ဟားခါးမြို့တွင် လူငယ်စင်တာ တည်ဆောက်ဖို့ မြေနေရာကြည့်ရှု

ဟားခါးမြို့တွင် အစိုးရအစီအစဉ်နဲ့ လူငယ်စင်တာ တည်ဆောက်ဖို့ မြေနေရာကို ကျောဘုပ်ရပ်ကွက်တွင် မနေ့ ဇန်နဝါရီ (၂၈)ရက်တွင် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က သွားရောက်ကြည့်ရှုကြပါတယ်။

ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ ပြည်ထောင်စုလူငယ်ကိုယ်စားလှယ် ဆလိုင်းထန်းနိုင်းက “မြေနေရာတော့ အစိုးရကပေးတယ်။ အခု အတည်ပြုလိုက်ပြီ။ မြေပုံအကြမ်းဆွဲဖို့ကျန်သေးတယ်။ နေရာကတော့ ကျောဘုပ်ရပ်ကွက် မြို့ပြစီမံကိန်းဧရိယာအတွင်းမှာပါ။ မြေနေရာအကျယ်အဝန်းကတော့ မတိုင်းရသေးတော့မသိသေးဘူး။ ၂ ဧက ကျော်ကျော်လောက်ရှိမယ်ထင်တယ်။ အရင်က ဒီနေရာကို စည်ပင်က ပန်းခြံလုပ်ဖို့ဖြစ်ပေမယ့် ကျနော်တို့ အရင်ကမြေနေရာကြည့်ထားတဲ့နေရာကို သင်္ချိုင်းနေရာချဲ့ချင်လို့ပြန်ပေးလိုက်ရလို့။ လူငယ်စင်တာမှာ ဘာလုပ်မလဲဆိုရင် အားကစားရုံတို့၊ အပန်းဖြေနေရာတို့၊ စာကြည့်တိုက်တို့၊ ဂီတ၊ အစည်းအဝေးခန်းမတို့၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေမေးမြန်းနိုင်မယ့်နေရာတို့ပါမယ်။ တည်ဆောက်ရေးကတော့ မြေနေရာနဲ့ပတ်သက်ပြီး အစိုးရဌာနတွေမှာ စာရွက်စာတမ်းရပြီးတာနဲ့ စဆောက်ပါမယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးတွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လူငယ်စင်တာ တည်ဆောက်မယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒအရ အသက် (၁၅)နှစ်မှ (၃၅)နှစ် အထိ လူငယ်အဖြစ် သတ်မှတ်ထားပါတယ်။ လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး မူဝါဒတွင် ကဏ္ဍ (၁၆)ခု ရေးဆွဲထားပါတယ်။ ၂၀၂၀- ၂၀၂၄ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကိုလည်း ရေးဆွဲထားပြီး ၂၀၂၁ ခုနှစ်မှ စတင်ပြီး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ဆလိုင်းထန်းနိုင်းက ဆက်ပြောပါတယ်။

(Zawgyi)

ဟားခါးၿမိဳ႕တြင္ လူငယ္စင္တာ တည္ေဆာက္ဖို႔ ေျမေနရာၾကည့္ရႈ

ဟားခါးၿမိဳ႕တြင္ အစိုးရအစီအစဥ္နဲ႔ လူငယ္စင္တာ တည္ေဆာက္ဖို႔ ေျမေနရာကို ေက်ာဘုပ္ရပ္ကြက္တြင္ မေန႔ ဇန္နဝါရီ (၂၈)ရက္တြင္ ခ်င္းျပည္နယ္ လူငယ္ေရးရာေကာ္မတီနဲ႔ ျပည္နယ္အစိုးရအဖြဲ႕တို႔က သြားေရာက္ၾကည့္ရႈၾကပါတယ္။

မႏွစ္က လူငယ္စင္တာအတြက္ ေျမေနရာသတ္မွတ္ၾကစဥ္

ခ်င္းျပည္နယ္လူငယ္ေရးရာေကာ္မတီ၊ ျပည္ေထာင္စုလူငယ္ကိုယ္စားလွယ္ ဆလိုင္းထန္းႏိုင္းက “ေျမေနရာေတာ့ အစိုးရကေပးတယ္။ အခု အတည္ျပဳလိုက္ၿပီ။ ေျမပုံအၾကမ္းဆြဲဖို႔က်န္ေသးတယ္။ ေနရာကေတာ့ ေက်ာဘုပ္ရပ္ကြက္ ၿမိဳ႕ျပစီမံကိန္းဧရိယာအတြင္းမွာပါ။ ေျမေနရာအက်ယ္အဝန္းကေတာ့ မတိုင္းရေသးေတာ့မသိေသးဘူး။ ၂ ဧက ေက်ာ္ေက်ာ္ေလာက္ရွိမယ္ထင္တယ္။ အရင္က ဒီေနရာကို စည္ပင္က ပန္းၿခံလုပ္ဖို႔ျဖစ္ေပမယ့္ က်ေနာ္တို႔ အရင္ကေျမေနရာၾကည့္ထားတဲ့ေနရာကို သခ်ႋဳင္းေနရာခ်ဲ႕ခ်င္လို႔ျပန္ေပးလိုက္ရလို႔။ လူငယ္စင္တာမွာ ဘာလုပ္မလဲဆိုရင္ အားကစား႐ုံတို႔၊ အပန္းေျဖေနရာတို႔၊ စာၾကည့္တိုက္တို႔၊ ဂီတ၊ အစည္းအေဝးခန္းမတို႔၊ အလုပ္အကိုင္အခြင့္အလမ္းနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြေမးျမန္းႏိုင္မယ့္ေနရာတို႔ပါမယ္။ တည္ေဆာက္ေရးကေတာ့ ေျမေနရာနဲ႔ပတ္သက္ၿပီး အစိုးရဌာနေတြမွာ စာရြက္စာတမ္းရၿပီးတာနဲ႔ စေဆာက္ပါမယ္” လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံ လူငယ္ေရးရာ ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္အရ တိုင္းေဒသႀကီး နဲ႔ ျပည္နယ္အသီးသီးတြင္ လူငယ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ဖို႔ လူငယ္စင္တာ တည္ေဆာက္မယ္လို႔သိရပါတယ္။

ျမန္မာႏိုင္ငံ လူငယ္ေရးရာမူဝါဒအရ အသက္ (၁၅)ႏွစ္မွ (၃၅)ႏွစ္ အထိ လူငယ္အျဖစ္ သတ္မွတ္ထားပါတယ္။ လူငယ္ေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ပတ္သက္ၿပီး မူဝါဒတြင္ က႑ (၁၆)ခု ေရးဆြဲထားပါတယ္။ ၂၀၂၀- ၂၀၂၄ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာစီမံကိန္းကိုလည္း ေရးဆြဲထားၿပီး ၂၀၂၁ ခုႏွစ္မွ စတင္ၿပီး အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာစီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မယ္လို႔ ဆလိုင္းထန္းႏိုင္းက ဆက္ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်