ယမန်နေ့ ထန်တလန်မြို့မီးလောင်မှု တွင် ဘုရား‌ကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၄၉လုံးပြာကျ

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၂နာရီခန့်တွင် ထပ်မံမီးလောင်ရာ ထန်တလန်ရာပြည့်နှစ်ခြင်းဘုရားကျောင်း (TCBC) အပါအဝင် လူနေအိမ် ၄၉လုံး ပြာကျသွားတယ်လို့သတင်းရရှိပါတယ်။

မီးလောင်သွားတဲ့နေရာတွေကတော့ ဇုန်မွှန်ရပ်ကွက်တွင် ၃၆ အိမ်၊ ရဲစခန်းအနောက်ဖက်ခြမ်းတွင် ၁၀ အိမ်နဲ့ စိုက်ပျိုးရေးရပ်ကွက်တွင် ၃ အိမ်၊ စုစုပေါင်း ၄၉ အိမ် လောင်ကျွမ်းသွားတယ်လို့ ထန်တလန် လူငယ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့လည်ပိုင်းအထိ သတင်းရရှိထားတာကတော့ မီးငြိမ်းသွားပြီပေမယ့် မီးခိုတွေထွက်နေတယ်လို့သိရတယ်။

စက်တင်ဘာ ၉ရက်နေ့မှစ၍ ယနေ့အချိန်ထိ ထန်တလန်မြို့တွင် မီးရှို့ခံရလို့ ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်း အပါအဝင် အိမ် ၂၅၀ ကျော် မီးလောင်ပြာကျသွားပါတယ်။

Zawgyi

ယမန္ေန႔ ထန္တလန္ၿမိဳ႕မီးေလာင္မႈ တြင္ ဘုရား‌ေက်ာင္းတစ္ေက်ာင္းအပါအ၀င္ လူေနအိမ္ ၄၉လုံးျပာက်

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕တြင္ ယမန္ေန႔ နို၀င္ဘာ ၂၄ ရက္၊ မြန္းလြဲ ၂နာရီခန႔္တြင္ ထပ္မံမီးေလာင္ရာ ထန္တလန္ရာျပည့္ႏွစ္ျခင္းဘုရားေက်ာင္း (TCBC) အပါအ၀င္ လူေနအိမ္ ၄၉လုံး ျပာက်သြားတယ္လုိ႔သတင္းရရွိပါတယ္။

မီးေလာင္သြားတဲ့ေနရာေတြကေတာ့ ဇုန္မႊန္ရပ္ကြက္တြင္ ၃၆ အိမ္၊ ရဲစခန္းအေနာက္ဖက္ျခမ္းတြင္ ၁၀ အိမ္နဲ႔ စိုက္ပ်ိဳးေရးရပ္ကြက္တြင္ ၃ အိမ္၊ စုစုေပါင္း ၄၉ အိမ္ ေလာင္ကၽြမ္းသြားတယ္လို႔ ထန္တလန္ လူငယ္ေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

ယေန႔ ႏိုဝင္ဘာ ၂၅ ရက္ေန႔လည္ပိုင္းအထိ သတင္းရရွိထားတာကေတာ့ မီးၿငိမ္းသြားၿပီေပမယ့္ မီးခိုေတြထြက္ေနတယ္လို႔သိရတယ္။

စက္တင္ဘာ ၉ရက္ေန႔မွစ၍ ယေန႔အခ်ိန္ထိ ထန္တလန္ၿမိဳ႕တြင္ မီးရိႈ႕ခံရလုိ႔ ခရစ္ယာန္ဘုရားေက်ာင္း ၃ ေက်ာင္း အပါအ၀င္ အိမ္ ၂၅၀ ေက်ာ္ မီးေလာင္ျပာက်သြားပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်