ရိနယ်စပ်ဂိတ် ပြန်ဖွင့်ပေမယ့် နယ်စပ်တံတားဖြတ်ကျော်သူတွေကို အိန္ဒိယကရောဂါစစ်ဆေးမယ်

ချင်းပြည်နယ်နဲ့ မီဇိုးရမ်နယ်စပ် ရိနယ်စပ်ဂိတ်ကို အိန္ဒိယဘက်က ဒီမနက်ပြန်လည်ဖွင့်လှစ်ပြီး ခရီးသည်မှန်သမျှ ကိုရိုနာဗိုင်းရစ်ပ်ရောဂါကို စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ (၁၀)ရက်မနက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်တဲ့ တမူးနဲ့ မိုးရေဂိတ်ကို အိန္ဒိယရက်အကန့်အသတ်မရှိပိတ်ထားပြီး ယင်းနေ့ ညနေပိုင်း (၄)နာရီတွင် ရိနယ်စပ်ဂိတ်ကိုလည်း အိန္ဒိယဘက်က စတင်ပိတ်ထားပေမယ့် အခုလိုပြန်ဖွင့်လိုက်ပါတယ်။

ရိခေါ်ဒါရ်မြို့ အမှတ် (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန်လျန်နာက “ဒီမနက်ပိုင်းမှာ ဂိတ်တံခါးကို ပုံမှန်နေ့တွေလို ပြန်ဖွင့်လိုက်တယ်။ မနေ့ညက မီဇိုးရမ်တီဗီသတင်းတွေကြည့်တော့ ပြည်နယ်အစိုးရက နယ်စပ်ဂိတ်တံခါးတွေ ပြန်ဖွင့်ဖို့ပြောတယ်။ ဒါပေမယ့် ဒီနေ့အသိတွေ နယ်စပ်တံတားကိုဖြတ်ကျော်လာတဲ့ချိန်မှာ တစ်ခြားနေ့တွေထက် တော်တော်ကြပ်တယ်လို့ပြောကြတယ်။ အိတ်ထဲကပစ္စည်းတွေတော့မကြပ်ဘူး။ ကျန်းမာရေးပိုင်းဆိုင်ရာတွေပဲစစ်ဆေးကြတယ်” လို့ပြောပါတယ်။

မီဇိုးရမ်ပြည်နယ် ကျန်ဖိုင်းဖရိုင်တရားသူကြီး S.L.Naveen အမိန့်နဲ့ ဒီမနက်တွင် အမိန့်စာထုတ်ပြန်ထားပါတယ်။

၎င်းစာထဲတွင် အိန္ဒိယ-မြန်မာနယ်စပ် ကူးသန်းသွားလာရာတွင် ဇိုခေါထာရ် တံတားမှအပ ကျန်ဖိုင်းခရိုင် အခြားအပြည်ပြည်ဆိုင်ရာ နယ်နိမိတ်များမှဖြတ်ကျော်ဝင်ထွက် သွားလာခွင့်မပြု၊ အိန္ဒိယ-မြန်မာနယ်စပ် ကူးသန်းသွားလာခွင့် ကိုင်ဆောင်သူများသည်လည်း ဇိုခေါထာရ်တံတားမှသာ ဖြတ်သန်းသွားလာရမည်ဖြစ်ပြီး ဤတံတားဖြတ်ကျော်ဝင်ရောက်သူမှန်သမျှ CONVID-19 ရောဂါစစ်ဆေးမှုခံယူရမည်။ ခွင့်ပြုချက်ရှိပြီး နေ့စဉ်မဖြစ်မနေလိုအပ်သည့် ကုန်ပစ္စည်းများ (Permissible items) သယ်ဆောင်သူများသည်လည်း CONVID-19 ရောဂါစစ်ဆေးမှုခံယူပြီးမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်။ ဤတံတားမှ ဖြတ်သန်းသွားလာသူမှန်သမျှသည် ဇိုခေါထာရ်ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်သို့ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ မဖြစ်မနေပေးအပ်ထားရမည်လို့ကြေညာထားပါတယ်။

(Zawgyi)

ရိနယ္စပ္ဂိတ္ ျပန္ဖြင့္ေပမယ့္ နယ္စပ္တံတားျဖတ္ေက်ာ္သူေတြကို အိႏၵိယကေရာဂါစစ္ေဆးမယ္

ခ်င္းျပည္နယ္နဲ႔ မီဇိုးရမ္နယ္စပ္ ရိနယ္စပ္ဂိတ္ကို အိႏၵိယဘက္က ဒီမနက္ျပန္လည္ဖြင့္လွစ္ၿပီး ခရီးသည္မွန္သမွ် ကို႐ိုနာဗိုင္းရစ္ပ္ေရာဂါကို စစ္ေဆးသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။

မတ္လ (၁၀)ရက္မနက္ပိုင္းတြင္ အိႏၵိယ-ျမန္မာနယ္စပ္ျဖစ္တဲ့ တမူးနဲ႔ မိုးေရဂိတ္ကို အိႏၵိယရက္အကန႔္အသတ္မရွိပိတ္ထားၿပီး ယင္းေန႔ ညေနပိုင္း (၄)နာရီတြင္ ရိနယ္စပ္ဂိတ္ကိုလည္း အိႏၵိယဘက္က စတင္ပိတ္ထားေပမယ့္ အခုလိုျပန္ဖြင့္လိုက္ပါတယ္။

ရိေခၚဒါရ္ၿမိဳ႕ အမွတ္ (၁)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးခ်န္လ်န္နာက “ဒီမနက္ပိုင္းမွာ ဂိတ္တံခါးကို ပုံမွန္ေန႔ေတြလို ျပန္ဖြင့္လိုက္တယ္။ မေန႔ညက မီဇိုးရမ္တီဗီသတင္းေတြၾကည့္ေတာ့ ျပည္နယ္အစိုးရက နယ္စပ္ဂိတ္တံခါးေတြ ျပန္ဖြင့္ဖို႔ေျပာတယ္။ ဒါေပမယ့္ ဒီေန႔အသိေတြ နယ္စပ္တံတားကိုျဖတ္ေက်ာ္လာတဲ့ခ်ိန္မွာ တစ္ျခားေန႔ေတြထက္ ေတာ္ေတာ္ၾကပ္တယ္လို႔ေျပာၾကတယ္။ အိတ္ထဲကပစၥည္းေတြေတာ့မၾကပ္ဘူး။ က်န္းမာေရးပိုင္းဆိုင္ရာေတြပဲစစ္ေဆးၾကတယ္” လို႔ေျပာပါတယ္။

မီဇိုးရမ္ျပည္နယ္ က်န္ဖိုင္းဖ႐ိုင္တရားသူႀကီး S.L.Naveen အမိန႔္နဲ႔ ဒီမနက္တြင္ အမိန႔္စာထုတ္ျပန္ထားပါတယ္။

၎စာထဲတြင္ အိႏၵိယ-ျမန္မာနယ္စပ္ ကူးသန္းသြားလာရာတြင္ ဇိုေခါထာရ္ တံတားမွအပ က်န္ဖိုင္းခ႐ိုင္ အျခားအျပည္ျပည္ဆိုင္ရာ နယ္နိမိတ္မ်ားမွျဖတ္ေက်ာ္ဝင္ထြက္ သြားလာခြင့္မျပဳ၊ အိႏၵိယ-ျမန္မာနယ္စပ္ ကူးသန္းသြားလာခြင့္ ကိုင္ေဆာင္သူမ်ားသည္လည္း ဇိုေခါထာရ္တံတားမွသာ ျဖတ္သန္းသြားလာရမည္ျဖစ္ၿပီး ဤတံတားျဖတ္ေက်ာ္ဝင္ေရာက္သူမွန္သမွ် CONVID-19 ေရာဂါစစ္ေဆးမႈခံယူရမည္။ ခြင့္ျပဳခ်က္ရွိၿပီး ေန႔စဥ္မျဖစ္မေနလိုအပ္သည့္ ကုန္ပစၥည္းမ်ား (Permissible items) သယ္ေဆာင္သူမ်ားသည္လည္း CONVID-19 ေရာဂါစစ္ေဆးမႈခံယူၿပီးမွသာ ျဖတ္သန္းသြားလာခြင့္ျပဳမည္။ ဤတံတားမွ ျဖတ္သန္းသြားလာသူမွန္သမွ်သည္ ဇိုေခါထာရ္ရဲတပ္ဖြဲ႕ စစ္ေဆးေရးဂိတ္သို႔ အမည္၊ ေနရပ္လိပ္စာ၊ ဖုန္းနံပါတ္မ်ား မျဖစ္မေနေပးအပ္ထားရမည္လို႔ေၾကညာထားပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်