘးေရွာင္ေတြကိုလက္မခံဘူး။ ဒါေပမယ့္ မီဇိုရမ္းျပည္နယ္အစိုးရလက္ခံလို႔သာ မီဇိုရမ္းမွာေတာ့လြတ္လြတ္လပ္လပ္သြားလာလုိ႔ရတယ္။ ျပည္နယ္ျပင္ပေက်ာ္ရင္ သူတို႔ဖမ္းမယ္လုိ႔ေျပာထားတယ္” လုိ႔ေျပာပါတယ္။

၄င္းတို႔ဟာ မီဇိုရမ္ျပည္နယ္က မဲေပးခြင့္ကဒ္နဲ႔ အာဒါရ္ကဒ္အတုေတြကိုင္ေဆာင္ထားၿပီး နယူးေဒးလီၿမိဳ႕မွာ က်မ္းစာေက်ာင္းတက္ဖုိ႔သြားၾကတယ္လို႔ဆိုပါတယ္။

နယူးေဒးလီၿမိဳ႕က ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) တာဝန္ခံ ဆလုိင္းက်ဴံးေဒါ့က “ဒီကိစၥကို ဂိုဟာသီးမွာရွိတဲ့သူငယ္ခ်င္းတစ္ေယာက္က အခ်ဳပ္ကိုသြားၿပီးေတာ့ ေဆြးေႏြးေနတယ္။ ရဲစခန္းတာဝန္ရွိသူေတြနဲ႔လည္း စကားေျပာၿပီးေတာ့ သူတို႔ျပန္လြတ္ေျမာက္ေရးေဆာင္ရြက္ေနတယ္” လို႔ေျပာပါတယ္။

 

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်