ရိရေကန်နားမှာ ရိခေါ်ဒါရ်မြို့ဒေသခံတွေ ဆန္ဒဖော်ထုတ်မယ်

ရိခေါ်ဒါရ်မြို့ဒေသခံတွေက ရိရေကန်နားမှာ မေလ(၅)ရက် စနေနေ့မှာ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်မယ်လို့ သိရပါတယ်။

ဆန္ဒဖော်ထုတ်မယ့်အကြောင်းကြားစာကိုတော့ မနက်ဖြန် ဖလမ်းမြို့နယ်ရဲစခန်းကို ပေးပို့ပြီးတော့ လူသုံးရာလောက်က ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်မယ်လို့ခန့်မှန်းထားပါတယ်။

“ဆန္ဒပြမယ့်အကြောင်းရင်းကတော့ ရိခေါ်ဒါရ်မြို့ စိတ်ရတုကျောက်တိုင်စိုက်မယ့်နေရာကို အစိုးရက အကြောင်းမဲ ကန့်ကွက်တာကြောင့်ပါ။ သူတို့ကတော့ ဟိုးဂျောင်းထဲမှာသွားစိုက်စေချင်တာ။ ကျောက်တိုင်ဆိုတာ လူအများမြင်နိုင်တဲ့နေရာမှာပဲစိုက်လေ့ရှိတယ်လေ။ ဒါကြောင့် သဘောမတူနိုင်ဘူး။ ပြီးတော့ ရိရေကန်မှာ ငါးမျှားခွင့်၊ ရေကူးခွင့်၊ စက်လှေမောင်းခွင့်ပိတ်တာတွေလည်းပါတယ်။ ဒါတွေဟာ ရိရေကန်အတွက် ဆိုးကျိုးဘာမှမရှိဘူးလို့ကျနော်တို့ကတော့ ယူဆတယ်။ စီးပွားဖြစ် ငါးဖမ်းတာလည်းမဟုတ်တော့ ငါးတွေမျိုးတုန်းဖို့မယ့် အန္တရာယ်လည်းမရှိပါဘူး”လို့ ရိခေါ်ဒါရ်မြို့အမှတ်(၁)အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာကဆိုတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်