လွှတ်တော်အမတ် (၁၄)ဦးအပါအဝင် မြန်မာ စစ်ဘေးရှောင် ၂၀၀၀ ကျော် အိန္ဒိယနိုင်ငံသို့ဝင်ရောက်ခိုလှုံနေလို့ဆို

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ရွေးကောက်ခံ NLD လွှတ်တော်အမတ် (၁၄)ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၂၀၀ ကျော် ဝင်ရောက်ခိုလှုံနေတယ်လို့ ဒေသထွက် သတင်းစာတွေက ဖော်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦးဟာ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းက ရွေးကောက်ခံအနိုင်ရကိုယ်စားလှယ်တွေဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေထဲမှာ ၈၀ ရာခိုင်နှုန်းက ရဲဝန်ထမ်းတွေဖြစ်ပြီး ၂၀ ရာခိုင်နှုန်းက ပညာရေးဝန်ထမ်း၊ မီးသတ်၊ နဲ့ အုပ်ချုပ်ရေးပိုင်းကဝန်ထမ်းတွေဖြစ်ပါတယ်။

ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်မြောက်ပိုင်းက တဖက်နိုင်ငံသို့တိမ်းရှောင်တဲ့သူတွေဟာ ဆွေမျိုးသားချင်းအိမ်တွေမှာသွားရောက်နေထိုင်တဲ့ သူများပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်