ဝူဟန်မြို့တွင် သောင်တင်နေတဲ့ မြန်မာကျောင်းသားထဲတွင် ချင်းတိုင်းရင်းသား (၇)ဦးပါဝင်

Corona အဆုတ်ရောင်း ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် သောင်တင်နေတဲ့ မြန်မာကျောင်းသူ၊သား(၆၀)ထဲတွင် ပါရဂူဘွဲ့သင်ယူနေတဲ့ ချင်းကျောင်းသူ၊သား (၅)ဦးနဲ့ ၎င်းတို့ မိသားစုဝင် (၂)ဦးလည်းပါဝင်တယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ဟာ ကလေးတက္ကသိုလ်မှ Central China Normal University တွင် ရုက္ခဗေဒ သင်ကြားနေတဲ့ ဆရာဗန်ဗျက်လွယ်၊ ဆရာတွောင်ဇခိုင်၊ ပညာရေး (Curriculum and Teaching Method)ဘာသာရပ် သင်ကြားနေတဲ့ ကလေးမြို့နယ် နတ်ကြီးကုန်း(Tivar khua)ရွာ အလယ်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်အေမီလင်း၊ ကလေးတက္ကသိုလ်မှ Huazhong University of Science and Technology တွင် သေင်္ချာဘာသာသင်ကြားနေတဲ့ ဆရာ ငူလ်ဆွန်းလျန်း၊ အမျိုးသားလွှတ်တော်ရုံးမှ Zhongnan University of Law and Economics ကျောင်းတွင်ပညာသင်ကြားနေတဲ့ ဒေါ်ခင်ကြည်ထွန်း (ပလက်ဝမြို့နယ်)နဲ့ ၎င်းရဲ့အမျိုးသားနဲ့ သမီးတို့ဖြစ်ပါတယ်။

ဝူဟန်မြို့တက္ကသိုလ်တွင် ပါရဂူဘွဲ့တက်ရောက်နေတဲ့ ဆရာဗန်ဗျက်လွယ်က “တခြားချင်းကျောင်းသူ၊ ကျောင်းသားတွေကတော့ ကျောင်းစပိတ်တဲ့ရက်ကပြန်သွားကြပြီ။ ကျနော်တို့အခု အပြင်မထွက်ပဲ ကိုယ့်အခန်းထဲမှာပဲနေကြတယ်။ ကျနော်တို့ကျောင်းကတော့ ကင်းတင်းတစ်ဆိုင်ဖွင့်ထားတော့ အဲ့မှာသွားစားလို့ရတယ်။ အများစုကတော့ ကိုယ့်အခန်းထဲမှာနေပြီး အဆင်ပြေသလိုစားသောက်ကြတယ်။ ခုချိန်မှာတော့ အစိုးရရဲ့အစီအစဉ်ကိုပဲထိုင်စောင့်နေကြတယ်။ ကျနော်တို့ပြန်လာနိုင်၊ မလာနိုင်ကတော့ နောက် နှစ်ရက်လောက်မှာသေချာမယ်” လို့ပြောပါတယ်။

ဝူဟန်မြို့က တက္ကသိုလ်ကျောင်းတွေဟာ ဇန်နဝါရီလ (၁၁)ရက်ကနေစပြီး ဆောင်းရာသီကျောင်းပိတ်ထားပြီး ကျောင်းပြန်ဖွင့်မယ့်ချိန်ကို ပြန်လည်အကြောင်းကြားမယ်လို့ တက္ကသိုလ်ကျောင်းတွေကစာထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသူ၊သားတွေ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ဖို့ ပေကျင်းမြို့ မြန်မာသံရုံးက စီစဉ်လျက်ရှိတယ်လို့ မြန်မာသံရုံးက ဇန်နဝါရီ (၂၆)ရက်တွင်ထုတ်ပြန်ထားပါတယ်။

မြန်မာကျောင်းသားတွေ ဝူဟန်မြို့မှ ချန်းရှမြို့သို့ ဘတ်စ်ကားနဲ့ ထွက်ခွာနိုင်ရေးစီစဉ်လျက်ရှိပြီး ချန်းရှမြို့မှ တိုက်ရိုက်လေကြောင်းလိုင်း သို့မဟုတ် ကူမင်းမှတဆင့် မန္တလေးမြို့သို့ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်ရေးအတွက် ဟူပေပြည်နယ် နိုင်ငံခြားရေးရုံး၊ ဟူနန်ပြည်နယ် နိုင်ငံခြားရေးရုံးတို့နဲ့ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။

(Zawgyi)

ဝူဟန္ၿမိဳ႕တြင္ ေသာင္တင္ေနတဲ့ ျမန္မာေက်ာင္းသားထဲတြင္ ခ်င္းတိုင္းရင္းသား (၇)ဦးပါဝင္

Corona အဆုတ္ေရာင္း ဗိုင္းရပ္စ္စတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ေသာင္တင္ေနတဲ့ ျမန္မာေက်ာင္းသူ၊သား(၆၀)ထဲတြင္ ပါရဂူဘြဲ႕သင္ယူေနတဲ့ ခ်င္းေက်ာင္းသူ၊သား (၅)ဦးနဲ႔ ၎တို႔ မိသားစုဝင္ (၂)ဦးလည္းပါဝင္တယ္လို႔သတင္းရရွိပါတယ္။

၄င္းတို႔ဟာ ကေလးတကၠသိုလ္မွ Central China Normal University တြင္ ႐ုကၡေဗဒ သင္ၾကားေနတဲ့ ဆရာဗန္ဗ်က္လြယ္၊ ဆရာေတြာင္ဇခိုင္၊ ပညာေရး (Curriculum and Teaching Method)ဘာသာရပ္ သင္ၾကားေနတဲ့ ကေလးၿမိဳ႕နယ္ နတ္ႀကီးကုန္း(Tivar khua)ရြာ အလယ္တန္းေက်ာင္းအုပ္ ဆရာမၾကီး ေဒၚေအမီလင္း၊ ကေလးတကၠသိုလ္မွ Huazhong University of Science and Technology တြင္ ေသခ်ၤာဘာသာသင္ၾကားေနတဲ့ ဆရာ ငူလ္ဆြန္းလ်န္း၊ အမ်ိဳးသားလႊတ္ေတာ္႐ုံးမွ Zhongnan University of Law and Economics ေက်ာင္းတြင္ပညာသင္ၾကားေနတဲ့ ေဒၚခင္ၾကည္ထြန္း (ပလက္ဝၿမိဳ႕နယ္)နဲ႔ ၎ရဲ႕အမ်ိဳးသားနဲ႔ သမီးတို႔ျဖစ္ပါတယ္။

ဝူဟန္ၿမိဳ႕တကၠသိုလ္တြင္ ပါရဂူဘြဲ႕တက္ေရာက္ေနတဲ့ ဆရာဗန္ဗ်က္လြယ္က “တျခားခ်င္းေက်ာင္းသူ၊ ေက်ာင္းသားေတြကေတာ့ ေက်ာင္းစပိတ္တဲ့ရက္ကျပန္သြားၾကၿပီ။ က်ေနာ္တို႔အခု အျပင္မထြက္ပဲ ကိုယ့္အခန္းထဲမွာပဲေနၾကတယ္။ က်ေနာ္တို႔ေက်ာင္းကေတာ့ ကင္းတင္းတစ္ဆိုင္ဖြင့္ထားေတာ့ အဲ့မွာသြားစားလို႔ရတယ္။ အမ်ားစုကေတာ့ ကိုယ့္အခန္းထဲမွာေနၿပီး အဆင္ေျပသလိုစားေသာက္ၾကတယ္။ ခုခ်ိန္မွာေတာ့ အစိုးရရဲ႕အစီအစဥ္ကိုပဲထိုင္ေစာင့္ေနၾကတယ္။ က်ေနာ္တို႔ျပန္လာႏိုင္၊ မလာႏိုင္ကေတာ့ ေနာက္ ႏွစ္ရက္ေလာက္မွာေသခ်ာမယ္” လို႔ေျပာပါတယ္။

ဝူဟန္ၿမိဳ႕က တကၠသိုလ္ေက်ာင္းေတြဟာ ဇန္နဝါရီလ (၁၁)ရက္ကေနစၿပီး ေဆာင္းရာသီေက်ာင္းပိတ္ထားၿပီး ေက်ာင္းျပန္ဖြင့္မယ့္ခ်ိန္ကို ျပန္လည္အေၾကာင္းၾကားမယ္လို႔ တကၠသိုလ္ေက်ာင္းေတြကစာထုတ္ျပန္ထားပါတယ္။

လက္ရွိတြင္ တ႐ုတ္ႏိုင္ငံ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕တြင္ ပညာသင္ၾကားေနတဲ့ ျမန္မာေက်ာင္းသူ၊သားေတြ ျမန္မာႏိုင္ငံသို႔ ျပန္လည္ထြက္ခြာႏိုင္ဖို႔ ေပက်င္းၿမိဳ႕ ျမန္မာသံ႐ုံးက စီစဥ္လ်က္ရွိတယ္လို႔ ျမန္မာသံ႐ုံးက ဇန္နဝါရီ (၂၆)ရက္တြင္ထုတ္ျပန္ထားပါတယ္။

ျမန္မာေက်ာင္းသားေတြ ဝူဟန္ၿမိဳ႕မွ ခ်န္းရွၿမိဳ႕သို႔ ဘတ္စ္ကားနဲ႔ ထြက္ခြာႏိုင္ေရးစီစဥ္လ်က္ရွိၿပီး ခ်န္းရွၿမိဳ႕မွ တိုက္႐ိုက္ေလေၾကာင္းလိုင္း သို႔မဟုတ္ ကူမင္းမွတဆင့္ မႏၲေလးၿမိဳ႕သို႔ အျမန္ဆုံးျပန္လည္ ေရာက္ရွိႏိုင္ေရးအတြက္ ဟူေပျပည္နယ္ ႏိုင္ငံျခားေရး႐ုံး၊ ဟူနန္ျပည္နယ္ ႏိုင္ငံျခားေရး႐ုံးတို႔နဲ႔ ဆက္သြယ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်