ဟားခါးပညာရေးဒီဂရီကောလိပ်မှာ အဝေးသင်နဲ့ ဆရာ၊မသင်တန်းပြုလုပ်

ချင်းပြည်နယ်၊ ဟားခါးမြို့က ဟားခါးပညာရေးဒီဂရီကောလိပ်တွင် အဝေးသင်နဲ့ ပထမနှစ် ဆရာ၊မကို ဧပြီ ၂၀ ရက်ကနေ မေ ၁၈ ရက်ထိ ပြုလုပ်နေတယ်လို့သတင်းရရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ် ဆရာ၊မ သင်တန်းဖွင့်လှစ်တာလည်းဖြစ်ပါတယ်။

အဆိုပါသင်တန်းမှာ ဟားခါးမြို့နယ်နဲ့ ဖလမ်းမြို့နယ်ကနေ သင်တန်းသား ၊ သင်တန်းသူ ( ၃၀ ) ဦး တက်ရောက်ကြတယ်လို့ ချင်းပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လက်ရှိ ဟားခါး ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်မိညိုညိုရှိန်ဖြစ်ပါတယ်။ သင်တန်းသား ၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားမှာ စစ်ကောင်စီ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် က လက်ရှိအစိုးရက ပညာရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိ ကြောင်း ၊ ယခုပညာရေးဘွဲ့များကို အထက်မြန်မာနိုင်ငံအတွက် စစ်ကိုင်းပညာရေးတက္ကသိုလ် ၊ အောက်မြန်မာနိုင်ငံ အတွက် ရန်ကုန်ပညာရေးတက္ကသိုလ် စသည့် ကျောင်း ( ၂ ) ကျောင်းတွင် သင်ကြား ပို့ချ ပေးခဲ့ရာမှ ယခုအခါ ပညာရေ:ဒီဂရီကောလိပ် ( ၂၅ ) ကျောင်းမှာ သင်ကြားပို့ချနေပြီးဖြစ်သည့်အတွက် ဆရာ ၊ ဆရာမများအတွက် အခွင့်အလမ်း ပိုမိုပွင့်လန်းလာပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Zawgyi






နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်