ဟားခါးမြို့ထဲ စစ်ကောင်စီတပ်တွေဝင်လာပြီး ဒဏ်ရာရ ၁၅ ဦးရှိဟုသိရ

ဖလမ်း-ဟားခါးလမ်းပေါ်မှာ ၈ ရက်ကြာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီးနောက် ယမန်နေ့ ဇူလိုင် ၁၇ ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်တွေဟာ ဟားခါးမြို့သို့ဝင်ရောက်လာတယ်လို့သတင်းရရှိပါတယ်။

၎င်းတို့နဲ့အတူ ဒဏ်ရာရ ၁၅ ဦးကိုလည်းသယ်ဆောင်လာပြီး ဟားခါးပြည်သူ့ဆေးရုံတွင်ကုသလျက်ရှိပါတယ်။ ဒဏ်ရာရစစ်ကောင်စီတပ်သားတွေထဲမှာ ကလေးစစ်သားအချို့လည်း ပါဝင်ကြောင်းသတင်းရရှိပါတယ်။

စစ်ကောင်စီယာဉ်တန်း ၂၇ စီးဟာ ကလေးမြို့ကနေ ဇွန်လ ၂၇ ရက်ကစတင်ထွက်ခွာလာပြီး ဖလမ်းမြို့သို့ ဇူလိုင် ၆ ရက်တွင်ရောက်လာပြီး နောက်နေ့တွင် ဟားခါးဘက်သို့ဆက်လက်ထွက်ခွာကြပါတယ်။

၎င်းယာဉ်တန်းတွင် ဆောက်လုပ်ရေးကား ၄ စီးနဲ့အတူ ဆောက်လုပ်ရေးပစ္စည်းတွေတင်ထားတာတွေ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖလမ်း-ဟားခါးကားလမ်းပေါ်မှာရှိတဲ့ တားလ်ရွာက နေအိမ် ၁၀ လုံး၊ တလန်ဇာရ်ကျေးရွာက နေအိမ် ၄ လုံး၊ ချွန်ကျူံးရွာက လူနေအိမ် ၁၉ လုံး၊ ရမ်ထလိုကျေးရွာ ဘုရားကျောင်းထဲမှာညအိပ်ကြပြီး ဘုရားကျောင်းထဲကပစ္စည်းတွေကိုဖြတ်ဆီးကြပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၂ ဦးကျဆုံးပြီး စစ်ကောင်စီတပ်ဘက်က ၅၀ ကျော်သေဆုံးကာ ကား ၄ စီးပျက်စီးသွားတယ်လို့သိရပါတယ်။

ပြီးတော့ ချင်းပြည်နယ်တောင်ပိုင်းဘက်တက်လာဖို့ ပခုက္ကုကနေ စစ်ကောင်စီတပ်ကား ၁၀၅ စီးဟာ ယမန်နေ့ ဇူလိုင် ၁၇ ရက်က စတင်ထွက်ခွာလာပြီလို့လည်းသိရတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်