ရိခေါဒါရ်မြို့ နယ်စပ်ဂိတ်မှာ အိန္ဒိယနိုင်ငံသား(၃)ဦးထံမှ မူးယစ်ဆေးဝါးဖမ်းမိ

ရိခေါဒါရ်မြို့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတား စစ်ဆေးရေးဂိတ်မှာ အိန္ဒိယနိုင်ငံဘက်သို့ဖြတ်ကူးဖို့ရောက်လာကြတဲ့ မီဇိုးရမ်ပြည်နယ်သား သုံးဦးထံမှ ကျပ်(၁၈)သိန်းတန် မူးယစ်ဆေးဝါးကို ဒီနေ့ နံနက် ၁၂ နာရီခန့်မှာ ဖမ်းဆီးရမိတယ်လိုသိရပါတယ်။

ဖြစ်စဉ်မှာ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်မှ မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ်ကျေးရွာနေ အဘ ဦးသောက်ဆွမ်းရဲ့သား မောင်ထလျန်ဖိုင်း(၂၈ နှစ်)၊ ခရီးသည်ကြို/ပို့လုပ်ကိုင်သူနဲ့အတူ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ ချီးငှါးရပ်ကွက်နေထိုင်သူ အဘ ဦးငှလျန်ရဲ့သားသမီးတွေဖြစ်တဲ့ မောင်လားလ်ရမ်းရွတ်သာ(၂၆နှစ်) နဲ့ မဇိုးလောမ်မီး(ခ)မားအော်မီး(၄၂ နှစ်)တို့ဟာ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံကိုသွားရောက်ဖို့ မြန်မာ-အိန္ဒိယနယ်စပ်တံတားကိုရာက်ရှိလာစဉ် စစ်ဆေး ဆောင်ရွက်ခဲ့ရာ မောင်လားလ်ရမ်းရွတ်သာနဲ့ မဇိုးလောမ်မီး(ခ)မားအော်မီးတို့နှစ်ဦးထံမှ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပစ္စည်းတစ်စုံတစ်ရာမျှ မတွေ့ရှိပါ။ ဒါပေမယ့် မောင်ထလျန်ဖိုင်း ဝတ်ဆင်ထားသော CHISEN စာတမ်းပါ ဖြူနီနက်ကြား အတွင်းခံဘောင်းဘီအတွင်းမှ Love is Flower တံဆိပ်ပါ အနီရောင်ဆပ်ပြာခွက်အတွင်း အဖြူရောင်ပလပ်စတစ်ဖြင့် ထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့် (၁၀)ဂရမ်ခန့်စီပါသော ဆပ်ပြာခွက်နှစ်ခွက်၊ ခန့်မှန်းကာလတန်ဖိုး (၁၈)သိန်းကျပ်ခန့် အားတွေ့ရှိတာကြောင့် စစ်ဆေးမေးမြန်းရာ ၎င်းပစ္စည်းများအား မောင်လားလ်ရမ်းရွတ်သာနှင့် မဇိုးလောမ်မီး(ခ)မားအော်မီးတို့မှ သယ်ဆောင်ခိုင်းတဲ့ ပစ္စည်းများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရ၍ သက်သေခံပစ္စည်းများအား နယ်စပ်ကုန်သွယ်ရေးဂိတ်တာဝန်ကျ ရဲအုပ် သန်းဇော်မှ သက်သေများဖြစ်သည့် ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက် ရာအိမ်မှူး ဦးသန်းလွယ်ထန်းနှင့် ဦးလားလ်နဲ့လျန်နာတို့နှင့်အတူ ရှာဖွေပုံစံဖြင့် သိမ်းဆည်းပါတယ်။

အဆိုပါမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် မောင်ထလျန်ဖိုင်း၊ မောင်လားလ်ရမ်းရွတ်သာနှင့် မဇိုးလောမ်မီး(ခ)မားအော်မီး (၃)ဦးတို့အား ဥပဒေအရအရေးယူပေးပါရန် နယ်စပ်တံတားဂိတ်မှ ရဲအုပ်သန်းဇော်မှ တရားလိုပြုလုပ်ကာ တိုင်တန်းလာပြီး ရိခေါဒါရ်မြို့ နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ဇော်ဇော်ကျော်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဥပဒေပုဒ်မ မယ(ပ) ၂ / ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉ (က) / ၂၀ (ခ)အရ အမှုဖွင့်လှစ် အရေးယူထားပါတယ်လို့ ရိခေါဒါရ်မြို့နယ်ပြန်ကြားရေးရုံးကရေးသားထားပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်