ရန်ကုန်တွင် ဒီနှစ် ချင်းအမျိုးသားနေ့ကို Online ZOOM ကနေ ကျင်းပမယ်
မနက်ဖြန်တွင် ကျရောက်မယ့် (၇၃)ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ရန်ကုန်တွင် Online ZOOM ကနေ ကျင်းပမယ်လို့ All Chin Society- Yangon အဖွဲ့ထံမှသတင်းရရှိပါတယ်။
ပွဲကို မနက်ဖြန် ဖေဖော်ဝါရီ (၂၀)ရက် မနက် ၁၁ နာရီကနေ စတင်မှာဖြစ်ပြီး All Chin Society- Yangon facebook page တွင်တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါ။
ယခင်နှစ်များနဲ့ မတူပဲ ZOOM တွင် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပရမယ့် အကြောင်းနဲ့ပတ်သက်ပြီး All Chin Society- Yangon အတွင်းရေးမှူး Pu Peng Hu က”အရင်လို အပြင်မှာ ပွဲလုပ်မယ်ဆိုရင် ကိုဗစ်ကြောင့် ခွင့်မပြုနိုင်ဘူး။ အခုတော့ ဆန္ဒပြပွဲတွေကြောင့် ကြိုက်သလိုအပြင်ထွက်လို့မရတော့ဘူး။ ဒီလိုမျိုးနိုင်ငံရေးအခြေနေမှာ ပွဲမိန့်တောင်းရင်လည်း ပေးမှာမဟုတ်ဘူး။ ဒါကြောင့် ပွဲမိန့်လည်းတောင်းစရာမလိုတဲ့ ZOOM မှာအခမ်းအနားလုပ်ဖို့ရွေးချယ်ခဲ့တာ။ အခမ်းအနားကတော့ ၂ နာရီလောက်ပဲကြာမယ်” လို့ပြောပါတယ်။
အခမ်းအနားတွင် ဒေါ်ဟေလင့်ပုမ် နဲ့ ဦးဆမ်မင်းက မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အရှို၊ ဇို နဲ့ မီဇိုး ရိုးရာအကနဲ့ဖျော်ဖြေမှာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်တွင် နိုင်ငံအဆင့် ကဏ္ဍပေါင်းစုံက အောင်မြင်ကျော်ကြားတဲ့ ချင်းတိုင်းရင်းသား၁၀ ယောက်ကိုလည်း ဂုဏ်ပြုချီးမြှင့်မှာဖြစ်ပါတယ်။ ၎င်းတို့ကတော့-
(၁)နိုင်ငံတော်အဆင့်ဝိဇ္ဇာပထမဆုရ ဆလိုင်း ဝေယံကျော်လင်း
(၂) မိုင်မေမြတ်သွယ် ( All D)
(၃) TG. Sing Mun Thang (All D)
(၄) Ning Lam Cing (All D)
(၅) Tg. Cin Kham Thang (All D)
(၆) Thang Khaw Ling (LLD) (နိုင်ငံတော်က ပြည်ပသို့ စေလွတ်ဖို့ ပညာတော်သင် ၉ ဦးရွေးချယ်တဲ့ထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်)
(၇) Suan Lam Mang (မြန်မာ့လက်ရွေးစင်)
(၈) ဖြိုးကိုကိုသိန်း (a) Pau Sian Sang (မြန်မာ့လက်ရွေးစင်)
(၉)Tial Cung Thang (MMA)
(၁၀) Dr. Thawng Tha Thang (Chinland Clup ဥက္ကဌ) စသည်တို့ပါဝင်ပါတယ်။
Meeting ID: 836 5015 3136
Passcode: acsy
(Zawgyi)
(၃) TG. Sing Mun Thang (All D)
(၄) Ning Lam Cing (All D)
(၅) Tg. Cin Kham Thang (All D)
(၉)Tial Cung Thang (MMA)
နောက်ဆုံးရသတင်းများ
ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ
၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...
ဆက်ဖတ်ရန်