ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်လူနာအားလုံးပြန်လည်သက်သာလာတာကြောင့် stay at home ပြန်လည်ဖြေလျော့

အိန္ဒိယနယ်စပ်မှာရှိတဲ့ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ယောက်ရှိလာတာကြောင့် stay at home ကြေညာပြီး လူနာများအားလုံးပြန်လည်သက်သာလာတာကြောင့် မနေ့ကစပြီး stay at home ပြန်လည်ဖြေလျော့လိုက်တယ်လို့သတင်းရရှိပါတယ်။

stay at home ကို ဇန်နဝါရီလ (၁၇)ရက်ကနေ (၂၈)ရက်နေ့ထိ ကြေညာထားတာဖြစ်ပါတယ်။

ရိခေါ်ဒါရ်မြို့ ဆေးရုံအုပ် ဒေါက်တာ ဆာမာက “ပိုးတွေလူနာတွေအားလုံး ဆေးရုံကပြန်ဆင်းလိုက်ပြီ။ ပိုးတွေကာလမှာ ဘာမှ ရောဂါလက္ခာဏာမပြဘူး။ သာမန်လူတစ်ယောက်လိုပါပဲ။ အခု ရိမှာ QF ၂ ယောက်ရှိတယ်။ ဒီနေ့ ရောဂါစစ်ဆေးပြီး ပိုးမတွေ့ဘူးဆိုရင် ဆင်းတော့မယ်။ ကုန်သွယ်ရေးလည်းပုံမှန်အတိုင်းပဲဖြစ်နေပြီ။ ဒါပေမယ့် ကလေးကတက်လာတယ်ဆိုရင် negative test result စာရွက်ပါလာရမယ်။ ရိမှာ ကျန်းမာရေးဝန်ထမ်း ၁၀ ယောက်က ဖလမ်းမှာ ကာကွယ်ဆေးသွားထိုးကြတယ်။ ကျနော်တို့ ကိုဗစ်ပိုးတွေ့ပြီးသက်သာလာတဲ့ ကျန်းမာရေးဝန်ထမ်း ၃ ယောက်ကတော့ ဆေးမထိုးသေးဘူး” လို့ပြောပါတယ်။

(Zawgyi)

ရိေခၚဒါရ္ၿမိဳ႕တြင္ ကိုဗစ္လူနာအားလံုးျပန္လည္သက္သာလာတာေၾကာင့္ stay at home ျပန္လည္ေျဖေလ်ာ့

အိႏိၵယနယ္စပ္မွာရွိတဲ့ ရိေခၚဒါရ္ၿမိဳ႕တြင္ ကိုဗစ္-၁၉ ပိုးေတြ႔လူနာ ၅ ေယာက္ရွိလာတာေၾကာင့္ stay at home ေၾကညာၿပီး လူနာမ်ားအားလံုးျပန္လည္သက္သာလာတာေၾကာင့္ မေန႔ကစၿပီး stay at home ျပန္လည္ေျဖေလ်ာ့လိုက္တယ္လုိ႔သတင္းရရွိပါတယ္။

stay at home ကို ဇန္နဝါရီလ (၁၇)ရက္ကေန (၂၈)ရက္ေန႔ထိ ေၾကညာထားတာျဖစ္ပါတယ္။

ရိခေါ်ဒါရ်မြို့ကို ဒီနေ့ကစပြီး Stay at Home ကြေညာလိုက်ပြီ

ရိေခၚဒါရ္ၿမိဳ႕ ေဆးရံုအုပ္ ေဒါက္တာ ဆာမာက “ပိုးေတြလူနာေတြအားလံုး ေဆးရံုကျပန္ဆင္းလိုက္ၿပီ။ ပိုးေတြကာလမွာ ဘာမွ ေရာဂါလကၡာဏာမျပဘူး။ သာမန္လူတစ္ေယာက္လိုပါပဲ။ အခု ရိမွာ QF ၂ ေယာက္ရွိတယ္။ ဒီေန႔ ေရာဂါစစ္ေဆးၿပီး ပိုးမေတြ႔ဘူးဆိုရင္ ဆင္းေတာ့မယ္။ ကုန္သြယ္ေရးလည္းပံုမွန္အတုိင္းပဲျဖစ္ေနၿပီ။ ဒါေပမယ့္ ကေလးကတက္လာတယ္ဆိုရင္ negative test result စာရြက္ပါလာရမယ္။ ရိမွာ က်န္းမာေရးဝန္ထမ္း ၁၀ ေယာက္က ဖလမ္းမွာ ကာကြယ္ေဆးသြားထိုးၾကတယ္။ က်ေနာ္တို႔ ကိုဗစ္ပိုးေတြ႔ၿပီးသက္သာလာတဲ့ က်န္းမာေရးဝန္ထမ္း ၃ ေယာက္ကေတာ့ ေဆးမထိုးေသးဘူး” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်