လွှတ်တော်မတ်ဒေါ်ရှားမီး ဘက်လိုက်တယ်လို့ဆိုကာ ရွာသား (၇၀၀)ခန့်က ဆန္ဒပြ

ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီးဟာ မြစ်သာမြစ်ကူးတံတားတည်ဆောက်မယ့် နေရာကိစ္စတွင် ရွာသားအချို့က ဘက်လိုက်တယ်လို့ဆိုကာ ယနေ့ မနက်ပိုင်းက ကလေးမြို့တွင် ဆန္ဒပြကြပါတယ်။

ကလေးမြို့ အရှေ့ဘက် မြစ်သားမြစ်တစ်ဖက်ကမ်းကျေးရွာတွေနဲ့ ကလေးမြို့ ဆက်သွယ်မယ့် တံတားဆောက်ဖို့ တံတားအထူး အဖွဲ့ (၂)က တံတားအူကြောင်း (၃) ခုလျာထားပါတယ်။ ၎င်းတို့မှာ ပြင်သာ-ဥယျာဉ်တံတားအူကြောင်း၊ ပေါက်တော-ထိုမာတံတားအူကြောင်း နဲ့ ငါးဖား-ဆင်ရွာတံတားအူကြောင်းဖြစ်ပါတယ်။

ယင်းတို့ထဲမှ ပေါက်တော-ထိုမာတံတားအူကြောင်းပေါ်တွင် တံတားတည်ဆောက်မယ်လို့သိရပါတယ်။

ဒါကြောင့် ဒီမနက် (၉)နာရီတွင် ပြင်သာ (လက်ရှိ အောင်မေတ္တာရပ်ကွက်) နဲ့ ဥယျာဉ်ကျေးရွာအုပ်စုမှ ရွာသားတွေနဲ့ ကလေးမြို့ပေါ်မှာ ၈၈ အဖွဲ့နဲ့ အထက်ချင်းတွင်းလူငယ်ကွန်ယက်တို့က ဝန်းရံပေးကြပါတယ်။

ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးမောင်မြင့်က “တံတားအထူး အဖွဲ့ (၂)က ပြင်သာ နဲ့ ဥယျာဉ်ကြားက တံတားအရှည်လည်းအနည်းဆုံး၊ ကုန်ကျစရိတ်လည်းအနည်းဆုံး၊ ကမ်းနှစ်ဖက်ခိုင်ခန့်မှုလည်းအကောင်းဆုံးလို့ဆိုတာပြီးသားပါ။ ဒီတံတားစီမံကိန်းတစ်လျှောက်မှာ ကျေးရွာ (၁၉)ရွာရှိပါတယ်။ ဒါပေမယ့်ခုတော့ ဟိုးဘက် ထိုမာ-ပေါက်တောဘက်မှာဆောက်မယ်ဆိုတော့ ကျနော်တို့ ကလေးမြို့ပေါ်တက်လာဖို့ ဟိုအဝေးကြီးကိုပတ်တော့မလာ။ ကျနော်တု့ိက ကလေးမြို့နဲ့ မြစ်တစ်စင်းပဲခြားပေမယ့် မြို့ပေါ်တက်လာဖို့အချိန်တော်တော်ယူရတယ်။ အခုလည်း စက်လှေနှစ်စီးကိုပူးချည်ပြီးတော့ အပေါ်မှာဇရပ်သဘောလိုလုပ်ပြီးလာကြတာ။ ဒါကို ဆိုင်ကယ်တစ်စီး အသွားအပြန် တစ်ထောင် ပေးရတယ်။ ကျနော်တို့လမ်းပန်းဆက်သွယ်ရေးတအားခက်ခဲတယ်” လို့ပြောပါတယ်။

မြစ်သာမြစ်ကူးတံတားဆောက်ဖို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ကျပ်သန်း ၂၀၀ ထည့်သွင်းလျာထားပါတယ်။

ဒါပေမယ့် တံတားအထူး အဖွဲ့ (၂)ရဲ့ ခန့်မှန်းချက်မှာတော့ ပေါက်တော – ထိုမာကြား တံတား အရှည် (၁၇၀၆) ပေ နဲ့ ချဉ်းကပ်လမ်း တည်ဆောက်ဖို့ သန်း (၄၁၅၉) ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက အခုလိုပြောပါတယ်။

“ကလေးမြို့နယ်မှာ မြစ်သာမြစ်ရဲ့ တစ်ဖက်ကမ်းက ဖွံ့ဖြိုးမှုနောက်ကျတယ်။ ပြည်သူ့ကိုယ်စားလှယ်အဖြစ်စပြီးရွေးကောက်ခံဖြစ်လာတဲ့ချိန်မှာ မြစ်တစ်ဖက်ကမ်းမှာ လမ်း နဲ့ ပညာကိုအဓိကထားဆောင်ရွက်မယ်လို့စိတ်ကူးထားတယ်။ ၂၀၁၆ မှာ မြို့နယ် ဆောက်လုပ်ရေးနဲ့ညို့နှိုင်းပြီး မြစ်သာမြစ်ကူးတံတားနဲ့ ကမ္ဘာနီတံတားတောင်းဖို့ စိတ်ကူးထားတယ်။ ကျမ မေးခွန်းမေးတုန်းကလည်း ဘယ်နေရာမှာဆောက်ဖို့မမေးခဲ့ပါဘူး။ ကမ်းကအမြဲပြိုတော့ ကျမပြောရင်မှားသွားနိုင်တယ်။ အစိုးရကဆောက်ဖို့အစီအစဉ်ရှိလာရင် ပညာရှင်တွေကတိုင်းမယ်။ သူတို့ကောင်းတယ်လို့သတ်မှတ်တဲ့နေရာမှာဆောက်မယ်။ ဒီဇင်ဘာလ (၈)ရက်နေ့က ပြည်ထောင်စုဆောက်လုပ်ရေး ဒုဝန်ကြီး မင်းကင်းကိုသွားရင်း ကလေးမြို့လည်းဝင်မယ်။ မြစ်သာမြစ်ကူးကိစ္စလည်းကြည့်မယ်ဆိုလို့ ကျမလည်း ကလေးပြန်တယ်။ ဒါပေမယ့် သူဘယ်နေရာကို သွားကြည့်မယ်ဆိုတာ မသိခဲ့ဘူး။ ဒုဝန်ကြီးက နောက်ထပ် မြစ်သာမြစ်ကူး တံတား ပြင်သာ-ဥယျာဉ် ကို ၂၀၂၁ ဘက်မှာလေ့လာမယ်လို့ပြောထားတယ်” လို့ဆိုပါတယ်။

ကလေးမြို့ အရှေ့ဘက် မြစ်သာမြစ်တစ်ဖက်ကမ်းတွင် ကျေးရွာ (၉၀)ရှိပါတယ်။ အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြတဲ့သူတွေကတော့ ဥယျာဉ်အုပ်စု ဥဒူရွာ၊ အင်းကျော်ရွာ၊ ပြင်သာ (ယခု အောင်မေတ္တာရပ်ကွက်)မှ ပြည်သူ (၇၀၀)ခန့်က ပါဝင်ပါတယ်။

၎င်းတို့ဟာ မနက် (၉)နာရီတွင် ရွှေဘုံသာမှ ရုပ်ရှင်ရုံ၊ ဗိုလ်ချုပ်လမ်း၊ ဘုရင့်နောင်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်သို့သွားရောက်ပြီး မနက် (၁၁)နာရီခွဲတွင် ဆန္ဒပြပွဲပြီးဆုံးသွားပါတယ်။

(Zawgyi)

လႊတ္ေတာ္မတ္ေဒၚရွားမီး ဘက္လိုက္တယ္လို႔ဆိုကာ ႐ြာသား (၇၀၀)ခန႔္က ဆႏၵျပ

ကေလးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအးေအးမူ(ခ) ေဒၚရွားမီးဟာ ျမစ္သာျမစ္ကူးတံတားတည္ေဆာက္မယ့္ ေနရာကိစၥတြင္ ႐ြာသားအခ်ိဳ႕က ဘက္လိုက္တယ္လို႔ဆိုကာ ယေန႔ မနက္ပိုင္းက ကေလးၿမိဳ႕တြင္ ဆႏၵျပၾကပါတယ္။

ကေလးၿမိဳ႕ အေရွ႕ဘက္ ျမစ္သားျမစ္တစ္ဖက္ကမ္းေက်း႐ြာေတြနဲ႔ ကေလးၿမိဳ႕ ဆက္သြယ္မယ့္ တံတားေဆာက္ဖို႔ တံတားအထူး အဖြဲ႕ (၂)က တံတားအူေၾကာင္း (၃) ခုလ်ာထားပါတယ္။ ၄င္းတို႔မွာ ျပင္သာ-ဥယ်ာဥ္တံတားအူေၾကာင္း၊ ေပါက္ေတာ-ထိုမာတံတားအူေၾကာင္း နဲ႔ ငါးဖား-ဆင္႐ြာတံတားအူေၾကာင္းျဖစ္ပါတယ္။

ယင္းတို႔ထဲမွ ေပါက္ေတာ-ထိုမာတံတားအူေၾကာင္းေပၚတြင္ တံတားတည္ေဆာက္မယ္လို႔သိရပါတယ္။

ဒါေၾကာင့္ ဒီမနက္ (၉)နာရီတြင္ ျပင္သာ (လက္ရွိ ေအာင္ေမတၱာရပ္ကြက္) နဲ႔ ဥယ်ာဥ္ေက်း႐ြာအုပ္စုမွ ႐ြာသားေတြနဲ႔ ကေလးၿမိဳ႕ေပၚမွာ ၈၈ အဖြဲ႕နဲ႔ အထက္ခ်င္းတြင္းလူငယ္ကြန္ယက္တို႔က ဝန္းရံေပးၾကပါတယ္။

ဆႏၵေဖာ္ထုတ္ပြဲ ဦးေဆာင္သူ ဦးေမာင္ျမင့္က “တံတားအထူး အဖြဲ႕ (၂)က ျပင္သာ နဲ႔ ဥယ်ာဥ္ၾကားက တံတားအရွည္လည္းအနည္းဆုံး၊ ကုန္က်စရိတ္လည္းအနည္းဆုံး၊ ကမ္းႏွစ္ဖက္ခိုင္ခန႔္မႈလည္းအေကာင္းဆုံးလို႔ဆိုတာၿပီးသားပါ။ ဒီတံတားစီမံကိန္းတစ္ေလွ်ာက္မွာ ေက်း႐ြာ (၁၉)႐ြာရွိပါတယ္။ ဒါေပမယ့္ခုေတာ့ ဟိုးဘက္ ထိုမာ-ေပါက္ေတာဘက္မွာေဆာက္မယ္ဆိုေတာ့ က်ေနာ္တို႔ ကေလးၿမိဳ႕ေပၚတက္လာဖို႔ ဟိုအေဝးႀကီးကိုပတ္ေတာ့မလာ။ က်ေနာ္တု႔ိက ကေလးၿမိဳ႕နဲ႔ ျမစ္တစ္စင္းပဲျခားေပမယ့္ ၿမိဳ႕ေပၚတက္လာဖို႔အခ်ိန္ေတာ္ေတာ္ယူရတယ္။ အခုလည္း စက္ေလွႏွစ္စီးကိုပူးခ်ည္ၿပီးေတာ့ အေပၚမွာဇရပ္သေဘာလိုလုပ္ၿပီးလာၾကတာ။ ဒါကို ဆိုင္ကယ္တစ္စီး အသြားအျပန္ တစ္ေထာင္ ေပးရတယ္။ က်ေနာ္တို႔လမ္းပန္းဆက္သြယ္ေရးတအားခက္ခဲတယ္” လို႔ေျပာပါတယ္။

ျမစ္သာျမစ္ကူးတံတားေဆာက္ဖို႔ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္မွာ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရန္ပုံေငြတြင္ က်ပ္သန္း ၂၀၀ ထည့္သြင္းလ်ာထားပါတယ္။

ဒါေပမယ့္ တံတားအထူး အဖြဲ႕ (၂)ရဲ႕ ခန႔္မွန္းခ်က္မွာေတာ့ ေပါက္ေတာ – ထိုမာၾကား တံတား အရွည္ (၁၇၀၆) ေပ နဲ႔ ခ်ဥ္းကပ္လမ္း တည္ေဆာက္ဖို႔ သန္း (၄၁၅၉) ကုန္က်မယ္လို႔ ခန႔္မွန္းထားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေအးေအးမူ (ခ) ေဒၚရွားမီးက အခုလိုေျပာပါတယ္။

“ကေလးၿမိဳ႕နယ္မွာ ျမစ္သာျမစ္ရဲ႕ တစ္ဖက္ကမ္းက ဖြံ႕ၿဖိဳးမႈေနာက္က်တယ္။ ျပည္သူ႔ကိုယ္စားလွယ္အျဖစ္စၿပီးေ႐ြးေကာက္ခံျဖစ္လာတဲ့ခ်ိန္မွာ ျမစ္တစ္ဖက္ကမ္းမွာ လမ္း နဲ႔ ပညာကိုအဓိကထားေဆာင္႐ြက္မယ္လို႔စိတ္ကူးထားတယ္။ ၂၀၁၆ မွာ ၿမိဳ႕နယ္ ေဆာက္လုပ္ေရးနဲ႔ညိဳ႕ႏႈိင္းၿပီး ျမစ္သာျမစ္ကူးတံတားနဲ႔ ကမာၻနီတံတားေတာင္းဖို႔ စိတ္ကူးထားတယ္။ က်မ ေမးခြန္းေမးတုန္းကလည္း ဘယ္ေနရာမွာေဆာက္ဖို႔မေမးခဲ့ပါဘူး။ ကမ္းကအၿမဲၿပိဳေတာ့ က်မေျပာရင္မွားသြားႏိုင္တယ္။ အစိုးရကေဆာက္ဖို႔အစီအစဥ္ရွိလာရင္ ပညာရွင္ေတြကတိုင္းမယ္။ သူတို႔ေကာင္းတယ္လို႔သတ္မွတ္တဲ့ေနရာမွာေဆာက္မယ္။ ဒီဇင္ဘာလ (၈)ရက္ေန႔က ျပည္ေထာင္စုေဆာက္လုပ္ေရး ဒုဝန္ႀကီး မင္းကင္းကိုသြားရင္း ကေလးၿမိဳ႕လည္းဝင္မယ္။ ျမစ္သာျမစ္ကူးကိစၥလည္းၾကည့္မယ္ဆိုလို႔ က်မလည္း ကေလးျပန္တယ္။ ဒါေပမယ့္ သူဘယ္ေနရာကို သြားၾကည့္မယ္ဆိုတာ မသိခဲ့ဘူး။ ဒုဝန္ႀကီးက ေနာက္ထပ္ ျမစ္သာျမစ္ကူး တံတား ျပင္သာ-ဥယ်ာဥ္ ကို ၂၀၂၁ ဘက္မွာေလ့လာမယ္လို႔ေျပာထားတယ္” လို႔ဆိုပါတယ္။

ကေလးၿမိဳ႕ အေရွ႕ဘက္ ျမစ္သာျမစ္တစ္ဖက္ကမ္းတြင္ ေက်း႐ြာ (၉၀)ရွိပါတယ္။ အခု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကို ဆႏၵျပတဲ့သူေတြကေတာ့ ဥယ်ာဥ္အုပ္စု ဥဒူ႐ြာ၊ အင္းေက်ာ္႐ြာ၊ ျပင္သာ (ယခု ေအာင္ေမတၱာရပ္ကြက္)မွ ျပည္သူ (၇၀၀)ခန႔္က ပါဝင္ပါတယ္။

၎တို႔ဟာ မနက္ (၉)နာရီတြင္ ေ႐ႊဘုံသာမွ ႐ုပ္ရွင္႐ုံ၊ ဗိုလ္ခ်ဳပ္လမ္း၊ ဘုရင့္ေနာင္လမ္း၊ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္သို႔သြားေရာက္ၿပီး မနက္ (၁၁)နာရီခြဲတြင္ ဆႏၵျပပြဲၿပီးဆုံးသြားပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်