ရခိုင်ပြည်နယ် ချင်းရွာတစ်ရွာတွင် မနေ့ညက ရှို့မီးကြောင့် အိမ် ၇ လုံးမီးလောင်

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရှမ်းကုန်းကျေးရွာတွင် အမည်မသိလူတစ်စုက လာရောက်မီးရှို့လို့ လူနေအိမ် ၇ လုံး မီးလောင်သွားတယ်လို့သတင်းရရှိပါတယ်။

အခင်းဖြစ်ပွားတဲ့အချိန်က ဒီမနက် ည ၁ နာရီနဲ့ ၂ နာရီကြားမှာဖြစ်တာပါ။ ရှမ်းကုန်းကျေးရွာဟာ အမ်းမြို့ကနေ မိုင် ၃၀ ဝေးပြီးယင်းရွာအနီးတစ်ဝိုက်တွင် အေအေလက်နက်ကိုင်နဲ့ တပ်မတော်ကြားမကြာခဏ ပစ်ခတ်မှုတွေရှိတာကြောင့် ထွက်ပြေးနေရတဲ့ဒေသလည်းဖြစ်ပါတယ်။

ရှမ်းကုန်းဇာတိ ဆလိုင်းဝင်းမောင်က “မီးလောင်တဲ့ထဲမှာ ကျနော့်မိဘအိမ်လည်းပါသွားတယ်။ ကျနော့်မိဘတွေက မီးလောင်တာစသိတာကတော့ မနက် ၂ နာရီလောက်မှာ။ တစ်အိမ်ပြီးတစ်အိမ် မီးကူးသွားတာ။ ရွာသားတွေက မီးငြိမ်းလို့ ဒီလောက်ပဲလောင်တာပါ။ လူတွေကတော့ ဘာမှထိခိုက်တာမရှိပေမယ့် အိမ်ထဲက ပစ္စည်းတွေအကုန်လုံးဘယ်သူမှမယူနိုင်ကြဘူး။ ဘယ်အဖွဲ့ကမီးရှို့တာလဲဆိုတာ ရွာသားတွေကမပြောရဲကြဘူး။ တစ်ယောက်ပြောတာကတော့ လူ ၂ ယောက် ၃ ယောက်လောက်လာရှို့တယ်လို့ပြောတယ်။ ကျနော်တို့ရွာက ကြားနေလေ။ စစ်တပ်ကိုလည်းအားမပေးဘူး၊ အေအေလက်နက်ကိုင်တွေကိုလည်းအားမပေးဘူး။ ကျနော်တို့ရွာရဲ့ အနီးတစ်ဝိုက်မှာ စစ်ပွဲတွေမကြာခဏဖြစ်ပါတယ်။ အခု အမ်းမြို့ စစ်ဘေးရှောင်စခန်းမှာရောက်နေတာလည်း အဲ့ဒေသနီးနားက ရွာသားတွေပဲ” လို့ပြောပါတယ်။

ရှမ်းကုန်ကျေးရွာတွင် အိမ်ခြေ ၁၀၂ အိမ်ရှိပြီး အခုလို အိမ်မီးလောင်ခြင်းကြောင့် လူဦးရေ (၃၂)ယောက် မီးဘေးသင့်ပါတယ်။ မီးလောင်သွားတဲ့အိမ်တွေကတော့ ဦးပိုင်၊ ဦးငမောင်၊ ဦးအောင်ရွှေ၊ ကိုမောင်လတ်၊ ဦးဘတင်၊ ကိုကျော်သူလင်း နဲ့ ချင်းလူမှုရေးအသင့်ရုံးစသည်တို့ဖြစ်ပါတယ်။

(Zawgyi)

ရခိုင္ျပည္နယ္ ခ်င္း႐ြာတစ္႐ြာတြင္ မေန႔ညက ရႈိ႕မီးေၾကာင့္ အိမ္ ၇ လုံးမီးေလာင္

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ရွမ္းကုန္းေက်း႐ြာတြင္ အမည္မသိလူတစ္စုက လာေရာက္မီးရႈိ႕လို႔ လူေနအိမ္ ၇ လုံး မီးေလာင္သြားတယ္လို႔သတင္းရရွိပါတယ္။

အခင္းျဖစ္ပြားတဲ့အခ်ိန္က ဒီမနက္ ည ၁ နာရီနဲ႔ ၂ နာရီၾကားမွာျဖစ္တာပါ။ ရွမ္းကုန္းေက်း႐ြာဟာ အမ္းၿမိဳ႕ကေန မိုင္ ၃၀ ေဝးၿပီးယင္း႐ြာအနီးတစ္ဝိုက္တြင္ ေအေအလက္နက္ကိုင္နဲ႔ တပ္မေတာ္ၾကားမၾကာခဏ ပစ္ခတ္မႈေတြရွိတာေၾကာင့္ ထြက္ေျပးေနရတဲ့ေဒသလည္းျဖစ္ပါတယ္။

ရွမ္းကုန္းဇာတိ ဆလိုင္းဝင္းေမာင္က “မီးေလာင္တဲ့ထဲမွာ က်ေနာ့္မိဘအိမ္လည္းပါသြားတယ္။ က်ေနာ့္မိဘေတြက မီးေလာင္တာစသိတာကေတာ့ မနက္ ၂ နာရီေလာက္မွာ။ တစ္အိမ္ၿပီးတစ္အိမ္ မီးကူးသြားတာ။ ႐ြာသားေတြက မီးၿငိမ္းလို႔ ဒီေလာက္ပဲေလာင္တာပါ။ လူေတြကေတာ့ ဘာမွထိခိုက္တာမရွိေပမယ့္ အိမ္ထဲက ပစၥည္းေတြအကုန္လုံးဘယ္သူမွမယူႏိုင္ၾကဘူး။ ဘယ္အဖြဲ႕ကမီးရႈိ႕တာလဲဆိုတာ ႐ြာသားေတြကမေျပာရဲၾကဘူး။ တစ္ေယာက္ေျပာတာကေတာ့ လူ ၂ ေယာက္ ၃ ေယာက္ေလာက္လာရႈိ႕တယ္လို႔ေျပာတယ္။ က်ေနာ္တို႔႐ြာက ၾကားေနေလ။ စစ္တပ္ကိုလည္းအားမေပးဘူး၊ ေအေအလက္နက္ကိုင္ေတြကိုလည္းအားမေပးဘူး။ က်ေနာ္တို႔႐ြာရဲ႕ အနီးတစ္ဝိုက္မွာ စစ္ပြဲေတြမၾကာခဏျဖစ္ပါတယ္။ အခု အမ္းၿမိဳ႕ စစ္ေဘးေရွာင္စခန္းမွာေရာက္ေနတာလည္း အဲ့ေဒသနီးနားက ႐ြာသားေတြပဲ” လို႔ေျပာပါတယ္။

ရွမ္းကုန္ေက်း႐ြာတြင္ အိမ္ေျခ ၁၀၂ အိမ္ရွိၿပီး အခုလို အိမ္မီးေလာင္ျခင္းေၾကာင့္ လူဦးေရ (၃၂)ေယာက္ မီးေဘးသင့္ပါတယ္။ မီးေလာင္သြားတဲ့အိမ္ေတြကေတာ့ ဦးပိုင္၊ ဦးငေမာင္၊ ဦးေအာင္ေ႐ႊ၊ ကိုေမာင္လတ္၊ ဦးဘတင္၊ ကိုေက်ာ္သူလင္း နဲ႔ ခ်င္းလူမႈေရးအသင့္႐ုံးစသည္တို႔ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်