မြောက်ဒဂုံမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ ၁ယောက်သေဆုံးပြီး ဓမ္မအမှုဆောင်တစ်ပါးအပါအဝင်မိသားစုဝင်တွေဖမ်းဆီးခေါ်ဆောင်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနဲ့ မဟာဗန္ဓလလမ်းထောင့်က အိမ်အပေါ်ထပ်ကနေ မနေ့ နိုဝင်ဘာ ၂၅ ရက် မနက် ၉ နာရီလောက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူငယ် ၁ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ကနဦးသတင်းရရှိထားပါတယ်။

ယင်းပေါက်ကွဲမှုကြောင့် ဂျွန်ဆင်ဗန်ဗျက်လောမ် (၁ရနှစ်)၊ ကျော်သီဟ (၁ရနှစ်)၊ အောင်ခန့်ပိုင် (၁ရနှစ်) တို့ဒဏ်ရာပြင်းထန်ရရှိကာ မင်္ဂလာဒုံဆေးရုံတွင် ကျော်သီဟ ဟာဒဏ်ရာနဲ့သေဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် MWD သတင်းမှာဖော်ပြထားပါတယ်။

စစ်ကောင်စီဝါဒဖြန့် MWD သတင်းက လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲတာလို့ဖော်ပြထားပေမယ့် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ဂျွန်ဆင်ဗန်ဗျက်လောမ်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကနေ ရန်ကုန်မြို့သို့လာရောက်နေထိုင်တဲ့သူဖြစ်ပါတယ်။

ဒါကြောင့် ပေါက်ကွဲမှုဖြစ်ပွားတဲ့နေအိမ်က အိမ်ရှင်မိသားစုတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ၄င်းတို့ထဲတွင် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လာရောက်စောင့်ဆိုင်းနေတဲ့ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ပါးလည်းပါဝင်ပါတယ်။

၄င်းနေအိမ်တွင် သက်ကြီးရွယ်အိုတစ်ယောက်လည်းရှိကာ ၄င်းကိုလည်းဖမ်းဆီးခေါ်ဆောင်ထားခြင်းရှိ၊ မရှိမသိရသေးပါ။

Zawgyi

ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ ေပါက္ကြဲမႈျဖစ္ပြားရာ ၁ေယာက္ေသဆုံးၿပီး ဓမၼအမႈေဆာင္တစ္ပါးအပါအဝင္မိသားစုဝင္ေတြဖမ္းဆီးေခၚေဆာင္

ရန္ကုန္တိုင္း၊ ေျမာက္ဒဂုံၿမိဳ႕နယ္ ၃၈ ရပ္ကြက္၊ တပင္ေရႊထီးလမ္းနဲ႔ မဟာဗႏၶလလမ္းေထာင့္က အိမ္အေပၚထပ္ကေန မေန႔ နိုဝင္ဘာ ၂၅ ရက္ မနက္ ၉ နာရီေလာက္တြင္ ေပါက္ကြဲမႈျဖစ္ပြားၿပီး လူငယ္ ၁ ေယာက္ေသဆုံးကာ ၂ ေယာက္ဒဏ္ရာရရွိသြားတယ္လို႔ကနဦးသတင္းရရွိထားပါတယ္။

ယင္းေပါက္ကြဲမႈေၾကာင့္ ဂၽြန္ဆင္ဗန္ဗ်က္ေလာမ္ (၁ရႏွစ္)၊ ေက်ာ္သီဟ (၁ရႏွစ္)၊ ေအာင္ခန႔္ပိုင္ (၁ရႏွစ္) တို႔ဒဏ္ရာျပင္းထန္ရရွိကာ မဂၤလာဒုံေဆး႐ုံတြင္ ေက်ာ္သီဟ ဟာဒဏ္ရာနဲ႔ေသဆုံးသြားတယ္လို႔ စစ္ေကာင္စီဝါဒျဖန႔္ MWD သတင္းမွာေဖာ္ျပထားပါတယ္။

စစ္ေကာင္စီဝါဒျဖန႔္ MWD သတင္းက လက္လုပ္မိုင္းစမ္းသပ္စဥ္ ေပါက္ကြဲတာလို႔ေဖာ္ျပထားေပမယ့္ ျဖစ္စဥ္အေသးစိတ္ကို စုံစမ္းေနဆဲျဖစ္ပါတယ္။

ဂၽြန္ဆင္ဗန္ဗ်က္ေလာမ္ဟာ ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ကေန ရန္ကုန္ၿမိဳ႕သို႔လာေရာက္ေနထိုင္တဲ့သူျဖစ္ပါတယ္။

ဒါေၾကာင့္ ေပါက္ကြဲမႈျဖစ္ပြားတဲ့ေနအိမ္က အိမ္ရွင္မိသားစုေတြကိုဖမ္းဆီးေခၚေဆာင္ၿပီး ၄င္းတို႔ထဲတြင္ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ လာေရာက္ေစာင့္ဆိုင္းေနတဲ့ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္တစ္ပါးလည္းပါဝင္ပါတယ္။

၄င္းေနအိမ္တြင္ သက္ႀကီးရြယ္အိုတစ္ေယာက္လည္းရွိကာ ၄င္းကိုလည္းဖမ္းဆီးေခၚေဆာင္ထားျခင္းရွိ၊ မရွိမသိရေသးပါ။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်