ဟားခါးမြို့က CNLD လွတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ချိတ်ပိတ်ခံရ

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ CNLD ပါတီကနေ တစ်ဦးတည်းအနိုင်ရရှိတဲ့ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူရှန်းမန် (Pu Siang Mang) နေအိမ်ကို မနေ့ ဇန်နဝါရီလ ၁၁ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်က ချိတ်ပိတ်လိုက်တယ်လို့သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က ပူရှန်းမန်နေအိမ်တံခါးပေါ်မှာကပ်ထားတဲ့ စာထဲမှာ အခုလိုရေးသားထားပါတယ်။

ယခုနေအိမ်သည် အကြမ်းဖမ်းမှုကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီနေထိုင်ခွင့်ပေးကြောင်း ဖော်ထုတ်ရရှိသည့်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ အရ နေအိမ်အဆောက်အဦးပိုင်ရှင်အား အရေးယူမည့်အပြင် ပုဒ်မ ၅၆ အရ နေအိမ်၊ အဆောက်အဦအား နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်မည်ဖြစ်သည်လို့ရေးသားထားပါတယ်။

ပူရှန်းမန်ဟာ ကာလကြာရှည်စွာ ဟားခါးမြို့ မြို့မိမြို့ဖမှာပါဝင်ပြီး ဒေသခံပြည်သူတွေရဲ့ လေးစားချစ်ခင်ရတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

ပူရှန်းမန်ရဲ့သား ဟားခါးမြို့ပြည်သူ့ဆေးရုံ ဒုဆေးရုံအုပ် ဒေါက်တာမန်ဗျက်ကုန်လည်း CDM ပြုလုပ်တာကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး ၃ ရက်အကြာမှာပြန်လွတ်ကြပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲက NLD ပါတီကနေ ရွေးကောက်ခံရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ရဲ့ အိမ်နဲ့ အိမ်ဝန်းထဲက ဘုရားကျောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က ချိတ်ပိတ်ကြပါတယ်။ ပြီးတော့ NUG အစိုးရဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းရဲ့ ဟားခါးမြို့က နေအိမ်ကိုလည်း ၂၀၂၁ ခုနှစ်က အာဏာသိမ်းစစ်ကောင်စီတပ်တွေက ချိတ်ပိတ်ထားကြပါတယ်။

Zawgyi

ဟားခါးၿမိဳ႕က CNLD လြတ္ေတာ္ကိုယ္စားလွယ္ရဲ့ ေနအိမ္ခ်ိတ္ပိတ္ခံရ

၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ CNLD ပါတီကေန တစ္ဦးတည္းအနိုင္ရရွိတဲ့ ဟားခါးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ပူရွန္းမန္ (Pu Siang Mang) ေနအိမ္ကို မေန႔ ဇန္နဝါရီလ ၁၁ ရက္က အာဏာသိမ္းစစ္ေကာင္စီတပ္က ခ်ိတ္ပိတ္လိုက္တယ္လို႔သတင္းရရွိပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္က ပူရွန္းမန္ေနအိမ္တံခါးေပၚမွာကပ္ထားတဲ့ စာထဲမွာ အခုလိုေရးသားထားပါတယ္။

ယခုေနအိမ္သည္ အၾကမ္းဖမ္းမႈက်ဴးလြန္သူတစ္ဦးအား ပုန္းေအာင္းခြင့္ေပးျခင္းႏွင့္ ယာယီေနထိုင္ခြင့္ေပးေၾကာင္း ေဖာ္ထုတ္ရရွိသည့္အတြက္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၂ အရ ေနအိမ္အေဆာက္အဦးပိုင္ရွင္အား အေရးယူမည့္အျပင္ ပုဒ္မ ၅၆ အရ ေနအိမ္၊ အေဆာက္အဦအား နိုင္ငံေတာ္ဘ႑ာအျဖစ္သိမ္းဆည္မည္ျဖစ္သည္လို႔ေရးသားထားပါတယ္။

ပူရွန္းမန္ဟာ ကာလၾကာရွည္စြာ ဟားခါးၿမိဳ႕ ၿမိဳ႕မိၿမိဳ႕ဖမွာပါဝင္ၿပီး ေဒသခံျပည္သူေတြရဲ့ ေလးစားခ်စ္ခင္ရတဲ့ ပုဂၢိဳလ္လည္းျဖစ္ပါတယ္။

ပူရွန္းမန္ရဲ့သား ဟားခါးၿမိဳ႕ျပည္သူ႔ေဆး႐ုံ ဒုေဆး႐ုံအုပ္ ေဒါက္တာမန္ဗ်က္ကုန္လည္း CDM ျပဳလုပ္တာေၾကာင့္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလ ၉ ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီတပ္က ဖမ္းဆီးၿပီး ၃ ရက္အၾကာမွာျပန္လြတ္ၾကပါတယ္။

၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ကလည္း ၂၀၂၀ အေထြေထြေရြးေကာက္ပြဲက NLD ပါတီကေန ေရြးေကာက္ခံရတဲ့ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္ရဲ့ အိမ္နဲ႔ အိမ္ဝန္းထဲက ဘုရားေက်ာင္းကို အာဏာသိမ္းစစ္ေကာင္စီတပ္က ခ်ိတ္ပိတ္ၾကပါတယ္။ ၿပီးေတာ့ NUG အစိုးရဝန္ႀကီး ေဒါက္တာဆလိုင္းလ်န္မႈန္းဆာေခါင္းရဲ့ ဟားခါးၿမိဳ႕က ေနအိမ္ကိုလည္း ၂၀၂၁ ခုႏွစ္က အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက ခ်ိတ္ပိတ္ထားၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်