သစ်ပင် တစ်ပင်၏တန်ဖိုး

Salai Green

တကမ္ဘာလုံးရဲ့ အဓိကပြဿနာဖြစ်တဲ့ ရာသီဥတုဖောက်ပြန်ခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းရဲ့ အဓိကအကြောင်းရင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။ ကမ္ဘာလေထုဟာ ၅ လွှာရှိပါတယ်။ အဲ့ဒီ ၅ လွှာအနက် ပထမအလွှာထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်အပါအဝင် မှန်လုံးအိမ်ဓာတ်ငွေ့တွေဟာ နေမှလာတဲ့အပူကို စုပ်ယူထိန်းသိမ်းပြီးတော့ ညအချိန်မှာ သတ္တဝါတွေအားလုံး အအေးဒဏ်ကြောင့် မသေဆုံးအောင် ကမ္ဘာကြီးကို နွေးထွေးအောင် အပူပေးတဲ့ အလုပ်ကိုလုပ်ဆောင်ပေးပါတယ်။

အဲ့ဒီ မှန်လုံအိမ်ဓာတ်ငွေ့သာမရှိခဲ့ရင် ညအချိန်မှာ ကမ္ဘာ့အပူချိန်ဟာ သုည ဒီဂရီအောက် ၁၇၃ ဒီဂရီ ဆလ်စီယက်ထိကျဆင်းသွားမှာဖြစ်ပါတယ်။ အဲ့ဒီလောက်အေးတဲ့ဒဏ်ကို ဘယ်သတ္တဝါကမှ ခံနိုင်မှာမဟုတ်ပါ။ အဲ့ဒီမှန်လုံအိမ် ဓာတ်ငွေ့တွေဟာ သင့်တော်တဲ့ ပမာဏလောက်သာရှိအောင် ကမ္ဘာ့အပူချိန်ကို ၁၈ ဒီဂရီလောက်နဲ့ ထိန်းသိမ်းပေးတာကြောင့် အင်မတန်မှ တန်ဖိုးရှိတဲ့ ဓာတ်ငွေ့တွေဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့ခေတ်မှာ အဲ့ဒီမှန်လုံအိမ်ဓာတ်ငွေ့ဟာ လေထုထဲမှာ လိုတာထက် ၂ ဆလောက်ပိုများနေပါတယ်။ အဲ့ဒီတော့ ကမ္ဘာကြီးအပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးဟာ pressure cooker ပေါင်းအိုးကြီးထဲမှာပေါင်းထားတဲ့ အသားတွေလိုဖြစ်နေပါတယ်။ အဲ့ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုသာရှိတယ်။

လိုအပ်သည်ထက် ၂ ဆလောက်ပိုများတဲ့ ထိုကာဗွန်ဒိုင်အောက်ဆိုက်တွေ မှန်လုံအိမ်ဓာတ်ငွေ့တွေကို တစ်ဝက်လောက် ဖယ်ရှားဖို့လိုပါပြီ။ အဲ့ဒီလို ဖယ်ရှားဖို့စက်လည်း ခုထိ မတီထွင်နိုင်သေးပါဘူး။
၂၀၀၇ ခုနှစ်မှာ ဗြိတိန်လုပ်ငန်းရှင်ကြီးဖြစ်တဲ့ Richard Benson က ကမ္ဘာလေထုကနေ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို သိသိသာဖယ်ရှားပေးနိုင်မယ့် ပစ္စည်းကိုတီထွင်နိုင်တဲ့သူရှိရင် အမေရိကန် ဒေါ်လာ ၂၅ မီလျံ ဆုချီးမြှင့်မယ်လို့ ကြေညာတယ်။ ထိုအခါ အမေရိကန်အနောက်မြောက် ပြည်နယ်တစ်ခုဖြစ်တဲ့ အောရီကွန်ပြည်နယ်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ရေးသမားဖြစ်တဲ့ Endy Care က သစ်ပင်တစ်ပုံကိုဆွဲပြီး ပို့သတဲ့။ ဒါပေမယ့် Care ဟာ အမေရိကန်ဒေါ်လာ ၂၅ မီလျံတော့မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် သစ်ပင်ကို သူမတီထွင်နိုင်ပါဘူး။ အမှန်ကတော့ သစ်ပင်ရဲ့ စွမ်းဆောင်နိုင်မှုလိုမျိုး ကာဗွန်ကိုစုပ်ယူနိုင်တဲ့ ခေတ်မှီစက်ကိရိယာကို ဘယ်သိပ္ပံပညာရှင်ကမှ မတီထွင်နိုင်သေးပါဘူး။

ကမ္ဘာ့လေထုရဲ့ အဓိကပြဿနာဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အဆမတန်များလွန်းခြင်းကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုတည်းသာရှိတယ်။ အဲ့ဒီနည်းလမ်းကတော့ သစ်ပင်တွေဖြစ်ပါတယ်။ သစ်ပင်လို့ပြောရင် အသေးငယ်ဆုံး အစိမ်းရောင်အပင်ထိပါဝင်တယ်ဆိုတာ သိထားစေချင်ပါတယ်။ သစ်ပင်တွေဟာဆိုရင် သူတို့အသက်ရှင်နိုင်ဖို့ ကျနော်တို့ထမင်းစားသလို လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စားသုံးကြပါတယ်။ အဲ့ဒါကြောင့် သူတို့တွေဟာ ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ရာသီဥတုကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းပေးတဲ့ Climate regulator ကြီးတစ်ခုဖြစ်တယ်။

ဘာနဲ့တူသလဲဆို စက်တစ်ခုရဲ့ အင်ဂျင်အရမ်းပူလာတဲ့ချိန်မှာ အေးအောင်ထိန်းသိမ်းပေးတဲ့ အင်ဂျင်ရဲ့ Cooler လိုမျိုးစွမ်းဆောင်ပေးတာဖြစ်ပါတယ်။ ကဲ….သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးဟာ ဘယ်လောက်လဲဆိုတာ ကျနော်တို့ ကြည့်ရအောင်။

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာရှိတဲ့ TM.Das တက္ကသိုလ် သုတေသီအဖွဲ့ရဲ့တွေ့ရှိချက်ကိုမျှဝေချင်ပါတယ်။ ကျနော်တို့ကို သစ်ပင်တစ်ပင်ရဲ့တန်ဖိုး ဖြတ်ခိုင်းမယ်ဆိုရင် ဘယ်လို ဖြတ်ကြမလဲ။ လူတော်တော်များကတော့ သစ်ပင်တစ်ပင်ကနေ သစ်ဘယ်န တန်ထွက်မယ်၊ သုံးနှစ်ဘယ်နချောင်းထွက်မယ်၊ ပြေပြင်ဘယ်နချောင်းထွက်မယ်ဆိုကာ တန်ဖိုးဖြတ်ကြမယ်ထင်ပါတယ်။ အမှန်ကတော့ အဲ့လိုမဟုတ်ပါ။

သစ်သား၊ အသီးအရွက်ကနေထုတ်လုပ်မှုမပါဘဲ ကျနော်တို့မျက်စိနဲ့ တိုက်ရိုက်မမြင်နိုင်တဲ့ သစ်ပင်ရဲ့နောက်ကွယ်က တန်ဖိုးတွေကို မျှဝေချင်ပါတယ်။ TM.Das တက္ကသိုလ် သုတေသီအဖွဲ့ရဲ့တွေ့ရှိချက်အရဆိုရင် သက်တမ်းနှစ် ၅၀ ရှိတဲ့ သစ်ပင်တစ်ပင်က ထုတ်လုပ်ပေးတဲ့ အောက်ဆီဂျင်ပမာဏသည် အမေရိကန်ဒေါ်လာ ၃၁၂၅၀၊ မြေဆီလွှာတိုက်စားခြင်း သို့မဟုတ် မြေပြိုခြင်းကိုကာကွယ်ပေးတဲ့အလုပ်နဲ့ မြေဆီလွှာရဲ့ မြေသြဇာလည်ပတ်အောင် စွမ်းဆောင်မှုတန်ဖိုးဟာ ဒေါ်လာ ၃၇၅၀၀၊ လေထုညစ်ညမ်းခြင်းကို ထိန်းသိမ်းကာကွယ်ပေးခြင်းဟာ ဒေါ်လာ ၆၂၀၀၀၊ သက်ရှိသတ္တဝါတွေရဲ့ စားကျက်မြေ သို့မဟုတ် နေထိုင်ရာနေအိမ်ပေးစွမ်းနိုင်မှုဟာ ဒေါ်လာ ၃၁၂၅၀ ရှိတယ်လို့တွက်ချက်ပါတယ်။ ရေလည်ပတ်မှုကို စွမ်းဆောင်ပေးနိုင်မှုဟာ ဒေါ်လာ ၃၁၂၅၀ တန်တယ်လို့တွက်ချက်ကြပါတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုး စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၉၃၂၅၀ တန်ပါတယ်။ အဲ့ဒီထဲမှာ မျက်စိနဲ့မြင်နိုင်တဲ့ သစ်သား၊ သစ်သီးသစ်ရွက်တွေမပါသေးပါ။

မြန်မာကျပ်ငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၀၀ နဲ့တွက်မယ်ဆိုရင် ကျပ် သိန်းပေါင်း ၃ထောင်ကျော်တန်ပါတယ်။ သစ်ပင်တွေဟာအတူပေါက်ရောက်ပြီးတော့ သစ်တောတစ်ခုဖြစ်လာပြီဆိုရင် သူ့ရဲ့တန်ဖိုးဟာ ဒီထက်ပိုများပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင်အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ သစ်တောတွေက ဖုံးလွမ်းထားပါတယ်။ သက်ရှိသတ္တဝါတွေရဲ့ နေအိမ်အားလုံး ၈၀ ရာခိုင်နှုန်းဟာ သစ်တောတွေက ပေးပါတယ်။ သာမန်သစ်တောထက်စာရင် အပူပိုင်းမိုးသစ်တောတွေဟာ ကာဗွန်စုပ်ယူပေးမှုမှာ အဓိက အခန်းကဏ္ဍမှာပါဝင်ပါတယ်။

တစ်နှစ်တစ်နှစ်မှာ ကမ္ဘာပေါ်က သစ်တောတွေက ကာဗွန်စုပ်ယူပေးမှုပမဏဟာဆိုရင် မက်ထရိုက်တန်ပေါင်း ၄ ဒသမ ၅ ဘီလျံလောက်စုပ်ယူပေးပါတယ်။ ၎င်းတို့အနက် ၄ ပုံတစ်ပုံကို အမေဇုံသစ်တောကြီးက တာဝန်ယူစုပ်ယူပေးပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ ကမ္ဘာမြေကြီး တဖြည်းဖြည်းပျက်စီးလာမှု သဘာဝဘေးအန္တရာယ်တွေ တစ်နှစ်ပြီးတစ်နှစ် ကြုံလာမှုဟာ ရာသီဥတုဖောက်ပြန်မှု ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။ ၎င်းကနေ ကာကွယ်နိုင်ဖို့ ပြန်လည်ကယ်တင်နိုင်ဖို့ တစ်ခုတည်းသော အဖြေကသစ်ပင်ပြန်စိုက်ကြဖို့ဖြစ်ပါတယ်။ ဒါကြောင့် သစ်ပင်တွေဟာ ကျနော်တို့ သက်ရှိအားလုံးအတွက် တစ်ခုတည်းသော ကယ်တင်ရှင်လို့ ခေါ်နိုင်ပါတယ်။ ကျနော်တို့ဟာ သစ်ပင်တစ်ပင်လောက်တောင် တန်ဖိုးရှိသလား။ သစ်ပင်တစ်ပင်လို ကာဗွန်ကို စုပ်ပေးနိုင်စွမ်းမရှိရင်တောင် လေထုညစ်ညမ်းမှုကို ပိုတိုးပွားအောင်မလုပ်ဆောင်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်