လိင်တူချင်းအဓမ္မပြုကျင့်သည့် ဝန်ထမ်းကို အမှုစွဲလိုက်ပြီ

ဟားခါးမြို့တွင် ဝန်ထမ်းတစ်ဦးက ၎င်းအိမ်နီးချင်းရှိ အသက်(၇)နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို လိင်တူချင်းအဓမ္မပြုကျင့်ခဲ့သောကြောင့် မေလ(၇)ရက်တွင် ဟားခါးမြို့တရားရုံးက အမှုစွဲလိုက်သည်ဟု ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး သိန်းဇော်ဦးထံမှသတင်းရရှိသည်။

လိင်တူချင်းအဓမ္မပြုကျင့်သူ လူမှုဝန်ထမ်းဦးစီးဌာနက စာပို့သမား ဦးခင်မောင်ထူး(၃၅နှစ်)ကို ရာဇသတ်ကြီးပုဒ်မ(၃၇၇) ဓမ္မတာမဟုတ်ကာမဆက်ဆံရေးဥပဒေနှင့်အရေးယူထားကြောင်း၊ ယင်းဥပဒေသည် အနည်းဆုံးထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိချမှတ်နိုင်သည်။

နောက်တစ်ပတ် ရုံးချိန်းတွင် ၎င်းအား စတင်၍အမှုစစ်တော့မည်ဟု သိရသည်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်