ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ ချင်းတိုင်းရင်းသားတစ်ယောက် ဝန်ကြီးရနိုင်တဲ့နည်းလမ်းရှိတယ်လို့ဆို

ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်တဲ့ ချင်းလူမျိုးတွေရဲ့ အခက်အခဲကိုကူညီဖြေရှင်းပေးမယ့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးမရှိသည့်တိုင် ချင်း ဝန်ကြီးတစ်ပါးရနိုင်တဲ့နည်းလမ်းရှိတယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလှည့်ကျဥက္ကဌ ဦးနိုထန်ကပ်ကဆိုပါတယ်။

ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်းမှာ ဇန်နဝါရီလ (၄)ရက်နေ့ကကျင်းပတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မိတ်ဆက်ပွဲတွင် အခုလိုပြောလိုက်တာပါ။

ဦးနိုထန်ကပ်က “ရန်ကုန်တိုင်းမှာ ချင်းရေးရာဝန်ကြီးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တက်နိုင်သလောက်လေ့လာတယ်။ သို့သော် ဧည့်စာရင်းနဲ့နေတာများတယ်။ အားလုံးသိထားတဲ့တိုင်း လူ ၅သောင်းကျော်ရှိရင် ရေးရာဝန်ကြီးရနိုင်တယ်ဆိုတာ အခြေခံဥပဒေမှာပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တိုင်းရင်းသားရေးရာဝန်ကြီး (၂၉) ဦးရှိတယ်။ ဒီ့အပြင် (၂၉)ဦးအထက် ရေးရာဝန်ကြီးထပ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ကျနော်ပြောရင်မှားနိုင်တယ်။ သို့သော် ကျနော့်အထင် မရှိဘူး။ ရှိမယ်ဆိုရင် ရန်ကုန်တိုင်းမှာ မွန်တွေအများကြီးပဲ။ ၅ သောင်းမက သိန်းချီရှိတယ်။ အတိုကောက်ပြောရရင် ရန်ကုန်မှာ ချင်းတွေ ၅ သောင်းကျော်ရှိရင်တောင်မှ ရေးရာဝန်ကြီးရနိုင်မယ်မထင်ဘူး။

ဒါပေမယ့် ဒီနေ့ ဒီမိတ်ဆက်ပွဲကို အကျိုးရလဒ်အနေနဲ့အသုံးချတတ်ရင်တော့ ဝန်ကြီးတစ်ပါးကောင်းကောင်းရနိုင်တယ်။ ဘယ်လိုလုပ်မလဲ။ ရန်ကုန်တိုင်း မြို့နယ်အသီးသီးမှာ ချင်းတွေရှိသလောက် တစ်သောင်း၊ သုံးသောင်း၊ ငါးသောင်း၊ ခြောက်သောင်းစုထားလိုက်ရင် ဥပမာ- အင်းစိန်၊ မြောက်ဒဂုံ၊ ရွှေပြည်သာမြို့နယ်မှာ ဆိုင်းဘုတ်ထောင်ပြီးတော့ CNLD ပါတီဝင်တွေစုထားလိုက်ရင် ရွေးကောက်ပွဲမှာ CNLD ကရန်ကုန်တိုင်းမှာ ဝင်မပြိုင်သည့်တိုင် ပါတီကြီးလို့ခေါ်တဲ့ NLD၊ ကြံ့ခိုင်ရေး၊ PPP တွေကိုမဲပေးမယ်။ အစိုးရဖွဲ့ရင် ကျနော်တို့ကို ပစ်မထားနဲ့၊ အစိုးရအဖွဲ့ဝင်အဖြစ် ကျနော်တို့ထဲမှာ ပညာတတ်၊ လူတော်တွေ၊ ဝန်ထမ်းဟောင်းတွေ အများကြီး ဝန်ကြီးလုပ်နိုင်တဲ့သူရှိပါတယ်လို့ အပေးအယူလုပ်လို့ရတယ်။ နိုင်ငံရေးက ဒါပါပဲ။ သီးသန့်ရေးရာဝန်ကြီးရဖို့တော်တော်ခက်နေပြီ။ ဒါပေမယ့် ကျနော်တို့လုပ်ရမှာပဲ။ ရန်ကုန်တိုင်းဒေသကြီးက ချင်းတွေရဲ့မဲက အလဟာသဖြစ်နေတယ်။ ရန်ကုန်တိုင်းအစိုးရဖွဲ့နိုင်တဲ့ပါတီနဲ့ အချိတ်ဆက်မိရင် ရွေးကောက်ပွဲမတိုင်ခင် ဝန်ကြီးတစ်နေရာတော့ ကောင်းကောင်းရနိုင်တယ်။ အဲ့ဒါကို လူကြီးတွေက ကျနော်တို့ကို ခဏခဏလာပြောတယ်။ ဒီအစည်းအဝေးပြီးတာနဲ့ မြို့နယ်အသီးသီးမှာ ကျနော်တို့ကော်မတီဖွဲ့မယ်။ ဆိုလိုတာက CNLD ပါတီ ပေါ်ပြုလာဖြစ်ပါစေလို့ ပြောချင်တာမဟုတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီးမှာ ဘာသာရေးအရ တခါတလေ လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်မရှိဘူး။ ကျမ်းစာကျောင်းဖွင့်လို့မရ။ မှတ်ပုံတင် ပြည်ထဲရေးသွားလည်း မှတ်ပုံတင်သွားလုပ်လို့မရ။ ပါစ်စပို့လည်းကောင်းကောင်းလုပ်လို့မရ။ တန်းစီခိုင်းလိုက်။ ၄/ဖလန ဆိုအထင်လွှဲ။ ငကလ ဆိုဒုက္ခရောက်၊ အဲ့ဒါတွေလုပ်နိုင်တာက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလုပ်နိုင်ပေမယ့် ဒီထက်ထိရောက်အောင်လုပ်နိုင်တာက နိုင်ငံရေးပါတီ ဖြစ်တယ်။ ရန်ကုန်တိုင်းမှာရောက်နေတဲ့ ချင်းတိုင်းရင်းသား စောင့်ရှောက်ဖို့ဝန်ကြီးတစ်ပါးတော့လိုတယ်။ အဲ့ဒါ ရေးရာဝန်ကြီးထက် ကျနော်တို့မဲကို အသုံးချတတ်ရင် စည်းလုံးမှုရှိရင် ကောင်းကောင်းလုပ်လို့ရတယ်။ အဲ့ဒီမှာ ဝန်ကြီးလုပ်ဖို့ CNLD ခေါင်းဆောင်တွေမလိုဘူး” လို့ပြောပါတယ်။

လက်ရှိအချိန်တွင် Chin Advocacy Network က ရန်ကုန်တိုင်းဒေသကြီးမှာနေထိုင်တဲ့ ချင်းလူဦးရေစာရင်းကို လိုက်လံစုဆောင်းလျက်ရှိပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ရန်ကုန်တိုင်းမှာ ချင်းလူဦးရေ သုံးသောင်းခန့်စာရင်းရရှိထားပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်