မှော်ဘီမြို့တွင် ကျမ်းစာကျောင်းဆရာ ချင်းအမျိုးသားတစ်ဦးရဲ့ ဖုန်းနဲ့ဆိုင်ကယ်လုယက်ခံရ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၊ မှော်ဘီဈေးချိုရပ်ကွက်တွင် နေထိုင်သော ကျမ်းစာကျောင်းဆရာ ချင်း အမျိုးသား တစ်ဦးဟာ ဒီကနေ့ ဇူလိုင် ၅ရက်နေ့လည် ၃ နာရီခန့်တွင် ဖုန်းတစ်လုံးနဲ့ ဆိုင်ကယ်လုယက်ခံရကြောင်း သတင်းရရှိပါတယ်။

“ကျွန်တော် အလုပ်က ပြန်လာနေတုန်း လမ်းကြားက လူနည်းနည်းပျက်တယ်။ အဲ့မှာ ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်က လမ်းကို ပိတ်ရပ်ပြီး “မင်းဘယ်သွား မလို့လဲ” ဟု မေးတယ်။ ကျွန်တော်လည်း “ကျွန်တော့်အိမ်ကို ပြန်မလို့ပါ” ဟု ပြန်ဖြေလိုက်တယ်။ ပြီးတော့ “ဖုန်းကိုပေး” လို့ပြောတယ်။ ဖုန်းကို သူတို့ယူလိုက်တယ်။ “ဆိုင်ကယ်လည်းပေး” ဆိုပြီး ဓားထုတ်တော့ ကျွန်တော်လည်း ဆိုင်ကယ်ကို ထားခဲ့ပြီး ထွက်ပြေးလိုက်တယ်။ ဘာပဲ ပြောပြော ကံကောင်းတယ် ပြောရမယ် ပစ္စည်းတွေပဲပါသွားတယ်၊ ကိုယ်ကတော့ ကံကောင်းထောက်မစွာနဲ့ဘာမှ မဖြစ်သွားဘူး” ဟု အလုယက်ခံရသူက ပြောပါတယ်။

အလုခံရပြီး ရပ်ကွက်ထဲက လူများကို အကူအညီတောင်းပြီး ပြန်လိုက်သောလည်း မမှီတော့ကြောင်း သူက ပြောပါတယ်။ အလုယက်ခံရသူဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်က ဖြစ်ပြီး မှောင်ဘီရှိ ကျမ်းစာကျောင်း တစ်ခုတွင် ဆရာအဖြစ် တာဝန်ထမ်းဆောင်သူတစ်ဦးလည်းဖြစ်ကာ အမှုတော်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်ပေးနေသူတစ်ဦးလည်းဖြစ်ပြီး ကလေး ၁ ယောက်နဲ့ မိသားစုရှိထားသူလည်း ဖြစ်ပါတယ်။

Zawgyi

ေမွာ္ဘီၿမိဳ႕တြင္ က်မ္းစာေက်ာင္းဆရာ ခ်င္းအမ်ိဳးသားတစ္ဦးရဲ႕ ဖုန္းနဲ႔ဆိုင္ကယ္လုယက္ခံရ

ရန္ကုန္တိုင္း ေမွာ္ဘီၿမိဳ႕နယ္၊ ေမွာ္ဘီေဈးခ်ိဳရပ္ကြက္တြင္ ေနထိုင္ေသာ က်မ္းစာေက်ာင္းဆရာ ခ်င္း အမ်ိဳးသား တစ္ဦးဟာ ဒီကေန႔ ဇူလိုင္ ၅ရက္ေန႔လည္ ၃ နာရီခန႔္တြင္ ဖုန္းတစ္လုံးနဲ႔ ဆိုင္ကယ္လုယက္ခံရေၾကာင္း သတင္းရရွိပါတယ္။

“ကြၽန္ေတာ္ အလုပ္က ျပန္လာေနတုန္း လမ္းၾကားက လူနည္းနည္းပ်က္တယ္။ အဲ့မွာ ဆိုင္ကယ္ ၂ စီးနဲ႔ လူ ၄ ေယာက္က လမ္းကို ပိတ္ရပ္ၿပီး “မင္းဘယ္သြား မလို႔လဲ” ဟု ေမးတယ္။ ကြၽန္ေတာ္လည္း “ကြၽန္ေတာ့္အိမ္ကို ျပန္မလို႔ပါ” ဟု ျပန္ေျဖလိုက္တယ္။ ၿပီးေတာ့ “ဖုန္းကိုေပး” လို႔ေျပာတယ္။ ဖုန္းကို သူတို႔ယူလိုက္တယ္။ “ဆိုင္ကယ္လည္းေပး” ဆိုၿပီး ဓားထုတ္ေတာ့ ကြၽန္ေတာ္လည္း ဆိုင္ကယ္ကို ထားခဲ့ၿပီး ထြက္ေျပးလိုက္တယ္။ ဘာပဲ ေျပာေျပာ ကံေကာင္းတယ္ ေျပာရမယ္ ပစၥည္းေတြပဲပါသြားတယ္၊ ကိုယ္ကေတာ့ ကံေကာင္းေထာက္မစြာနဲ႔ဘာမွ မျဖစ္သြားဘူး” ဟု အလုယက္ခံရသူက ေျပာပါတယ္။

အလုခံရၿပီး ရပ္ကြက္ထဲက လူမ်ားကို အကူအညီေတာင္းၿပီး ျပန္လိုက္ေသာလည္း မမွီေတာ့ေၾကာင္း သူက ေျပာပါတယ္။ အလုယက္ခံရသူဟာ ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္က ျဖစ္ၿပီး ေမွာင္ဘီရွိ က်မ္းစာေက်ာင္း တစ္ခုတြင္ ဆရာအျဖစ္ တာဝန္ထမ္းေဆာင္သူတစ္ဦးလည္းျဖစ္ကာ အမႈေတာ္ေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။ သူဟာ မိဘမဲ့ကေလးမ်ားကို ျပဳစုေစာင့္ေရွာက္ေပးေနသူတစ္ဦးလည္းျဖစ္ၿပီး ကေလး ၁ ေယာက္နဲ႔ မိသားစုရွိထားသူလည္း ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်